တရုတ်နိုင်ငံ မော်တော်ယာဉ်ဝယ်ယူမှု သက်တမ်းတိုး အခွန်ကင်းလွတ်ခွင့် ကန်ဒေါ်လာ ၇၂ ဘီလီယံအထိ ရှိလာမည်
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
တရုတ်နိုင်ငံသည် စွမ်းအင်သစ်သုံးကားများ new energy vehicle (NEV) အတွက် အနာဂတ်ဝယ်ခွန်မူဝါဒကို ဇွန်လ ၂၁ ရက်တွင် ရှင်းလင်းပြောကြားခဲ့သည်။
စွမ်းအင်သစ်သုံး ကားအသစ်များအတွက် မော်တော်ယာဉ်ဝယ်ယူမှု အခွန်ကင်းလွတ်ခွင့်ကို သက်တမ်တိုးပေးလိုက်သည်။
စွမ်းအင်သစ်သုံး ကားအသစ်များအတွက် လာမည့်လေးနှစ်အတွင်း မော်တော်ယာဉ်ဝယ်ယူမှု အခွန်ကင်းလွတ်ခွင့် ပေးအပ်မည်ဖြစ်ရာ စုစုပေါင်း အခွန်လျှော့ပေါ့သည့် ပမာဏ ကန်ဒေါ်လာ ၇၀ ဘီလီယံကျော်မည်ဟု ခန့်မှန်းထားသည်။
ပဏာမ ခန့်မှန်းချက်များအရ တရုတ်နိုင်ငံ၏ မော်တော်ယာဉ်ဝယ်ယူမှု အခွန်ကင်းလွတ်ခွင့်သည် ၂၀၂၄-၂၀၂၇ ခုနှစ် ကာလတွင် စုစုပေါင်း ယွမ်ငွေ ၅၂၀ ဘီလီယံ (ကန်ဒေါ်လာ ၇၂ ဘီလီယံ) ရှိမည်ဟု ဘဏ္ဍာရေးဒုဝန်ကြီး Xu Hongcai က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
• ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အတွင်း ဝယ်ယူသည့် NEV အသစ်များအတွက် မော်တော်ယာဉ် ဝယ်ယူခွန် ကင်းလွတ်ခွင့် ပေးမည်ဖြစ်ရာ၌ NEV အိမ်စ္းကား အသစ်တစ်စီးအတွက် ကင်းလွတ်ခွင့်ပေးသည့် အခွန်ပမာဏသည် ယွမ် ၃ သောင်း မကျော်ရဟု ကန့်သတ်ထားသည်။
• ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ၂၀၂၇ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အတွင်း ဝယ်ယူမည့် NEV များအတွက် မော်တော်ယာဉ်ဝယ်ယူခွန်အား ပုံမှန်နှုန်းထားထက် ထက်ဝက်မျှသာ စည်းကြပ်ကောက်ခံမည်ဖြစ်ရာ၌ NEV အိမ်စီးကား အသစ်တစ်စီးအတွက် ကင်းလွတ်ခွင့်ပေးသည့် အခွန်ပမာဏသည် ယွမ် ၁ သောင်းခွဲ မကျော်ရဟု ကန့်သတ်ထားသည်။
အကျုံးဝင်သော အိမ်စီးကားအမျိုးအစားများမှာ
• ဘက်ထရီသုံး လျှပ်စစ်ကားစစ်စစ်များ
• လောင်စာဆဲလ်သုံး ကားများ
• ပလပ်ထိုးအားသွင်းသည့် ဟိုက်ဘရစ် ကားများ
ဖြစ်ပါသည်။
အိမ်စီးကားဟု ဆိုရာ၌ ယာဉ်မောင်း အပါအဝင် ၉ ယောက်စီးထက် မပိုရပါ။
တရုတ်နိုင်ငံသည် NEV ဝယ်ယူခြင်းအတွက် ဝယ်ယူခွန် ကင်းလွတ်ခွင့်ကို ၂၀၁၄ ခုနှစ်တွင် စတင်ပေးအပ်ခဲ့ပြီး လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း အကြိမ်ပေါင်းများစွာ သက်တမ်းတိုးခဲ့သည်။
တရုတ်နိုင်ငံတွင် ပုံမှန် ယာဉ်ဝယ်ယူခွန်သည် ၁၀ ရာခိုင်နှုန်းဖြစ်ပါသည်။ ယခုအခါ လောင်စာဆီသုံး အင်ဂျင်ကားများ ဝယ်ယူပါက ယာဉ်ဝယ်ယူခွန် ၁၀% ပေးဆောင်ရပါသည်။
၂၀၂၂ ခုနှစ် နှစ်ကုန်တွင် NEV များအတွက် တရုတ်နိုင်ငံတွင် အခွန်ကင်းလွတ်ခွင့် ပေးခဲ့သည့် စုစုပေါင်း ပမာဏသည် ယွမ် ၂၀၀ ဘီလီယံကို ကျော်လွန်သွားခဲ့သည်။
($1 = RMB 7.1941)
Source cnevpost
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL