ဗီယက်နမ်တွင် ၂၀၂၃ အဝယ်အနည်းဆုံး ကားမော်ဒယ် ၁၀ ခု


ဗီယက်နမ်တွင် ၂၀၂၃ အဝယ်အနည်းဆုံး ကားမော်ဒယ် ၁၀ ခု

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ဗီယက်နမ် မော်တော်ယဉ် ထုတ်လုပ်သူများ အသင်း Vietnam Automobile Manufacturers’ Association (VAMA) သည် ၂၀၂၃ ခုနှစ်တွင် အဝယ် အနည်းဆုံး ကားမော်ဒယ် ၁၀ ခုစာရင်းကို ထုတ်ပြန်ခဲ့သည်။ စာရင်းတွင် မော်ဒယ် အများစုမှာ  တိုယိုတာ အမှတ်တံဆိပ် မော်ဒယ်များ ဖြစ်သည်။

 

အဝယ် အနည်းဆုံး ကားမော်ဒယ်များမှာ

• Honda Civic Type R

• Suzuki Ciaz

• Honda Accord

• Toyota Yaris

• Toyota Hilux

• Toyota Alphard

• Hyundai Venue

• Toyota Land Cruiser Prado

• Isuzu Mu-X

• Ford Explorer

တို့ ဖြစ်ပါသည်။

 

၂၀၂၃ ခုနှစ်တွင် Honda Civic Type R  ၁၉ စီး ရောင်းချခဲ့သည်။ အရေအတွက် အနည်းငယ်သာ ရောင်းချခဲ့သော်လည်း ရောင်းမကုန် ဖြစ်ခဲ့သည်။

 

Hyundai Venue သည် ဒီဇင်ဘာလ လလယ်တွင် စတင်ရောင်းချခဲ့သဖြင့် ရောင်းချသည့်ရက် ရက်ပိုင်းသာ ရှိသေးသည်။ ထို့ကြောင့် ရောင်းချသည့် စီးရေ နည်းသဖြင့် အဝယ်အနည်းဆုံး ကားမော်ဒယ် ၁၀ ခု စာရင်းထဲ ပါလာသည်။

 

VAMA မှ ထုတ်ပြန်သည့် အချက်အလက်အရ  Suzuki Jimny တစီးသာ ရောင်းရသည်။ Suzuki Jimny ကို ဗီယက်နမ်တွင် တရားဝင် စတင်ရောင်းချခြင်း မပြုသေးသဖြင့် အဝယ်အနည်းဆုံး ကားမော်ဒယ် ၁၀ ခု စာရင်းထဲ မပါဝင်ပါ။

 

အဝယ်အနည်းဆုံး မဟုတ်သော်လည်း ဗီယက်နမ်တွင် လူကြိုက်နည်းနေသည့် မော်ဒယ်များမှာ

• Suzuki Swift

• Hyundai Palisade

• Isuzu D-Max

• Toyota Innova Cross

•  Mazda BT-50

တို့ ဖြစ်ပါသည်။ 

 

Source Tuoi Tre News


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 296 times