VinFast အမျိုးသမီး စီအီးအိုက  ဥက္ကဋ္ဌ ရာထူး ပြောင်းလဲ တာဝန်ယူ


VinFast အမျိုးသမီး စီအီးအိုက  ဥက္ကဋ္ဌ ရာထူး ပြောင်းလဲ တာဝန်ယူ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL



ဗီယက်နမ်မှ လျှပ်စစ်ကားထုတ်လုပ်သည့် VinFast သည် တည်ထောင်သူနှင့် အကြီးမားဆုံး ဘဏ္ဍာရေး ကျောထောက်နောက်ခံပြုသူ Pham Nhat Vuong ကို အမှုဆောင်အရာရှိချုပ်အဖြစ် ခန့်အပ်ကြောင်း စနေနေ့(ဇန်နဝါရီ ၆)တွင် ကြေညာသည်။
VinFast သည် ပင်လယ်ရပ်ခြားတွင် တိုးချဲ့ရန် ကြီးမားသော ရည်မှန်းချက်များ ရှိနေပြီး အရောင်းကိုယ်စားလှယ်များမှတစ်ဆင့် အရောင်းမြှင့်တင်ရန် အတွက်လည်း စီစဉ်နေပါသည်။

 လက်ရှိ အမျိုးသမီး စီအီးအို Le Thi Thu Thuy သည် ၂၀၂၁ ခုနှစ်မှစ၍ စီအီးအို ရာထူးတာဝန်ကို ထမ်းဆောင်ခဲ့ပြီး ဘဏ္ဍာရေး ကျွမ်းကျင်သူ ဖြစ်သည်။ အသက် ၅၅ နှစ်ရှိသူ Vuong က စီအီးအို ဖြစ်လာသည့်အတွက် Le Thi Thu Thuy သည် ဥက္ကဋ္ဌ (chairwoman) အဖြစ် တာဝန်ထမ်းဆောင်မည် ဖြစ်သည်။ 


Vuong သည် VinFast ၏ မိခင်လုပ်ငန်းစုကြီး ဖြစ်ပြီး ဗီယက်နမ်တွင် အကြီးမားဆုံး ကုမ္ပဏီစုကြီး ဖြစ်သော Vingroup ထူထောင်သူနှင့် ဉက္ကဋ္ဌ ဖြစ်ပြီး VinFast ကို တိုက်ရိုက် ကိုင်တွယ်သွားမည် ဖြစ်သည်။ ကုမ္ပဏီ လုပ်ငန်းလည်ပတ်မှု၊ ကမ္ဘာတလွှား ထုတ်လုပ်ရေး၊ အရောင်း၊ ဈေးကွက်ဖော်ဆောင်ခြင်းတို့ကို ဦးဆောင်ကြီးကြပ်မည် ဖြစ်သည်။


Vuong သည် VinFast ၏ စတုတ္ထမြောက် စီအီးအို ဖြစ်ပါသည်။
ယခင် စီအီးအိုများမှာ General Motors မှာ လုပ်ကိုင်ခဲ့ဖူးသူ James Deluca ၊ Opel နှင့် Volkswagen တို့တွင် လုပ်ကိုင်ခဲ့ဖူးသူ Michael Lohscheller တို့ ဖြစ်ပါသည်။


ယူကရိန်းခေါက်ဆွဲမှ လျှပ်စစ်ကား ထုတ်လုပ်သူ ဖြစ်လာသည့် ဗီယက်နမ် ဘီလျံနာ ဗောင်
https://www.industrialdirectory.com.mm/article/pham-nhat-vuong-fortune-vinfast.html
အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ


၂၀၁၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော VinFast သည် ၂၀၃၁ ခုနှစ်တွင် အီးဗီများကို စတင်ထုတ်လုပ်ခဲ့ပြီး ဗီယက်နမ်၏ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သည့် Vuong ထံမှ ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးကူညီမှုများကို စဉ်ဆက်မပြတ်ရရှိခဲ့သည်။

၂၀၂၃ ခုနှစ် ဧပြီလတွင် Vuong သည် VinFast ကို  ထောက်ပံ့ငွေ ကန်ဒေါ်လာ ၁ ဘီလီယံ ပေးအပ်ခဲ့သည်။


VinFast သည် အမြတ်မရသေးသော အီးဗီ လုပ်ငန်းများတွင် ပါဝင်နေဆဲ ဖြစ်သည်။ 
ကုမ္ပဏီသည် စက်တင်ဘာလကုန်သည့် တတိယသုံးလပတ်တွင် အသားတင်အရှုံး ကန်ဒေါ်လာ ၆၂၃ သန်း ရှိခဲ့သည်။ 

ဟနွိုင်းဇာတိ Vuong က VinFast သည် ၂၀၂၄ နှစ်ကုန်ပိုင်းတွင် အရင်းကြေသည့်အဆင့် ရောက်ရှိရန်  မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။
Source Reuters 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 244 times