Velonmobile ခေါ် Bicycle car(ကားစက်ဘီး)ဆိုတာ လေခွင်အားရရှိဖို့အတွက်နဲ့ ရာသီဥတုဒဏ်နဲ့ မတော်တဆယာဉ်တိုက်မှုတွေကနေကာကွယ်ပေးဖို့အတွက် အမိုးအကာပါဝင်ပြီးလူသားတို့ရဲ့ကာယစွမ်းရည်ကို အသုံပြုမောင်နှင်းရတဲ့ Human-Powered Vehicle(HPV)ယာဉ်တစ်သီး ဖြစ်ပါတယ်။
အဲဒီယာဉ်တွေဟာ ထိုင်ခုံနောက်မှီပါတဲ့ စက်ဘီးနဲ့သုံးဘီးစက်ဘီးတွေကနေ အခြေခံပေါ်ပေါက်လာတာဖြစ်ပြီး Aerodynamic Shell လို့ခေါ်တဲ့ လေစီးဆင်းမှုချောမွေ့စေမယ့် အရှေ့ဘက် လေကာ အစိတ်အပိုင်း ပါဝင်ပါတယ်။
ခြေနင်းပြား အသုံးပြုမောင်နှင်းရတဲ့ အမိုးအကာပါ နှစ်ဘီးတပ်ယာဉ်တွေကိုတော့ Stramliner လို့ခေါ်ဝေါ်ခဲ့ကြပြီးပြိုင်ပွဲဝင် ဖို့အတွက် အဓိကရည်ရွယ်ခဲ့တာပါ။
သုံးဘီး နဲ့အထက် ယာဉ်တွေကတော့ လေခွင်းမောင်းနှင်ဲ့အခါမှာ ပိုတည်ငြိမ်မှုရှိတာကြောင့်နေ့စဉ်အသုံးပြုဖို့ ပိုပြီးသင့်လျော်ပါတယ်။
ဒါပေမဲ့ ဘီးအပိုတွေဟာ လေခုခံအားကို ပိုတိုးစေပြီး စွမ်းအင်းကို လျော့ကျစေတာကြောင့် ပြိုင်ပွဲမှာ အသုံပြုဖို့တော့ အကန့်အသတ်ရှိပါတယ်။
ပထမကမ္ဘာ့စစ်နတိုင်ခင်တုန်းက Charles Mochet ဆိုသူဟာ သားဖြစ်သူအတွက် လေးဘီးတပ် အသေးစား ကားစက်ဘီးကို တည်ဆောက်ပေးခဲ့ပြီး Velocar လို့ခေါ်တဲ့ အသေးစာယာဉ်မိုဒယ်များစွာကိုလည်း ဖန်းတီးတည်ဆောက်ခဲ့ပါတယ်။
တချို့ကားစက်ဘီးမိုဒယ်တွေဟာ ထိုင်ခုံ နှစ်ခုံပါပြီး အတော်များများကတော့ ခြေနင်းပြား အသုံးပြုစီးနင်းရတဲ့ယာဉ်ငယ်တွေဖြစ်ပေမဲ့ နောက်နှစ်များစွာ ကြာတဲ့အခါမှာတော့ အဲဒီလိုယာဉ်တော်တော်များများကို အင်ဂျင်အသေးစားတွေ တပ်ဆင်အသုံးပြုခဲ့ကြပါတယ်။
၁၉၇၀ ပြည့်လွန်နှစ်တွေမှာတာ့ လူ့ကာယ အားကို အသုံးပြုမောင်နှင်းရတဲ့ People Powered Vehicle (PPV) ယာဉ်တွေထုတ်လုပ်ခဲ့ပြီး ရှေ့/နောက်ထိုင်ခုံနှစ်ခုပါဝင်တဲ့ အဲဒီယာဉ်တွေဟာ ပေါင်း ၁၁၀ ကျော် လေးလံပေမဲ့ စီးနင်းရတာ ပေါ့ပါးပြီး ထိုင်ခုံတွေ သက်တောင့် သက်သာရှိတာ ၊ ရာသီဥတု အကာအကွယ်ဖြစ်တာ ၊ ပစ္စည်းထည့်စရာနေရာ သင့်တင့်တာ တို့လို အားသားချက် တွေ ရှိပါတယ်။
