လေအားသုံး ကားတင်သင်္ဘော စတင် တည်ဆောက်


လေအားသုံး ကားတင်သင်္ဘော စတင် တည်ဆောက်

 

ဟိုက်ဘရစ်နှင့် လျှပ်စစ်ကားများ သုံးစွဲလာကြချိန်တွင် ၎င်းကားများကို ပို့ဆောင်ပေးသော ကားတင်သင်္ဘောအနေဖြင့်လည်း လေထုညစ်ညမ်းမှု နည်းပါးသော ရေယာဉ် ဖြစ်သင့်ပါတယ်။

ထို့အတွက် လေအားသုံး ကားတင်သင်္ဘောကို တည်ဆောက်ကြတာ ဖြစ်ပါတယ်။

ကမ္ဘာ့ပထမဆုံး Oceanbird သင်္ဘောဒီဇိုင်းဖြင့် Orcelle Wind ကားတင်သင်္ဘောကို ကားတင်သင်္ဘောလိုင်း Wallenius Wilhelmsen က မှာကြားထားပါတယ်။ ကမ္ဘာ့ပထမဆုံး လေအားသုံး ကားတင်သင်္ဘောအဖြစ် သမုဒ္ဒရာဖြတ်သန်းတဲ့ ရေကြောင်းခရီးစဉ်များကို ပြေးဆွဲမှာ ဖြစ်ပါတယ်။

Orcelle Wind ကားတင်သင်္ဘောက ကားစီးရေ ၇,၀၀၀ တင်ဆောင်နိုင်မယ့် အရွယ်အစား ဖြစ်ပါတယ်။ လေအားဖြင့် တစ်နာရီ ရေမိုင် ၁၂ မိုင်အထိ မြန်ပါတယ်။ အတ္တလန်တိတ်သမုဒ္ဒရာကို ၁၂ ရက်ဖြင့် ဖြတ်သန်းနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

ရွက်တိုင်က အမြင့် ၂၆၂ ပေ (မီတာ ၈၀) ရှိပါတယ်။  သင်္ဘောရဲ့ ရွက်တိုင်အမြင့်အပါအဝင် စုစုပေါင်းအမြင့် ၃၃၄ ပေ(၁၀၅ မီတာ) ရှိပါတယ်။

ကမ္ဘာ့အမြင့်ဆုံးသင်္ဘောဖြစ်ပါတယ်။

 ဆိပ်ကမ်းတွေမှာ အမြင့်ကြောင့် မလွတ်မကင်းဖြစ်နေရင် ရွက်တိုင်တွေကို နိမ့်ချထားဖို့အတွက် ရွက်တိုင်အမြင့်ကို နှိမ့်ချလို့ရအောင် ဒီဇိုင်း ထုတ်ထားပါတယ်။

 #MyanmarAutomobileGuide 

Telegram Channel

https://t.me/Guid4U

Source: walleniuswilhelmsen.com

 

 

MAG

Read 2908 times