ဗီယက်နမ်မှ VinFast  ဝန်ထမ်းအသစ် ၈,၀၀၀ ဦး ခန့်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ


ဗီယက်နမ်မှ VinFast  ဝန်ထမ်းအသစ် ၈,၀၀၀ ဦး ခန့်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ

VinFast သည် ဗီယက်နမ်ရှိ ၎င်း၏လျှပ်စစ်ကားစက်ရုံအတွက် နောက်ထပ်ဝန်ထမ်း ၈၀၀၀  ဦးကို အလုပ်ခန့်ရန် စီစဉ်ဆောင်ရွက်လျက် ရှိသည်။

 


ကားထုတ်လုပ်သူသည် လက်ရှိတွင် ဝန်ထမ်း ဦးရေ ၆,၀၀၀ ရှိပြီး ၎င်း၏ များပြားလှသော လုပ်သားအင်အား တိုးချဲ့မည့် အစီအစဉ်များကို Facebook တွင် ကြေညာခဲ့ပါသည်။ ဩဂုတ်လနှင့်စက်တင်ဘာလမှ စတင်အလုပ်ဝင်ရန် တပ်ဆင်လုပ်သားများ၊ နည်းပညာရှင်များနှင့် အင်ဂျင်နီယာများကို ရှာဖွေနေကြောင်း ၎င်းက ဆိုသည်။ ဗီယက်နမ် နိုင်ငံရှိ VinFast ၏ Haiphong စက်ရုံသည် တစ်နှစ်လျှင် ကားအစီးရေ ၂၅၀,၀၀၀ ထုတ်လုပ်နိုင်သော်လည်း လက်ရှိ အစီအစဉ်အရ ၂၀၁၆ ခုနှစ်တွင် အစီးရေ ၆၀၀,၀၀၀ အထိ တိုးလာမည် ဖြစ်သည်။


လျှပ်စစ် SUVများ၊ လျှပ်စစ်ဘတ်စ်ကားများနှင့် ဘက်ထရီများ ထုတ်လုပ်မည့် အမေရိကန်နိုင်ငံ မြောက်ကာရိုလိုင်းနားတွင် စက်ရုံတည်ထောင်ရန် VinFast က ကန်ဒေါ်လာ ၂ ဘီလီယံ ရင်းနှီးမြှပ်နှံထားပြီး နှစ်စဉ် ကားအစီးရေ ၁၅၀,၀၀၀ ထုတ်လုပ်နိုင်မည်ဟု ရည်မှန်းထားသည်။ အဆိုပါစက်ရုံတွင် လုပ်သားအင်အား ဦးရေ ၇,၅၀၀ ခန့်ထားမည် ဖြစ်သည်။ VinFast သည် ၂၀၁၆ ခုနှစ်တွင် တစ်နှစ်လျှင် လျှပ်စစ်ကားအစီးရေ ၇၅၀,၀၀၀ ရောင်းချနိုင်မည်ဟု မျှော်လင့်ထားသည်။

အမေရိကန်ပြည်ထောင်စုတွင် VF 8 နှင့် VF 9 အတွက် ကြိုတင်မှာယူမှု စီးရေ ၈,၀၀၀ ကို  ရရှိထားပြီဂ ဖြစ်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

 

 

အခြေခံအဆင့်  5-seat VF 8 အတွက်  စျေးနှုန်းသည် $40,700 မှ စတင်ပြီး flagship အမျိုးအစားအတွက် $48,000 အထိ သတ်မှတ်ထားပါသည်။  VF 9  မော်ဒယ် အဆင့်အတန်း သုံးမျိုးအတွက် ဈေးနှုန်း $55,000 မှစတင်ပြီး $61,000 အထိ သတ်မှတ်ထားပါသည်။ ကားကို ဝယ်ယူရာ၌ ဘက်ထရီဖိုးကို အငှားစနစ်ဖြင့်သာ ပေးချေရမည် ဖြစ်သည်။ VF 8 အတွက် လစဉ်ကြေး $35 သတ်မှတ်ထားပြီး VF 9 အတွက်  $44  သတ်မှတ်ထားသည်။  

 

 

မိုင် ၃၁၀ မောင်းနှင်ရန် အားသွင်းဖိုး အခမဲ့ ပေးမည် ဖြစ်သည်။ တစ်မိုင်စာ အားသွင်းခ  VF 8 အတွက်  $0.11  သတ်မှတ်ထားပြီး VF 9 အတွက် $0.15 သတ်မှတ်ထားပါသည်။  မိုင်နှုန်းအကန့်အသတ်မရှိ ပုံသေနှုန်းထား အစီအစဉ်ကိုလည်း ရောင်းချပေးမည် ဖြစ်သည်။ VF 8 အတွက်  $110 ဖြစ်ပြီး VF 9 အတွက် $160 ဖြစ်ပါသည်။ 

Telegram Channel https://t.me/Guid4U

#MyanmarAutomobileGuide

Source : .carscoops

Read 3069 times