စက်သုံးဆီ တင်သွင်းမှုအတွက် နိုင်ငံခြားငွေ လွယ်ကူမြန်ဆန်စွာ ရရှိနိုင်စေရန် ဗီယက်နမ်နိုင်ငံ ဗဟိုဘဏ်ကို


စက်သုံးဆီ တင်သွင်းမှုအတွက် နိုင်ငံခြားငွေ လွယ်ကူမြန်ဆန်စွာ ရရှိနိုင်စေရန် ဗီယက်နမ်နိုင်ငံ ဗဟိုဘဏ်ကို ညွှန်ကြား

 

TO GET INSTANT UPDATE 
Join Telegram Channel  
https://t.me/Guid4U

လောင်စာဆီ တင်သွင်းမှုအတွက် ပြည်တွင်းစက်သုံးဆီ ကုန်သည်များ နိုင်ငံခြားငွေ လွယ်ကူမြန်ဆန်စွာ ရရှိနိုင်စေရန် ဝန်ဆောင်မှု ပေးအပ်ဖို့ဗီယက်နမ် အစိုးရက ဗီယက်နမ်နိုင်ငံ ဗဟိုဘဏ် State Bank of Vietnam ကို တောင်းဆိုခဲ့ကြောင်း စက်မှုနှင့် ကုန်သွယ်မှု ဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့ (အောက်တိုဘာ ၁၉) တွင် ပြောကြားခဲ့သည်။
ဝန်ကြီးဌာနက  စက်သုံးဆီရောင်းဝယ်ရေးကုမ္ပဏီများ ပြည်တွင်းဈေးကွက်အတွက် လောင်စာဆီများကို မြန်မြန်ဆန်ဆန် ဝယ်ယူနိုင်စေရန် အထောက်အကူဖြစ်စေမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 
.ဗီယက်နမ်နိုင်ငံ တောင်ပိုင်းရှိ စက်သုံးဆီဆိုင်အများအပြား ပိတ်ထားခြင်း သို့မဟုတ် ကန့်သတ်ရောင်းချမှုများ ဖြစ်ပေါ်နေခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် အရေးတယူ ဆောင်ရွက်ခြင်း ဖြစ်သည်။ 

ဗီယက်နမ်နိုင်ငံသည် ယခုနှစ်အတွင်း တင်သွင်းသည့် စက်သုံးဆီဈေးနှုန်းများ အဆမတန် မြင့်တက်ခြင်းနှင့် အမေရိကန် ဒေါ်လာဈေး အားကောင်းခြင်းတို့နှင့် ရင်ဆိုင်နေရပြီး လောင်စာဆီ တင်သွင်းမှု ပိုမိုစျေးကြီး‌ေနသည်ကို ရင်ဆိုင်နေရသည်။ 
ဗီယက်နမ်၏ သန့်စင်ပြီး လောင်စာဆီ တင်သွင်းမှုသည် ယခုနှစ် ပထမ ကိုးလတွင် တန်ချိန် ၆ ဒသမ ၅၂ သန်းရှိရာ ယမန်နှစ်ကထက် ၂၂ ဒသမ ၇ ရာခိုင်နှုန်း တိုးလာသော်လည်း သွင်းကုန်တန်ဖိုးမှာ ၁၃၁ ရာခိုင်နှုန်း တိုးခဲ့ပြီး ကန်ဒေါ်လာ ၆ ဒသမ ၈ ဘီလီယံအထိ မြင့်တက်ခဲ့ကြောင်း အစိုးရ အကောက်ခွန် အချက်အလက်များအရ သိရသည်။
Source Reuters 

TO GET INSTANT UPDATE 
Join Telegram Channel  
https://t.me/Guid4U

Read 253 times