ဗီယက်နမ်နိုင်ငံ အချမ်းသာဆုံးပုဂ္ဂိုလ် လျှပ်စစ်တက္ကစီကုမ္ပဏီ ထူထောင်


ဗီယက်နမ်နိုင်ငံ အချမ်းသာဆုံးပုဂ္ဂိုလ် လျှပ်စစ်တက္ကစီကုမ္ပဏီ ထူထောင်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ဗီယက်နမ်နိုင်ငံရဲ့ အချမ်းသာဆုံးသူဌေး Pham Nhat Vuong က လျှပ်စစ်ကားစစ်စစ်များဖြင့်သာ ပြေးဆွဲမည့် တက္ကဆီကုမ္ပဏီ အသစ် GSM ကို ဗီယက်နမ်ဒေါင် ၃ ထရီလီယံ (ကန်ဒေါ်လာ ၁၂၆.၈၅ သန်း) ရင်းနှီးမြှုပ်နှံပြီး ထူထောင် လိုက်ပါတယ်။
GSM ဆိုလိုရင်းမှာ "Green, Smart and Mobility" ဖြစ်ပါတယ်။
သူဌေးကြီး Vuong ဟာ Vingroup ရဲ့ ဥက္ကဋ္ဌ ဖြစ်ပြီး Vingroup မှာ အစုရှယ်ယာ ၉၅% ပိုင်ပါတယ်။
GSM က လာမယ့် ဧပြီလမှာ ဟံနွိုင်မြို့မှာ စတင်ပြေးဆွဲပါမယ်။ 
အခြားမြို့များတွင်လည်း ချဲ့ထွင်သွားမှာ ဖြစ်ပြီး ယခုနှစ် ၂၀၂၃ နှစ်ကုန်မှာ ဗီယက်နမ်တစ်နိုင်ငံလုံးကို လွှမ်းခြုံဖို့ ရည်မှန်းထားပါတယ်။
 GSM က ပို့ဆောင်ရေးကုမ္ပဏီများကို ဗီယက်နမ် လျှပ်စစ်ကားလုပ်ငန်း Vinfast မှ ထုတ်လုပ်သည့် VF e34 နှင့် VF 8 အီးဗီများကို စင်းလုံးငှားစနစ်ဖြင့် ငှားရမ်းဖို့လည်း အစီအစဉ် ရှိပါတယ်။

မော်တော်ဆိုင်ကယ် တက္ကဆီလည်း လုပ်ကိုင်မှာ ဖြစ်ပါတယ်။

GSM က VinFast ရဲ့ လုပ်ငန်းခွဲ တစ်ခုဖြစ်တဲ့ VinFast မှ ထုတ်လုပ်တဲ့ လျှပ်စစ်ကား အစီးရေ ၁၀,၀၀၀  နှင့် လျှပ်စစ်မော်တော်ဆိုင်ကယ် အစီးရေ ၁ သိန်းအထိ ထားရှိဖို့ ရည်မှန်းထားပါတယ်။


ဗီယက်နမ်နိုင်ငံရဲ့ စိမ်းလန်းသောဂေဟစနစ်နှင့် စမတ်ကျသောသယ်ယူပို့ဆောင်ရေးတို့ကို အရှိန်မြှင့်ရန်အတွက် ကုမ္ပဏီကို တည်ထောင်ခဲ့ခြင်းဖြစ်တယ်လို့ GSM အမှုဆောင်အရာရှိချုပ် Nguyen Van Thanh က ပြောကြားပါတယ်။

ဗီယက်နမ်မှ လူအများတို့  တက္ကစီ ငှားစီးတဲ့ မိနစ်ပိုင်းမှာ ဖြစ်ဖြစ်၊ စင်းလုံးငှားပြီး စီးတဲ့ လပိုင်းမှာ ဖြစ်ဖြစ် လျှပ်စစ်ကား အရသာကို အတွေ့အကြုံ ရရှိကြမယ်လို့ Thanh က ပြောကြားပါတယ်။
အဲဒီ အတွေ့အကြုံတွေက ဗီယက်နမ်နိုင်ငံမှာ စိမ်းလန်းရေးသို့ ပြောင်းလဲတဲ့ ဖြစ်စဉ်ကို ပိုမိုမြန်ဆန်စေမယ်လို့ Thanh က ပြောကြားပါတယ်။

ပြီးခဲ့သောနှစ်တွင် VinFast က ဗီယက်နမ်မှ ဝယ်ယူသူများထံ လျှပ်စစ်ကား အစီးရေ ၇,၂၀၀ ပေးအပ်ခဲ့ပါတယ်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် VinFast ရဲ့ မော်ဒယ် နှစ်ခုဖြစ်တဲ့ VF e34 နှင့် VF 8 တို့ဟာ ဗီယက်နမ်တွင် ရောင်းအားအကောင်းဆုံး ထိပ်တန်းမော်ဒယ် ၁၀ ခုတွင် ပါဝင်ခဲ့ပါတယ်။

VinFast က ဗီယက်နမ်ပြည်တွင်းဈေးကွက်မှာ ရောင်းချထားတဲ့ VF8 SUV ၂,၇၈၁ စီးမှာ ရှေ့ဘီးအတွက် ဘရိတ်တပ်ဆင်တဲ့ ဘို့မှာ ဒီဇိုင်း ချို့ယွင်းချက် ရှိသဖြင့် ပြန်လည်ခေါ်ယူပြီး လဲလှယ်တပ်ဆင်ပေးခဲ့ရပါတယ်။ 

 VinFast က  ၎င်းရဲ့ ပထမဆုံး လျှပ်စစ်ကားများကို အမေရိကန် သုံးစွဲသူများထံ မတ်လ ၂ ရက်က ပေးအပ်ခဲ့ပါတယ်။
 ကယ်လီဖိုးနီးယားမှ  ပထမဆုံးအသုတ် ဝယ်ယူသူများမှ အငှားစနစ်ဖြင့် စီးသူများအား ငှားရမ်းခနှုန်းထားကို ၅၀% ကျော် ဈေးလျှော့ချပေးခဲ့ပါတယ်။
 VinFast ရဲ့ အမေရိကန်မှ ပထမဆုံး ကားစက်ရုံအတွက် ဆောက်လုပ်ခွင့် ပါမစ်ကို ရရှိခဲ့ပြီ ဖြစ်ပါတယ်။ စက်ရုံဆောက်လုပ်ခွင့်မှာ အခရာကျတဲ့ လေထုအရည်အသွေးပါမစ် air quality permit ကိုလည်း ရရှိထားပြီ ဖြစ်ပါတယ်။ 
 ၎င်းစက်ရုံကို အမေရိကန်နိုင်ငံ မြောက်ကယ်ရိုလိုင်းနားမှာ ကန်ဒေါ်လာ ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံပြီး တည်ဆောက်မှာ ဖြစ်ပါတယ်။
 
Source vnexpress 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 390 times