ဒါပေမဲ့ လည်း အားနည်းချက်တွေနဲ့တော့မကင်းနိုင်ပါဘူး။
ကမ္ဘာ့မှာ Velonmobile တည်ဆောက်သူ အနည်းငယ်သာရှိပြီး တချို့ Velonmobile တွေက အိမ်းတွင်းဖြစ်တွေပါ။
တချို့ Velonmobile မိုဒယ်တွေဟာ ခေါင်းပြုပြီး မောင်းနှင်းရတဲ့ ပုံစံတွေဖြစ်လို့ အားနည်းချက်အနေနဲ့ လေခွင်းအားနည်းမှုနဲ့ ရာသီဥတုဒဏ်ခံရမှု ရှိပါတယ်။
ဟိုက်ဘရစ်မိုဒယ် Velonmobile တွေကတော့ လူ့ကာယအားနဲ့ လျှပ်စစ်မိုတာရဲ့ စွမ်းရည်ကိုပူးပေါင်း အသုံးပြုရပါတယ်။
Velonmobile တွေကို အရေအတွက် အနည်းအကျဉ်းလောက်ပဲ ထုတ်လုပ်ကြပြီး ၁၉၈၅ ခုနှစ် ဝန်းကျင်လောက်တုန်းကတော့ Sinclair C5 Velonmobile ကိုဈေးနှုန်းချိုချိုနဲ့ အရေအတွက်များများ ထုတ်လုပ်ဖို့ကြိုးစားခဲ့ဖူးပါတယ်။
ဒါပေမဲ့ C5 ဟာဒီဇိုင်းပိုင်းအားနည်းခဲ့ပြီး ဂီယာတစ်ချက်ပဲပါတာ ၊ ထိုင်ခုံအကွာအဝေးချိန်ညှိလို့မရတာ ၊ လေးလံတာတို့လို တခြားအားနည်းချက် တော်များခဲ့ ပါတယ်။
၂၀၁၇ ခုနှစ်အထိ Velonmobile ကိုစီးပွားဖြစ် ထုတ်လုပ်တဲ့သူတောတော်များများ ရှိသလို တစ်စီးတလေဘဲ ထုတ်လုပ်တဲ့သူလည်း မနည်းပါဘူး။
ဒါပေမဲ့ထုတ်လုပ်သူတိုင်းလိုလိုဟာ တဖက်ဖက်မှာပဲ အလေးထားကြပါတယ်။
ဥပမာဆိုရင် အရှိန်မြင့်ဖို့အတွက် လေခွင်းအားနဲ့ပေါ့ပါးမှုကို အလေးပေးဖန်တီးထားပေမဲ့ အဝင်/ အတွက်လွယ်ကူမှု၊ သက်တောင့်သက်သာရှိမှုနဲ့ တခြားကိစ္စရပ်တွေမှာတော့ အားနည်းချက်တွေရှိပါတယ်။
ထိုင်ခုံခါးပတ် ၊ အသက်ကယ်လေအိတ် စတာတွေမပါဝင်တဲ့ Velonmobile တွေဟာ ကားတွေလို လုံခြုံစိတ်ချရမှုမရှိပေမဲ့စက်ဘီးတွေထက်တော့ ပိုလုံခြုံပါတယ်။ Velonmobile တွေကို ဒိန်းမတ် ၊ ဟော်နလ် ၊ ဘယ်လ်ဂျီယံ ၊ ဂျာမနီ ၊ ချက် ၊ အမေရိကန်ပြည်ထောင်စု နဲ့သြစတြေးလျနိုင်ငံတွေမှာ အဓိက ထုတ်လုပ်ပါတယ်။