ဒီလထဲမှာ ကညနရုံးတွေ ပြန်ဖွင့်ပေးဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။ ရုံးတွေ ပြန်လည်ဖွင့်နိုင်ဖို့အတွက် ကိုဗစ်ကော်မတီကို တင်ပြထားပါတယ်။
ခွင့်ပြုပေးတာနဲ့ ပြည်သူကို ကြိုတင်အသိပေးကြေညာ ပေးသွားမှာပါ။
ကညန ရုံးတွေပြန်ဖွင့်ရင်လည်း အရင်အတိုင်း ကနဦးမှတ်ပုံတင်ကြေးတွေကို ပုံမှန်အတိုင်းဖြေလျှော့ ပေးသွားမှာပါ။"ဟု နေပြည်တော်ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနရုံးချုပ်မှ ညွှန်ကြားရေးမှူး ဦးမျိုးကျော်အောင်က နိုဝင်ဘာ ၁၁ရက်တွင် မြန်မာတိုင်းမ်သို့ ပြောကြားသည်။
ထိုသို့ ကညနရုံးများ ပြန်လည်ဖွင့်လှစ်ပါက ယခင် ဖြေလျှော့ပေးထားသည့် ယာဉ်မှတ်ပုံတင်ခများ လျှော့ချကောက်ခံပေးမည့် နှုန်းထားများမှာ စက်စွမ်းအား ၁၃၅၀ စီစီနှင့်အောက်ကို ၃၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ၊
စက်စွမ်းအား ၁၃၅၁ စီစီမှ ၂၀၀၀ စီစီအထိကို ၅၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိ၊ စက်စွမ်းအား ၂၀၀၁ စီစီမှ ၅၀၀၀ စီစီအထိကို ၈၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ၊ စက်စွမ်းအား ၅၀၀၁ စီစီနှင့်အထက်ကို ၁၂၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းအထိ
လျှော့ချကောက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Crd