ဗီယက်နမ်ကားလုပ်ငန်း VinFast မှ ဒေါ်လာ ၁၆၀,၀၀၀တန် SUV ကား ထုတ်လုပ် ရောင်းချ


Vin fast အော်တိုကားထုတ်လုပ်သောကုမ္ပဏီကို ဗီယက်နမ်နိုင်ငံ အချမ်းသာဆုံးသော ပုဂ္ဂိုလ်တစ်ဦးက တည်ထောင်ပြီး သူ၏ လုပ်ဖော်ကိုင်ဖက်များအတွက် SUV ကား ထုတ်ဖော်ပြသခဲ့ကြောင်း သိရပါတယ်။

Vin fast အော်တိုကားထုတ်လုပ်သောကုမ္ပဏီကို ဗီယက်နမ်နိုင်ငံ အချမ်းသာဆုံးသော ပုဂ္ဂိုလ်တစ်ဦးက တည်ထောင်ပြီး သူ၏ လုပ်ဖော်ကိုင်ဖက်များအတွက် SUV ကား ထုတ်ဖော်ပြသခဲ့ကြောင်း သိရပါတယ်။

 

ဒေါ်လာ ၁၆၄,၀၀၀ တန်ဖိုးရှိဇိမ်ခံ VinFast Presidentကို ဗီယက်နမ်မှာ တနင်္လာနေ့တွင်ရောင်းချခဲ့ပြီး ၎င်းသည်ဗီယက်နမ်ဈေးကွက်အတွက် သီးသန့်ဖြစ်သောကြောင့်ကား ၅၀၀ သာထုတ်လုပ်မည်ဖြစ်ကြောင်း ကုမ္ပဏီ၏ တင်ပြချက်အရသိ ရပါတယ်။

 

VinFast President ၏ ဈေးနှုန်းမြင့်မားမှုကြောင့် ဗီယက်နမ် ပြည်တွင်းဈေးကွက်မှာ ဝယ်စီးနိုင်သူ နည်းပါးမှာ ဖြစ်ပြီး VinFast ဂုဏ်သိက္ခာ မြင့်တက်စေဖို့ ရည်ရွယ်ချက် ထားရှိတာ ဖြစ်မယ်လို့ သုံးသပ်ကြပါတယ်။ ကားအမှတ်တံဆိပ်ကို အရောင်တင်တာ ဖြစ်မယ်လို့

ယူဆကြပါတယ်။ ဗီယက်နမ်နိုင်ငံ၏ အမျိုးသားဂုဏ်ဆောင် ကားထုတ်လုပ်မှု ချန်ပီယံ ဖြစ်တဲ့ VinFast ကို Pham Nhat Vuong က ထူထောင်ခဲ့တာ ဖြစ်ပြီး Vingroup လုပ်ငန်းစု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ရပ်တည်လျက် ရှိပါတယ်။

 

ထုတ်လုပ်တဲ့ ကားတွေကို အမေရိကန်၊ ဥရောပနှင့်ရုရှားသို့ တင်ပို့ ရန် မျှော်မှန်းထားပြီး ဗီယက်နမ်နိုင်ငံက ဇိမ်ခံကားထုတ်လုပ်နိုင်ကြောင်းကို ပြသတာ ဖြစ်ပါတယ်။ VinFast ၏ ဒုတိယအထွေထွေညွှန်ကြားရေးမှူး Nguyen Thi Van Anh က SUV ကားသည် "ဗီယက်နမ်ရဲ့

ကားထုတ်လုပ်မှု စွမ်းရည်ကို သိစေဖို့ ထုတ်ပြတာ ဖြစ်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

 

ဗီယက်နမ်မှာ ကားထုတ်လုပ်ကြတာမှာ ပြည်ပမှ တင်သွင်းတဲ့ ယာဉ်အစိတ်အပိုင်းများကို တပ်ဆင်ပြီး ထုတ်လုပ်ကြတာ ဖြစ်ပါတယ်။ VinFast ကားကုမ္ပဏီဟာ ဗီယက်နိုင်ငံတွင် ကားအစိတ်အပိုင်းတွေကို ကိုယ်တိုင်စီစဉ်ပြီး ကားထုတ်လုပ်သော ပထမဆုံးကုမ္ပဏီဖြစ်ပါတယ်။

 

Sedans , Hatchbacks အပြင် လျှပ်စစ်မော်တော်ဆိုင်ကယ်များကိုလည်း ထုတ်လုပ်ပါတယ်။ VinFast ကားကုမ္ပဏီသည် BMW နှင့် Bosch တွဲဖက်ကားကုမ္ပဏီနှင့်အတူ ၎င်းကိုယ်ပိုင် အမှတ်တံဆိပ်များဖြင့် ကားများ ထုတ်လုပ် ပါတယ်။ ဂျာမနီနည်းပညာကို သုံးစွဲပြီး အ

မေရိကန် ကားထုတ်လုပ်သူGeneral Motors ထံမှ ထုတ်လုပ်ခွင့် လိုင်စင်ရယူပြီး ထုတ်လုပ်တာ ဖြစ်လို့ VinFast ကား အမှတ်တံဆိပ်တွေဟာ ထင်ပေါ်မှုကို မရရှိပါဘူး။

 

VinFast သည်ဗီယက်နမ်နိုင်ငံ၏ ၂၀၂၀ စီးပွားရေးတိုးတက်မှုရည်မှန်းချက်ကို ယခင်က ရည်မှန်းချက်မှာ ၅ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းမှ ၂.၅ ရာခုင်နှုန်း အထိလျှော့ချပြီးချိန်မှာ

အခုလို ဈေးကြီးတဲ့ ဇိမ်ခံကား ထုတ်လုပ်ရောင်းချတာဟာ အချိန်အခါ မကိုက်ဘူးလို့လည်း သုံးသပ်ကြပါတယ်။

 

ပထမနှစ်နှစ်၀က်တွင် ဗီယက်နမ်နိုင်ငံ၏ Rong Viet Securities အရ ဇိမ်ခံပစ္စည်း ၁၀ ရာခိုင်နှုန်းကျဆင်းခဲ့ချိန်တွင် Auto ကားဈေးသည် ၃၀ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ကြောင်း သိရပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်နေ့စဉ် အဖြစ်အပျက်အနည်းငယ် သတင်းကြောင့်

Rong Viet Auto ကားကဏ္ဠs လေ့လာဆန်းစစ်သူ Hoang Bui က ၂၀၂၀ ဒုတိယနှစ် နှစ်ဝက်တွင်စားသုံးမှု ပြန်လည်ကျဆင်းလိမ့်မည်ဟု ခန့်မှန်းထားပါတယ်။

 

ဗီယက်နမ်နိုင်ငံ အလယ်လတ်လူတန်းစားများသည် ၀င်ငွေကန့်သတ်ထား သလောက် များများစားစားမသုံးစွဲရသော်လည်း၊ ဇိမ်ခံကား ၀ယ်ယူမှုတွင် မပြောင်းလဲပဲ တည်မြဲနေတယ်လို့ဆိုပါတယ်။

 

By Myanmar Automobile Guide 

Ref: asia.nikkei

Read 5203 times