ပြည်တွင်းကားထုတ်လုပ်မှုအတွက် အလုပ်လုပ်ပေးနေသလားအထင်မှားရမယ့်ဟက်ကာတွေ


ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းက ဟက်ကာအများစုဟာ နိုင်ငံရပ်ခြားက ကားကုမ္ပဏီ တော်တော်များမာျးကို ပစ်မှတ်ထားနေကြပါတယ်။ “အဓိက အကြောင်းအရင်းကတော့ ပြည်တွင်းကားထုတ်လုပ်မှုကို အောင်မြင်မှု ရရှိစေရန် ဖြစ်တယ်လို့” Automotive Cybersecurity ပိုင်း လုပ်ကိုင်နေတဲ့ FireEye က ပြောပါတယ်။

“အမြဲတမ်းလိုလို ဖေဖော်ဝါရီလမှာ ဆိုက်ဘာတိုက်ခိုက်မှု ပိုများတယ် ၊ အဓိကအနေနဲ့ အရှေ့တောင်အာရှနိုင်ငံတွေရဲ့ ကားကုမ္ပဏီတွေကို ပစ်မှတ်ထားတက်ကြတယ်"လို့ FireEye ရဲ့ Senior manager Nick Carr က ပြောပါတယ်။

ဖေဖော်ဝါရီ စတင်လာတာနဲ့ အခြားကားကုမ္ပဏီတွေမှာ ဘယ်လို product တွေ၊ services အသစ်တွေ ရှိနေပြီလဲဆိုတဲ့ လုပ်ဆောင်ချက်တွေကို ပေါက်ကြားလာတယ်။ ဒါဟာလည်း ဗီယက်နမ်ပြည်တွင်း ကားထုတ်လုပ်မှုကို မြင့်မားလာအောင် ထောက်ပံ့ပေးနေတာလားဆိုတာ စဉ်းစားစရာပါ။

ဒီပြဿနာကို ဗီယက်နမ် နိုင်ငံခြားရေး ဝန်ကြီးဌာနကို ပေးပို့တိုင်တန်းထားသော်လည်း ချက်ချင်းတုန့်ပြန်ခြင်း မရှိသေးပါဘူး။ Automotive cyber ကာကွယ်ရေး FireEye က ဗီယက်နမ်ကားလောကအတွင်း ချိက်ဆက်နေတဲ့ အဖွဲ့တွေကို စာရင်းပြုစုပြီး reports အဖြစ်တင်ပြခဲ့ပါတယ်။ ဒါပေမယ့် ဗီယက်နမ်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ “Le Thi Thu Hang က စက်မှုလုပ်ငန်းနဲ့ အဖွဲ့အစည်းတွေကို မည့်သည့်ဆိုက်ဘာတိုက်ခိုက်မှုမှ အစိုးရက ခွင့်ပြုပေးထားတာ မရှိဘူးလို့” ပြောပါတယ်။

ဒါကြောင့် FireEye အဖွဲ့က APT32 ဆိုတဲ့အဖွဲ့ကို ဖွဲ့စည်း၍ 2014 ခုနှစ်ကတည်းက security ဆိုင်ရာ မူဝါဒတွေ ထုတ်ဝေပြီး ကာကွယ်မှုတွေ ပြုုလုပ်ပေးခဲ့တယ်လို့” FireEye ရဲ့ 2017 reports အရသိရပါတယ်။

ဆိုက်ဘာ တိုက်ခိုက်မှုဟာ phishing နည်းပညာလို့ခေါ်တဲ့ ငါးစာချတဲ့ ပုံစံမျိုးနဲ့ တိုက်ခိုက်တာ များပါတယ်။ ဥပမာ-malware ပါတဲ့ အီးမေးလ် ပို့တာမျိုးတို့၊ အခြားမေးလ်အတု တစ်ခုခု ပြုလုပ်ပြီး website ရဲ့ အတွင်းထဲထိ ဝင်ရောက်တဲ့ ပုံစံမျိုးတွေနဲ့ တိုက်ခိုက်ကြတာလို့ ပြောပါတယ်။

Automobile Directory

Ref;Automotive News

Read 826 times