ဗီယက်နမ်ကားဈေးကွက် စက်တင်ဘာမှာ ရောင်းအားတက်သော်လည်း မေလကို မမီ


 

ဗီယက်နမ်ကားဈေးကွက် စက်တင်ဘာမှာ ရောင်းအားတက်သော်လည်း မေလကို မမီ

TO GET INSTANT UPDATE 
Join Telegram Channel  
https://t.me/Guid4U

 

ဗီယက်နမ်ပြည်တွင်းကားဈေးကွက်မှာ ၂၀၂၂ စက်တင်ဘာလအတွင်း စီးရေ ၃၃,၄၆၃ ရောင်းချခဲ့ပါတယ်။ ယခင် ဩဂုတ်လထက် ၈.၅% ပိုများပါတယ်။ ကားရောင်းအား တစ်လက်ထက်တစ်လ ပိုများလာတာ ၃ လ ဆက်တိုက် ရှိပြီလို့ ဗီယက်နမ် မော်တော် ယာဉ် ထုတ်လုပ်သူများ အသင်း  Vietnam Automobile Manufacturers Association (VAMA) က ပြောကြားပါတယ်။
အသင်းမှ ထုတ်ပြန်တဲ့စာရင်းမှာ အီးဗီ ထုတ်လုပ်တဲ့ VinFast နှင့် Hyundai ကား ထုတ်လုပ်ပေးတဲ့ TC Group တို့ရဲ့ ရောင်းအား မပါဝင်ပါ။
ယခုလို ၃ လဆက်တိုက် ရောင်းအားတက်ခဲ့ပေမဲ့ ၂၀၂၂ မေလ ရောင်းအားစံချိန်ကို မမီပါ။ ယခုနှစ်အတွက် ကားစီးရေ အများဆုံးရောင်းချတဲ့ စံချိန် တင်ထားတဲ့ မေလမှာ စီးရေ ၄၃,၈၀၀ ရောင်းချခဲ့ပါတယ်။ 

 

 TC Motor နှင့်  VinFast မပါ  ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ  ၉ လတာ ရောင်းအား စီးရေ ၂၉၆,၄၀၃ ရှိခဲ့ပါတယ်။

 


Truong Hai Auto Corporation (Thaco) က စီးရေ ၁၀၁,၆၁၄ ဖြင့် အများဆုံး ရောင်းချခဲ့ပါတယ်။ 
Toyota က စီးရေ ၆၄,၁၃၀ ဖြင့် ဒုတိယ အများဆုံး ဖြစ်ပါတယ်။ 
Mitsubishi က စီးရေ ၃၀,၂၉၆  ဖြင့် တတိယ အများဆုံး ဖြစ်ပါတယ်။ 
စတုတ္ထနေရာမှာ Honda ရှိနေပြီး ပဉ္စမနေရာမှာ Ford ရှိနေပါတယ်။ 

 

TC Group က စီးရေ ၅၆,၃၂၀ ရောင်းချခဲ့ကြောင်း အစီရင်ခံပါတယ်။
VinFast က ရောင်းချစီးရေ ထုတ်ပြန်နိုင်ခြင်း မရှိသေးပါ။ 
Source vnexpress 
TO GET INSTANT UPDATE 
Join Telegram Channel  
https://t.me/Guid4U

Read 179 times