အာဆီယံ (၇)နိုင်ငံတွင် ဗီယက်နမ် ကားအသစ် ရောင်းအား ဒုတိယအလျော့ကျဆုံး ဖြစ်ခဲ့


အာဆီယံ (၇)နိုင်ငံတွင် ဗီယက်နမ် ကားအသစ် ရောင်းအား ဒုတိယအလျော့ကျဆုံး ဖြစ်ခဲ့

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

၂၀၂၃ ခုနှစ် တစ်နှစ်တာ ကားအသစ်ရောင်းအားများတွင် ဗီယက်နမ်သည် ဒုတိယအလျော့ကျဆုံး ဖြစ်ခဲ့သည်။ ၂၀၂၂ ခုနှစ်ထက် ၂၅% လျော့ကျခဲ့သည်။

သေးငယ်သော ကားအသစ်ဈေးကွက်ဖြစ်သည့် မြန်မာနိုင်ငံဈေးကွက်သည် ရောင်းအား အလျော့ကျဆုံး ဖြစ်ခဲ့ပါသည်။

အာဆီယံ မော်တော်ယာဉ် အသင်းချုပ် ASEAN Automotive Federation (AAF) ၏ အဆိုအရ ဒေသတွင်း အဓိက စျေးကွက် ခုနစ်ခုဖြစ်သည့် အင်ဒိုနီးရှား၊ ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ စင်ကာပူနှင့် မြန်မာနိုင်ငံတို့တွင် စုစုပေါင်း မော်တော်ယာဉ် အစီးရေ ၃.၃၅ သန်း ရောင်းချခဲ့ရပြီး ၂၀၂၂ ခုနှစ်ထက် ရောင်းအား ၂.၁% ကျဆင်းခဲ့သည်။

[ နိုင်ငံအသီးသီးရှိ AAF အဖွဲ့ဝင်များမှ ပြုစုထားသော အချက်အလက်များတွင် ဗီယက်နမ်ကုမ္ပဏီ Hyundai Thanh Cong ၏ရောင်းချမှု မပါဝင်ပါ။]

ဦးဆောင် ဈေးကွက်များ ဖြစ်သည့် အင်ဒိုနီးရှားသည် ၄% လျော့ကျပြီး ထိုင်းသည် ၈.၁% လျော့ကျသည်။

မြန်မာနိုင်ငံတွင် မော်တော်ကား အသစ် ရောင်းအားသည် ၂၀၂၃ ခုနှစ်တွင် အစီးရေ ၄,၀၀၀ အောက်သို့ ကျဆင်းသွားသည်။ ၂၀၂၂ ခုနှစ်ထက် ၅၂.၅% လျော့ကျခဲ့သည်။

 

 

Source vnexpress 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Read 317 times