Vinfast  ကမ္ဘာတစ်လွှား ဖြန့်ကျက်ကြီးထွားရေး  မဟာဗျူဟာ ဘီးစလှိမ့်


Vinfast  ကမ္ဘာတစ်လွှား ဖြန့်ကျက်ကြီးထွားရေး  မဟာဗျူဟာ ဘီးစလှိမ့်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

ဗီယက်နမ် အီးဗီ ထုတ်လုပ်သူ  Vinfast  ၏ ကမ္ဘာတစ်လွှား ဖြန့်ကျက်ကြီးထွားရေး  မဟာဗျူဟာတွင် အိန္ဒိယနှင့် အင်ဒိုနီးရှားတို့တွင် CKD ထုတ်လုပ်မှု စက်ရုံများ တည်ထောင်ရန် ပါဝင်ပြီး စက်ရုံသည် တစ်နှစ်လျှင် ကားအစီးရေ ၅ သောင်းအထိ ထုတ်လုပ်နိုင်သည့် အရွယ်အစား ဖြစ်ပြီး  ထုတ်လုပ်မှုကို ၂၀၂၆ ခုနှစ်တွင် စတင်ရန် မျှော်လင့်ထားသည်။

အိန္ဒိယနှင့် အင်ဒိုနီးရှားတို့သည် Vinfast မှ ကားစက်ရုံနှင့် ဘက်ထရီ စက်ရုံ ထားရှိရန် ရည်မှန်းထားသည့် နိုင်ငံ ၇ နိုင်ငံတွင် ပါဝင်သည်။ 

 ၎င်းစက်ရုံတို့သည်  CKD (completely knocked down) အဆင့်မှ တပ်ဆင်ထုတ်လုပ်မည့် စက်ရုံများ ဖြစ်သည်။

CKD ထုတ်လုပ်မှုကို အင်ဒိုနီးရှားတွင် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ၂၀၂၃ ခုနှစ် ဇွန်လတွင် ထုတ်ဖော်ပြောကြားခဲ့သည်။ ယခုအခါ အိန္ဒိယတွင်လည်း လုပ်ကိုင်မည်ဖြစ်ကြောင်း ကြေညာသည်။
အိန္ဒိယတွင် ၂ ဘီး၊ ၃ ဘီး၊ ၄ ဘီး လျှပ်စစ်ယာဉ်များ ဝယ်လိုအား တစ်နှစ်ထက် တစ်နှစ် မြင့်တက်လာနေသည်။ ၎င်းလျှပ်စစ်ယာဉ်များ ‌တလတာရောင်းအား စီးရေ ၁ သိန်းကျော်သည်မှာ ၂၀၂၃ စက်တင်ဘာလတွင် ၁၀ လ ဆက်တိုက် ရှိသွားပြီ ဖြစ်သည်။ ၂၀၂၃ ခုနှစ်တွင် အီးဗီအမျိုးမျိုး အစီးရေ ၁.၄ သန်း ရှိမည်ဟု ခန့်မှန်းထားသည်။

 

 ဗီယက်နမ်၏ အချမ်းသာဆုံး စွန့်ဦးတီထွင်လုပ်ငန်းရှင် Pham Nat က ၂၀၁၇ ခုနှစ်တွင် Vinfast ကို Vingroup လုပ်ငန်းစုကြီး၏ လက်အောက်ခံ လုပ်ငန်းတခုအဖြစ် စတင်တည်ထောင်ခဲ့ပြီး ယခုအခါ ရည်မှန်းချက်ကြီးသော ကမ္ဘာလုံးဆိုင်ရာ တိုးချဲ့မှုအစီအစဉ်ကို အကောင်အထည်ဖော်လျက် ရှိသည်။
Vinfast သည် ၂၀၂၃ ဇန်နဝါရီလမှ စက်တင်ဘာလအထိ အီးဗီ ၂၁,၃၄၂ စီး ရောင်းချခဲ့သည်။ လျှပ်စစ်စကူတာ ၄၈,၂၅၉ စီး ရောင်းချခဲ့သည်။ 

 Vinfast သည် VF e34, VF 8, VF 5, VF 9 အီးဗီမော်ဒယ်များ၊ Feliz, Evo လျှပ်စစ်စကူတာများကို လာမည့်နှစ်တွင် နိုင်ငံ ၅၀ အထိ တိုးချဲ့ ရောင်းချသွားမည် ဖြစ်သည်။ 
Vinfast သည် ဗီယက်နမ် ပြည်တွင်းရောင်းအားအတွက် GSM အမည်ဖြင့် အီးဗီတက္ကဆီလုပ်ငန်း ထူထောင်ထားသည်။ 
GSM သည် Vinfast ထံမှ အီးဗီ စီးရေ ၃ သောင်းအထိ ဝယ်ယူမည့်အပြင် e-scooter စီးရေ ၂ သိန်းအထိ ဝယ်ယူပြီး တက္ကဆီ ပြေးဆွဲမည် ဖြစ်သည်။
Source autocarpro
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 828 times