ဇွန်လတွင်ပြည်တွင်းတပ်ဆင်ထုတ်လုပ်မှုနှင့် တင်သွင်းသောကားများ၏ ရောင်းအား မြင့်တက်ခဲ့ပြီး ဇူလိုင်လတွင် ကားရောင်းအား ရပ်တန့်သွားခဲ့သည်။
ဗီယက်နမ် မော်တော်ယာဉ်ထုတ်လုပ်သူများအသင်း (VAMA)၏ အဆိုအရ ဇွန်လတွင် ၂၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ဇူလိုင်လတွင် ကားရောင်းအားသည် စီးရေ ၂၄,၀၆၅ ရှိခဲ့ရာ ဇွန်လထက် ၀.၃ ရာခိုင်နှုန်းသာ တိုးခဲ့ပါသည်။
ဇူလိုင်လတွင် ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သည့် စုစုပေါင်ကားစီးရေ ၁၆,၀၈၈ ရောင်းချခဲ့ရသဖြင့် ပြည်တွင်းထုတ် ကားများ ရောင်ချရမှုသည်
ယခင်နှစ် ဇူလိုင်လကထက် ၂ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။ သို့သော် ပြည်ပမှ တင်သွင်းသောကားများ၏ ရောင်းအားမှာစီးရေ ၇,၉၇၇ ရှိခဲ့ရာ ၂ ရာခိုင်နှုန်းကျဆင်းခဲ့သည်။
ဇွန်လတွင် ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်ထားသော ကားများ၏ ရောင်းအားမှာ ၄၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ကားစီးရေစုစုပေါင်း ၁၅၈၇၄ ရောင်းချခဲ့ရသည်။ ပြည်ပမှ တင်သွင်းသည့် ကားများ ရောင်းအားမှာ ၂၁ ရာခိုင်နှုန်းအထိတိုးခဲ့ပြီး စီးရေ ၈,၁၅၅စီး ရောင်းချခဲ့ရသည်။ ထိုသို့ သိသိသာသာ တိုးသွားရခြင်းမှာ ပြည်တွင်းရှိ ကားရောင်းချသူအများစုက ဝယ်လိုအားကို မြှင့်တင်ရန် အထူးလျှော့ဈေးများ ကမ်းလှမ်ခဲ့ကြခြင်းကြောင့် ဖြစ်သည်။
အစိုးရကလည်း ဝယ်လိုအားကို လှုံ့ဆော်ပေးရန်အတွက် ကားမှတ်ပုံတင်ကြေးကို ထက်ဝက်လျှော့ချပေးခဲ့သည်။
မော်တော်ကားရောင်းဝယ်ရေး Thien Phuc An ၏ ဒါရိုက်တာ ဖြစ်သူ Nguyen Tuanက ပြောဆိုချက်အရ ဝယ်ယူသူအများစုသည် ဇူလိုင်လအစောပိုင်းမှစတင်၍ ကားအသစ်များဝယ်ယူခြင်းကိုရှောင်ကြဉ်ကြသည်မှာ ကားမှတ်ပုံတင်ကြေးလျှော့ချသည်အထိ ဖြစ််သည်ဟု ဆိုသည်။ထို့ကြောင့် ဇူလိုင်လတွင် အရောင်းအနည်းငယ်သာ ရှိခဲ့သည်။
ဗီယက်နမ်နိုင်ငံတွင် အစဉ်အလာအရ ရိုးရာအရ 'တစ္ဆေကြီးလ' ဖြစ်နေသဖြင့် လူများက၎င်းတို့သည် ကံဆိုးမှုကိုရှောင်ရှားရန်အတွက် ကားများသို့မဟုတ် အိမ်ခြံမြေဝယ်ယူခြင်း ကဲ့သို့သောအဓိကဆုံးဖြတ်ချက်များ မပြုသင့်ဟု ယုံကြည်ကြသဖြင့် ကားဝယ်လိုအား ကျဆင်းကြောင်းလည်း ၎င်းက ပြောကြားသည်။
တင်သွင်းသောကားများ၏ ရောင်းအားသည် သြဂုတ်လ ပထမလဝက်တွင် ၄,၀၇၈ စီး ရှိခဲ့ပသည်။ ဇူလိုင်လ ရောင်းအားနှင့် အတူတူလောက် ရှိသည်။
ယခုနှစ်တွင် သြဂုတ်လ ၁၅ ရက်အထိ ဗီယက်နမ်သည် ကားအစီးရေ ပေါင်း ၄၉,၀၅၀ တင်သွင်းခဲ့သည်။ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံခန့် ရှိသည်။ ယခင်နှစ်က အလားတူကာလတွင် အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော်တန်ဖိုးရှိသည့် ကားစီးရေ ၈၉,၈၆၀ ကို ပြည်ပမှ တင်သွင်းခဲ့ပေရာ ယခုနှစ်တန်ဖိုး ပမာဏသည် ယခင်နှစ်၏ထက်ဝက်သာ ရှိသည်။
ဇူလိုင်လတွင် ထိုင်းနှင့်အင်ဒိုနီးရှားသည် ဗီယက်နမ်သို့ မော်တော်ယာဉ်အများဆုံးတင်ပို့သော နိုင်ငံများဖြစ်သည်။ ထိုင်းသည် ဗီယက်နမ်သို့ ကား စီးရေ ၂,၃၀၀ ကျော်ပေးပို့ခဲ့ပြီး အင်ဒိုနီးရှားသည် ကားစီးရေ ၁,၃၀၀ ကို တင်ပို့ခဲ့သည်။
အခြားအဓိက တင်ပို့သည့် နိုင်ငံများမှာ တရုတ်နိုင်ငံသည် ယာဉ် ၇၁၉ စီး၊ ကိုရီးယားသမ္မတနိုင်ငံသည် ၁၂၁ စီး၊ ဂျပန်နိုင်ငံသည် ၈၀ စီး ဗီယက်နမ်သို့ တင်ပို့ခဲ့ကြသည်။