ဗီယက်နမ် အီးဗီ  VinFast သည် အမေရိကန် အရောင်း  ဖေဖော်ဝါရီလနှောင်းပိုင်းအထိ ရွှေ့ဆိုင်း


ဗီယက်နမ် အီးဗီ  VinFast သည် အမေရိကန် အရောင်း  ဖေဖော်ဝါရီလနှောင်းပိုင်းအထိ ရွှေ့ဆိုင်း

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


ဗီယက်နမ်မှ  အီးဗီ ထုတ်လုပ်သူ VinFast သည် အမေရိကန်တွင် အရောင်း စတင်ခြင်း ကို ဖေဖော်ဝါရီလနှောင်းပိုင်းအထိ ရွှေ့ဆိုင်းထားသည်။
Vingroup ၏ အမေရိကန် စက်ရုံအတွက် အစီအစဉ်သည်လည်း မူလအချိန်ဇယားထက် နောက်ကျနေပါသည်။

ဆော့ဖ်ဝဲ updates များ အချိန်မီ မပြီးစီးသဖြင့် အရောင်း စတင်ခြင်း ကို ဖေဖော်ဝါရီလနှောင်းပိုင်းအထိ ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်ပါသည်။
မူလက VF8 SUV အီးဗီမော်ဒယ်ကို ၂၀၂၂ ဒီဇင်ဘာလကုန်တွင် အရောင်းစတင်ရန် အစီအစဉ် ရေးဆွဲခဲ့ပါသည်။

 နှောင့်နှေးမှုများကြောင့် ဗီယက်နမ်နိုင်ငံမှ တင်ပို့မည့် နောက်တစ်သုတ်သည် လာမည့်ဧပြီလနှောင်းပိုင်းအထိ ထွက်ခွာမည် မဟုတ်ပါ။
၂၀၂၀ ခုနှစ် စက်တင်ဘာလအထိ အီးဗီ အစီးရေ ၆၅,၀၀၀ ခန့် ကမ္ဘာတစ်ဝှမ်းမှ အမှာစာများ လက်ခံရရှိထားကြောင်း ကုမ္ပဏီက ပြောကြားခဲ့သည်။

Vingroup ၏ ၂၀၂၄ ခုနှစ်တွင် အမေရိကန်နိုင်ငံ  မြောက်ကာရိုလိုင်းနားပြည်နယ်တွင် အီးဗီ စက်ရုံတစ်ခု ဖွင့်လှစ်ရန် အစီအစဉ်သည်လည်း နှောင့်နှေးမှုများနှင့် ရင်ဆိုင်နေရသည်။
Source Asia Nikkei 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 1156 times