ဂျပန်ကားဈေးကွက် တစ်ပတ်ရစ် Land Cruisers များ ကားအသစ်ဈေးထက် နှစ်ဆကျော် ဈေးမြင့်တက်
တိုယိုတာကားအသစ်များ ဝယ်လိုအား အလျဉ်မီအောင် မထုတ်လုပ်နိုင်သဖြင့် ကားအသစ် ပြတ်လပ်မှုကြောင့် တစ်ပတ်ရစ် Land Cruisers များ စျေးနှစ်ဆကျော် မြင့်တက်လာသည်။ ပြန်ရောင်းဈေး $129,000 သည် ကားဝယ်သူများက စောင့်ဆိုင်းစာရင်းကို ရှောင်လွှဲပြီး ကားရရှိဖို့အတွက် ပိုပေးပြီး ကားဝယ်ယူလိုကြသည်။ ဂျပန်နိုင်ငံ၏ ထိပ်တန်းကားထုတ်လုပ်သူ Toyota က ကားအသစ်ဝယ်ယူသူများကို စောင့်ဆိုင်းစာရင်းတွင် အမှာစာလက်ခံပြီး စောင့်ခိုင်းထားခြင်းအပြင် အမှာစာ လက်မခံတော့သည်များလည်း ရှိနေသဖြင့် Toyota ကားမော်ဒယ်အချို့ ဂျပန်ဈေးကွက်ထဲပြတ်လပ်နေသည်။
ဝယ်လိုအားက လျော့မကျသဖြင့် တစ်ပတ်ရစ်ကား ပြန်လည်ရောင်းချမှုစျေးနှုန်းများသည် ကားအသစ်ကျပ်ချွတ် စျေးနှုန်းများထက် သာလွန်နေပါသည်။ တစ်ပတ်ရစ်ကား လုပ်ငန်း ဝဘ်ဆိုက် အော်ပရေတာ Proto Corp ၏ အဆိုအရ 2022 Land Cruiser ZX ၏ ပျမ်းမျှစျေးနှုန်းသည် ဇူလိုင်လနှောင်းပိုင်းတွင် ယန်း ၁၇.၀၅ သန်း (ဒေါ်လာ ၁၂၉,၀၀၀) သို့ ရောက်ရှိခဲ့သည်။ လူကြိုက်များသော sport utility vehicle SUV ကား၏ ဓာတ်ဆီအင်ဂျင်ဗားရှင်းအတွက် Toyota ၏ ရောင်းဈေးနှုန်း ယန်း ၅.၁ သန်း (ဒေါ်လာ ၄၆,၅၀၀ ခန့်) ထက် နှစ်ဆကျော် မြင့်မားနေသည်။
ကမ္ဘာလုံးဆိုင်ရာ ချစ်ပ်ပြတ်လပ်မှုကြားတွင် ကားထုတ်လုပ်ရန် ကြိုးပမ်းမှုကြရာ၌ ကားထုတ်လုပ်သူ၏ မစွမ်းသာတော့သည့်ဖြစ်အင်ကို စပတ်ရစ်ကားဈေးနှုန်းများ ထင်ဟပ်ပြသနေသည်။ ယခုလို တစ်ပတ်ရစ်ကားများ ဈေးမြောက်တက်သည်ကို မကြုံဖူးသော ဖြစ်ရပ်ဟု ဈေးကွက်စောင့်ကြည့်သူများက ပြောကြားခဲ့ကြသည်။ ရှားပါးပြီး ဝယ်လိုသူ များပြားနေတဲ့ ကားမော်ဒယ်မျိုးကို ပြည်တွင်းဈေးကွက်မှာ ဈေးခုန်တက်တဲ့ ဖြစ်ရပ်တွေ ရှိခဲ့ဖူးပါတယ်။
အခုလို မော်ဒယ်အများအပြား ဈေးခုန်တက်တာတော့ တစ်ခါမှ မမြင်ဖူးဘူး" ဟု ဂျပန်နိုင်ငံ နာဂိုရာမြို့မှ တစ်ပတ်ရစ်ကား ရောင်းဝယ်ရေး လုပ်ငန်းစု Goodspeed မှ ဒါရိုက်တာ Yasuyuki Matsui က ပြောကြားသည်။ Toyota ၏ အရွယ်အစား အကြီးမားဆုံး မီနီဗင် minivan ဖြစ်သည့် Alphard ဟိုက်ဘရစ် 2021 Executive Lounge S ဗားရှင်း ကားအသစ် ရောင်းဈေးနှုန်းက ယန်း ၇.၇၅ သန်း ဖြစ်ပြီး စပတ်ရစ်ကား ပေါက်ဈေးက ယန်း ၈.၂၅ သန်း ဖြစ်နေပါသည်။
