ဗီယက်နမ်နိုင်ငံသို့ အင်ဒိုနီးရှားမှ ကားများ အများဆုံးတင်သွင်း


ဗီယက်နမ်နိုင်ငံသို့ အင်ဒိုနီးရှားမှ ကားများ အများဆုံးတင်သွင်း

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ဗီယက်နမ်နိုင်ငံ အကောက်ခွန်ဌာနမှ ထုတ်ပြန်သော စာရင်းများအရ ဗီယက်နမ်သည် ၂၀၂၂ ခုနှစ်တွင် ကား ၁၇၃,၄၆၇ စီး တင်သွင်းခဲ့ပြီး ၂၀၂၁ ခုနှစ်ထက် ၈.၅% တိုးလာခဲ့သည်။

ဗီယက်နမ်သည် အင်ဒိုနီးရှား၊ ထိုင်းနှင့် တရုတ်နိုင်ငံတို့ထံမှ ကားများကို အဓိကအားဖြင့် တင်သွင်းသည်။
၂၀၂၂ တွင် အင်ဒိုနီးရှားနိုင်ငံမှ ကားများ အများဆုံးတင်သွင်းခဲ့သည်။ စုစုပေါင်း ၇၂,၆၇၁ စီး တင်သွင်းခဲ့ပြီး ၂၀၂၁ ထက် ၆၄.၂% ပိုများသည်။ တန်ဖိုးစုစုပေါင်းမှာ ကန်ဒေါ်လာ ၁၀.၅ ဘီလီယံ ဖြစ်ပါသည်။
ထိုင်းနိုင်ငံထံမှ ၇၂,၀၃၂ စီး ၊ ကန်ဒေါ်လာ ၁.၄၂ ဘီလီယံဖိုး တင်သွင်းခဲ့သည်။ ၂၀၂၁ ထက် ၁၀.၉% လျော့ကျခဲ့သည်။

     Advertisement

Click Here > Big M Enterprise 


အင်ဒိုနီးရှားနှင့်ထိုင်း ၂ နိုင်ငံထံမှ စုစုပေါင်း ၁၄၄,၇၀၃ စီး တင်သွင်းခဲ့ပြီး တစ်နှစ်တာ တင်သွင်းသည့် ကားစုစုပေါင်း၏ ၈၃% ရှိသည်။
တတိယအများဆုံးနေရာတွင် တရုတ်နိုင်ငံ ရှိနေပြီး တရုတ်နိုင်ငံထံမှ ကားစီးရေ ၁၇,၂၄၀ တင်သွင်းခဲ့သည်။ 

ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် ဗီယက်နမ်တွင် ရောင်းချသည့် ကားအရေအတွက်သည် ၂၀၂၂  ခုနှစ်တွင် ကားစီးရေ ၅၀၈,၅၄၇  စီးအထိ ရောက်ရှိခဲ့ကြောင်း ဗီယက်နမ် မော်တော်ယဉ် ထုတ်လုပ်သူများ အသင်း Vietnam Automobile Manufacturers' Association နှင့် TC Motor တို့၏ စာရင်းအင်းများအရ သိရသည်။
Source vnexpress 
 

Read 1264 times