၂၀၂၂ ဗီယက်နမ်ကားဈေးကွက် ရောင်းအား စံချိန်တင်မြင့်မား


၂၀၂၂ ဗီယက်နမ်ကားဈေးကွက် ရောင်းအား စံချိန်တင်မြင့်မား

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ဗီယက်နမ်ကားဈေးကွက် မော်တော်ယာဥ်ရောင်းအားသည် 2022 ခုနှစ်တွင် စံချိန်တင် မြင့်မားခဲ့သည်။

ဗီယက်နမ်၏ မော်တော်ယာဥ်ရောင်းချမှုသည် ၂၀၂၂ ခုနှစ်တွင် ၂၀၂၁ ခုနှစ်ထက် ၂၃ ဒသမ ၉၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အစီးရေ ၅၀၈,၅၄၇ စီး ရောင်းချခဲ့သည်။

 

ဗီယက်နမ်နိုင်ငံတွင် တပ်ဆင်ထုတ်လုပ်သည့် Toyota Veloz Cross


‌ကားရောင်းအား အချက်အလက်များကို ဗီယက်နမ်နိုင်ငံ မော်တော်ယဉ် ထုတ်လုပ်သူများ အသင်း Vietnam Automobile Manufacturers Association (VAMA) ၊ Hyundai အတွက် ကားများ တပ်ဆင်ထုတ်လုပ်သည့် TC Motor နှင့် လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်း VinFast တို့က ထုတ်ပြန်ပေးပါသည်။

VAMA မှ ထုတ်ပြန်သော ကိန်းဂဏန်းများအရ တစ်နှစ်တာအတွင်း ရောင်းအားအကောင်းဆုံးလမှာ မေလ ဖြစ်ပြီး စီးရေ ၄၃,၈၀၀ ကျော် ရောင်းချခဲ့သည်။

ဇွန်လတွင် မော်တော်ယာဉ် အစိတ်အပိုင်းများ ပြတ်လပ်ခဲ့သဖြင့် ရောင်းအား ကျဆင်းခဲ့သည်။ သို့သော် အခြေအနေများ လျင်မြန်စွာ ပြန်ကောင်းလာခဲ့ပြီး နှစ်ကုန်အထိ တစ်လလျှင် စီးရေ ၃၀,၀၀၀~၃၆,၀၀၀ ရောင်းချနိုင်ခဲ့သည်။ 

လစဉ်ရောင်းအား
(TC Motor, VinFast အချက်အလက်မပါ)

 

Truong Hai Auto Corporation သည် စီးရေ ၁၃၀,၃၀၀ ရောင်းချပြီး တစ်နှစ်တာစီးရေ အများဆုံး ရောင်းချခဲ့သူ ဖြစ်သည်။ ၂၀၂၁ ထက် ၂၅% ပိုများသည်။
Toyota သည် တစ်နှစ်တာစီးရေ ဒုတိယ အများဆုံး ရောင်းချခဲ့သူ ဖြစ်သည်။ စီးရေ ၉၁,၁၀၀ ရောင်းချခဲ့ပြီး ယမန်နှစ်ထက် ၃၄.၉% ပိုများသည်။
ထိပ်တန်း(၅) စာရင်းတွင် Mitsubishi, Honda Ford တို့ အစဉ်အတိုင်း ပါဝင်ကြသည်။

 

 


brand အရ ရောင်းအား
(TC Motor, VinFast အချက်အလက်မပါ)

 

ကားအမျိုးအစားအရ ကြည့်လျှင် အိမ်စီးကား ရောင်းအားသည် ယမန်နှစ်ထက် ၄၈% ပိုများခဲ့ပြီး  ၃၁၆,၉၁၄ စီး ရောင်းချခဲ့ပါသည်။

ရောင်းအားအကောင်းဆုံး မော်ဒယ်မှာ Toyota Vio ဆီဒင်ဖြစ်ပြီး စီးရေ ၂၃,၅၀၀ ရောင်းချခဲ့သည်။ Hyundai Accent သည် ဒုတိယနေရာ၊ MPV Mitsubishi Xpander သည် တတိယနေရာတွင် ရှိပါသည်။

 

၂၀၂၂ အောက်တိုဘာလတွင် ကျင်းပသည့်  2022 Vietnam Motor Show 

 

ဗီယက်နမ်သို့ တင်သွင်းသည့် မော်တော်ယာဉ် စီးရေလည်း ၂၀၂၂ တွင် ၂၀၂၁ ထက် မြင့်တက်ခဲ့သည်။ ၈.၄% မြင့်တက်ခဲ့ပြီး စီးရေ ၁၇၃,၄၆၇ ၊ တန်ဖိုး ကန်ဒေါ်လာ ၃.၈၄ ဘီလီယံ တင်သွင်းခဲ့ကြောင်း အကောက်ခွန်ဌာနမှ ထုတ်ပြန်သော အချက်အလက်များတွင် ဖော်ပြထားသည်။

အင်ဒိုနီးရှားနိုင်ငံမှ အများဆုံး တင်သွင်းခဲ့ရာ ရာခိုင်နှုန်းအားဖြင့် ၄၁.၉% ရှိသည်။ ထိုင်းနိုင်ငံမှ ၄၁.၅% တင်သွင်းခဲ့ပြီး ဒုတိယ အများဆုံးဖြစ်သည်။ တတိယအများဆုံးနိုင်ငံမှာ တရုတ်နိုင်ငံ ဖြစ်ပြီး ၁၀% တင်သွင်းခဲ့သည်။
အာဆီယံနိုင်ငံမှ တင်သွင်းလျှင် အခွန်လျော့ပေါ့မှု ရရှိပါသည်။ 


၂၀၂၂ ခုနှစ်တွင်  ကားရောင်းအား စံချိန်တင်ခဲ့သည်။ အီးဗီများ ရေပန်းစားသည်။ ဗီယက်နမ်နိုင်ငံမှာ ထုတ်လုပ်သည့် အီးဗီများကို အမေရိကန်ဈေးကွက်သို့ တင်ပို့ခဲ့သည်။
Source e.vnexpress
 

Read 1101 times