VinFast  အရှေ့တောင်အာရှသို့ ချဲ့ထွင်မည်


VinFast  အရှေ့တောင်အာရှသို့ ချဲ့ထွင်မည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

VinFast သည် အမေရိကန်နိုင်ငံ မြောက်ကာရိုလိုင်းနားတွင် အမေရိကန်ဒေါ်လာ ၂ ဘီလီယံ ကားနှင့် ဘက်ထရီ စက်ရုံစီမံကိန်းကို အကောင်အထည်ဖော်လျက်ရှိပြီး အင်ဒိုနီးရှားနှင့် အိန္ဒိယတို့တွင် စက်ရုံထားရှိရန် စီစဉ်လျက်ရှိသည်။

 ဗီယက်နမ် လျှပ်စစ်ကားထုတ်လုပ်သူ VinFast Auto သည် အရှေ့တောင် အာရှဈေးကွက်များသို့ အရှိန်အဟုန်ပြင်းစွာဖြင့် မောင်းဝင်ရန် စီစဉ်နေသည်။ အင်ဒိုနီးရှားတွင် စတင်မည်။
ကမ္ဘာတလွှား ဖြန့်ကျက်ရန် အရင်းအနှီး အမြောက်အမြား ဖြည့်တင်းမည်ဟု VinFast စီအီးအို Le Thi Thu Thuy က ပြောကြားသည်။


 


.
ယခုနှစ်တွင် ကားအစီးရေ ၄၅,၀၀၀ မှ ၅၀,၀၀၀ အထိ ရောင်းချနိုင်မည်ဟု ကုမ္ပဏီက မျှော်မှန်းထားကြောင်း သူမက ပြောကြားသည်။


ယခုနှစ် တတိယ ၃ လပတ်တွင်  VinFast သည် အီးဗီ ၁၀,၀၂၇ စီးနှင့် အီးစကူတာ ၂၈,၂၂၀ စီး ထုတ်လုပ်ပေးပို့ခဲ့သည်။ 

Vinfast ထူထောင်သူနှင့် Vinfast ၏ မိခင်လုပ်ငန်း Vingroup ၏ အကြီးအကဲ Pham Nhat Vuong က ရှယ်ယာ ၉၅% ပိုင်ဆိုင်ထားသည့် ဗီာက်နမ်တက္ကဆီကုမ္ပဏီ GSM (Green and Smart Mobility) ထံ အစီးရေ ၇,၁၀၀ ရောင်းချခဲ့သည်။

အရှေ့တောင်အာရှတွင် အီးဗီဆီသို့ ကူးပြောင်ခြင်းကို ထက်သန်သော ရည်မှန်းချက်များဖြင့်  မြှင့်တင်ရန် အစိုးရများ ကြိုးပမ်းနေသဖြင့် အလားအလာများစွာရှိကြောင်း သူမက ပြောကြားသည်။

“အင်ဒိုနီးရှားကနေစပြီး အာဆီယံထဲကို ပြင်းပြင်းထန်ထန် မောင်းဝင်ဖို့ ရည်ရွယ်ထားပါတယ်” ဟု Thuy က ပြောသည်။

VinFast သည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုးချဲ့မှု အနာဂတ် အစီအစဥ်များအတွက် “အရင်းအနှီးများစွာ” မြှင့်တင်ရန် ကြိုးပမ်းမည်ဖြစ်ကြောင်း Thuy မှ ပြောကြားသည်။

သို့သော်လည်း ကုမ္ပဏီသည် လာမည့် ၁၈ လအတွင်း မိခင်ကုမ္ပဏီ Vingroup JSC နှင့် Vuong တို့၏ ပံ့ပိုးကူညီမှုအပေါ်  အားကိုးမည်ဖြစ်ကြောင်း သူမက ပြောကြားသည်။

Vinfast သည် တတိယ ၃ လပတ်တွင် အရှုံးပြနေဆဲ ဖြစ်သည်။ သို့သော် အရင်းကြေပြီး အမြတ်ရမည့် လမ်းကြောင်းပေါ်မှာ မောင်းနှင်နေပြီဖြစ်ကြောင်း Thuy က ပြောကြားသည်။

လုပ်ကိုင်ဆောင်ရွက်မှုများ ချောမွေ့ပြီး အဆင်ပြေမည် ဆိုပါက ၂၀၂၄ နှစ်ကုန်တွင် အရင်းကြေသည့် အမှတ်သို့ ရောက်ရှိမည်ဖြစ်ပြီး  ၂၀၂၅ ခုနှစ်နောက်ပိုင်း အမြတ်အစွန်း ရနိုင်သည်ဟု Vuong က မေလတွင် ပြောကြားခဲ့သည်။

Vuong က ရှယ်ယာအများစု ပိုင်ဆိုင်ထားသည့် ကုမ္ပဏီများက VinFast တွင် ရှယ်ယာများ ပိုင်ဆိုင်ထားကြရာ   Vingroup က ၅၀.၈% ၊ Vietnam Investment Group VIG က ၃၂.၉%၊ Asian Star Trading & Investment က ၁၂.၉% အသီးသီး ရှယ်ယာများ ပိုင်ဆိုင်ကြသည်။ 

VinFast တိုးချဲ့ဖြန့်ကျက်မည့် အစီအစဉ်များအတွက် အရင်းအနှီး ဖြည့်ထည့်ရန်အတွက်   VIG နှင့် Asian Star Trading & Investment တို့က ၎င်းတို့ ပိုင်ဆိုင်သည့် Vinfast ရှယ်ယာများ ထုတ်ရောင်းရန် စီစဉ်နေပါသည်။ 
Source BLOOMBERG
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 422 times