VinFast အာရှတခွင် ချဲ့ထွင်ရန် တတိယမြောက် ကားစက်ရုံ ထူထောင်မည်


VinFast အာရှတခွင် ချဲ့ထွင်ရန် တတိယမြောက် ကားစက်ရုံ ထူထောင်မည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

• VinFast သည် အာရှတခွင် ချဲ့ထွင်ရန် အိန္ဒိယ၊ မလေးရှားနှင့် အခြားအာရှဈေးကွက်များ ဝင်ရောက်ရန် စီစဉ်နေသည်။
• ၂၀၂၆ ခုနှစ်တွင် အင်ဒိုနီးရှားမှာ အီးဗီ တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ ထူထောင်မည်။
• ပြီးခဲ့သည့်လက အမေရိကန် စတော့အိပ်ချိန်း Nasdaq တွင် စာရင်းဝင် ဖြစ်လာခဲ့ပြီး ရှယ်ယာများ မဆိုစလောက် ထုတ်ရောင်းခဲ့သည်။

ဗီယက်နမ်လျှပ်စစ်ကားထုတ်လုပ်သူ VinFast သည် အာရှတွင် နောက်ထပ်စျေးကွက် ခုနစ်ခု တိုးချဲ့ရန် စီစဉ်နေသည်။
အင်ဒိုနီးရှားနိုင်ငံသို့ လာမည့်နှစ်မှ စတင်၍ အီးဗီများ တင်ပို့ရောင်းချရန် ရည်မှန်းထားပြီး အီးဗီ တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ ထူထောင်ကာ ၂၀၂၆ ခုနှစ်တွင် စတင်ထုတ်လုပ်မည်။


 VinFast ကို ဗီယက်နမ်နိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ် Pham Nhat Vuong က ထူထောင်ခဲ့ပြီး လုံးလုံးနီးပါး ထိန်းချုပ်ထားသည်။ သူသည် VinFast ၏ မိခင်လုပ်ငန်းစု Vingroup ကို တည်ထောင်သူလည်း ဖြစ်သည်။
သူက အင်ဒိုနီးရှားမှာ ကန်ဒေါ်လာ ၂ ဘီလီယံကို ရေရှည်ကာလဖြင့် ရင်းနှီးမြှုပ်နှံရန် ရည်မှန်းထားသည်။ 
၎င်းကန်ဒေါ်လာ ၂ ဘီလီယံမှ ကန်ဒေါ်လာ သန်း ၂၀၀ ကို အင်ဒိုနီးရှားတွင် ကားစက်ရုံ ထူထောင်ရန် ရင်းနှီးမြှုပ်နှံမည် ဖြစ်သည်။ ၂၀၂၆ ခုနှစ်တွင် အီးဗီ အစီးရေ တနှစ်လျှင် အစီးရေ ၃ သောင်းမှ ၅ သောင်းအထိ ထုတ်လုပ်မည်။
၎င်းစက်ရုံသည် VinFast ၏ တတိယမြောက် ကားစက်ရုံ ဖြစ်လာမည်။
ပထမဆုံး စက်ရုံသည် ဗီယက်နမ်နိုင်ငံ ဟိုင်ပေါင်မြို့တွင် တည်ရှိသည်။
ဒုတိယစက်ရုံသည် အမေရိကန်နိုင်ငံ မြောက်ကယ်ရိုလိုင်းနားတွင် တည်ဆောက်ဆဲဖြစ်ပြီး ၂၀၂၅ တွင် ထုတ်လုပ်မှု စတင်ရန် ရည်မှန်းထားသည်။

၃၀၁၇ ခုနှစ်တွင် စတင်တည်ထောင်ပြီးကတည်းက VinFast သည် နိုင်ငံရပ်ခြားတွင် ရည်မှန်းချက်ကြီးသော တိုးချဲ့လုပ်ကိုင်မည့် အီးဗီ အစီအစဉ်များကို ကြေညာခဲ့သည်။

 အိန္ဒိယ၊ မလေးရှား၊ အရှေ့အလယ်ပိုင်း၊ အာဖရိကနှင့် လက်တင်အမေရိက ဈေးကွက်များသို့ ဝင်ရောက်ရန်အတွက် စီစဉ်နေသည်ဟု VinFast က ပြောကြားသည်။ ဉရောပဈေးကွက်တွင်လည်း လုပ်ကိုင်မည် ဖြစ်သည်။
VinFast သည် အဆိုပါ ဈေးကွက်များတွင် ကုမ္ပဏီမှ ဖြန့်ဖြူးရောင်းချသူများ ထားရှိပြီး အရောင်းပြခန်းများ ဖွင့်လှစ်မည်။ 
Source Reuters 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 653 times