Harrier နှင့် Corolla Cross ကားမော်ဒယ် နှင့် အတန်းအစားအချို့၏ တစ်ပတ်ရစ်ကား ပေါက်ဈေးများမှာလည်း ကားအသစ်ဈေးထက် ပိုများနေပါသည်။ ကားဝယ်သူအချို့သည် ဘယ်သောအခါမှ ရရှိမည် မသိရသော ကားအသစ်တစ်စီးကို ရရှိဖို့ စောင့်ဆိုင်းခြင်းထက် ယခုအခါ အနည်းငယ်အသုံးပြုထားပြီးဖြစ်သော Toyota ကား တစ်ပတ်ရစ် အသန့်ကို ဈေးကြီးပေးပြီး ဝယ်စီးဖို့ စိတ်အားထက်သန်ကြသည်။
Toyota Motor က ကြိုတင်ဝယ်ယူ အမှာစာတွေကို အလျဉ်မီအောင် ထုတ်လုပ်မပေးနိုင်သည့် စီးရေ စုစုပေါင်းမှာ ကားမော်ဒယ်များ အားလုံးအတွက် စုစုပေါင်းစီးရေ ၁ သန်းဝန်းကျင် ရှိနေပြီး ဂျပန်ပြည်တွင်း Toyota ကားမော်ဒယ် အမျိုးမျိုး တစ်နှစ်တာ ထုတ်လုပ်မှု စီးရေ စုစုပေါင်းရဲ့ သုံးပုံတစ်ပုံ နှင့် ညီမျှပါသည်။ Land Cruiser တစ်စီး မှာကြားလျှင် ၄ နှစ်ကျော် ကြာမြင့်ပါမည်။ အခြား အဝယ်လိုက်သည့် SUV မော်ဒယ်များအဖို့ အနည်းဆုံး တစ်နှစ်နီးပါး စောင့်ဆိုင်းရမည် ဖြစ်သည်။
ချစ်ပ်ပြတ်လပ်မှုအပြင် ယခုနှစ် ရှန်ဟိုင်းတွင် COVID-19 လော့ဒေါင်းများသည် Toyota ၏ ထောက်ပံ့ရေးကွင်းဆက်အပေါ် ကာလရှည်ကြာ ဆိုးကျိုးများ သက်ရောက်နေဆဲ ဖြစ်သည်။ နိုင်ငံရပ်ခြား ကားဝယ်လက်များကြောင်လည်း ဂျပန်နိုင်ငံတွင် တစ်ပတ်ရစ်ကားများ ဈေးတက်စေနေကြောင်း Matsui က ပြောသည်။ တစ်ပတ်ရစ်ကားရောင်းဝယ်သူများသည် နိုင်ငံရပ်ခြား ကားဝယ်လက်များအတွက် အွန်လိုင်းကားလေလံပွဲများဖြင့် ရောင်းချကြသည်။ “ေပါ်ထွန်းစ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ချမ်းသာတဲ့ ဖောက်သည်တွေဆီ တင်ပို့တဲ့ ဝယ်သူတွေက ဈေးကြီးကြီးမားမားတွေ ပေးပြီး လေလံဆွဲကြတယ်” ဟု ရောင်းချသူတစ်ဦးက ပြောသည်။
ဂျပန်ပြည်တွင်းအတွက်သာ ထုတ်လုပ်တဲ့ Japan-only Toyota မော်ဒယ်များတွင် Harrier ကဲ့သို့သော ပင်လယ်ရပ်ခြားမှ ဝယ်လက်များအကြား လူကြိုက်များသည့် ကားမော်ဒယ်များကို ၎င်းတို့ နေထိုင်ရာတိုင်းပြည်တွင် ကားအသစ် ဝယ်ခွင့်ရဖို့အတွက် နှစ်ပေါက်အောင် စောင့်ကြရသည်။ သို့ဖြစ်ရာ Japan-only ကားကို လေလံဆွဲပြီး ဝယ်ယူကြသည်။ Land Cruisers၊ Alphards နှင့် Harriers များအတွက် အမှာစာအသစ်များ လက်ခံခြင်းကို Toyota Motor က လအကန့်အသတ်မရှိ ရပ်ထားသည်။ မည်သည့်အချိန်တွင် ပြန်လည်စတင်မည်ဆိုသည်ကိုလည်း မသိနိုင်ပေ။
ကားဟောင်းများ ဈေးကောင်း ရလာခြင်းမှာ Toyota မျှသာ မဟုတ်ချေ။ Suzuki Motor ၏ လူကြိုက်များသော ၄ဘီးယက် Jimny ကဲ့သို့သော အခြားသော အမှတ်တံဆိပ်အချို့သည်လည်း အသစ်များထက် စျေးနှုန်းများ မြင့်မားစွာ ရယူလျက်ရှိသည်။
Telegram Channel https://t.me/Guid4U
Source: nikkei Asia