တစ်ပတ်ရစ် ဂျပန်ကားများ ရုရှားသို့ တင်ပို့မှု ပိတ်ပင်


တစ်ပတ်ရစ် ဂျပန်ကားများ ရုရှားသို့ တင်ပို့မှု ပိတ်ပင်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 


ယူကရိန်းနိုင်ငံအပေါ် ကျုးကျော်စစ် ဆင်နွှဲသည့်အတွက် ရုရှားကို ပိတ်ဆို့အရေးယူမှုများ ရှိနေသည့်အောက်တွင် ရုရှားသို့ တစ်ပတ်ရစ် ဂျပန်ကားများ တင်ပို့မှု မြင့်တက်လာခဲ့ပြီး ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၂ ဘီလီယံနီးပါး ရှိလာစဉ် ဂျပန်အစိုးရက တစ်ပတ်ရစ် ဂျပန်ကားများ အားလုံးနီးပါးကို ရုရှားသို့ တင်ပို့ခြင်း မပြုရန် တားမြစ်လိုက်သည်။

ဂျပန်နိုင်ငံသည် ရုရှားနိုင်ငံသို့ ဇိမ်ခံကားများ တင်ပို့ခြင်းကို ယမန်နှစ် ဧပြီလတွင်  ပိတ်ပင်ခဲ့သည်။ ဇွန်လတွင် အကြီးစားထရပ်ကားများ တင်ပို့မှု တားမြစ်ချက်ကို ထပ်တိုးခဲ့သည်။

ယခုအခါ Toyota Yaris ၊ Honda Fit ကဲ့သို့သော ကားအငယ်စားများကိုသာ ရုရှားသို့ တင်ပို့ရန် ခွင့်ပြုသည်။

ဩဂုတ်လအစောပိုင်းတွင် ဂျပန်အစိုးရသည် ရုရှားနိုင်ငံသို့ အငယ်စားကားများမှအပ  တစ်ပတ်ရစ် ဂျပန်ကားများ တင်ပို့ခွင့်ကို ပိတ်ပင်ခဲ့သည်။ 
တပတ်ရစ် တိုယိုတာ၊ နီဆန်း၊ ဟွန်ဒါ ကားများ တင်ပို့နေသည့် ကွန်ရက်မှ ပွဲစားများ၊ တပတ်ရစ်ကားများ သင်္ဘောတင်သည့် Fushiki အပါအဝင် ဂျပန်မှပင်လယ်ဆိပ်ကမ်းငယ်များ အမြတ်မြိုးမြိုးမြက်မြက် ရနေသည့် ခွင်တစ်ခု ဆုံးရှုံးသွားသည်။

Toyama အခြေစိုက် SV Alliance သည် သက်တမ်း နှစ်နှစ်ကြာပြီဖြစ်သော မော်တော်ကား တင်ပို့သည့်လုပ်ငန်းဖြစ်ပြီး ဂျပန်နိုင်ငံ Fushiki ပင်လယ်ဆိပ်ကမ်းမှ ဇူလိုင်လအထိ လစဉ် ပျမ်းမျှကားဟောင်း ၆,၅၀၀ ခန့်ကို ရုရှားနိုင်ငံသို့ ပေးပို့ခဲ့သည်။ 
Fushiki ပင်လယ်ဆိပ်ကမ်းသည် ရုရှားမှ Vladivostok ပင်လယ်ဆိပ်ကမ်းနှင့် ကီလိုမီတာ ၈၀၀ (မိုင် ၅၀၀) ကွာဝေးပြီး ကားတင်သင်္ဘောအနေဖြင့် နှစ်ရက်ခရီး ဖြစ်သည်။
ကားသင်္ဘောများ မရှိတော့သဖြင့် Fushiki ပင်လယ်ဆိပ်ကမ်းသည် စီးပွားကျသည်။ ‌လော့ဂျစ္စတစ် လုပ်ငန်းများလည်း အလုပ်ပါးသွားသည်။


 ဂျပန်တပတ်ရစ်ကားအတွက် အကြီးဆုံးဈေးကွက် ဖြစ်သည့် ရုရှားသို့ တင်ပို့ခွင့် မရတော့သည့်နောက်တွင် ဂျပန်တွင် တပတ်ရစ်ကားများ ဈေးကျကုန်သည်။ ပွဲစားများသည် ဂျပန်နိုင်ငံနည်းတူ ဝဲဘက်ကပ်မောင်းသည့်စနစ် ကျင့်သုံးသည့် နယူးဇီလန်၊ အာဖရိကနှင့် အရှေ့တောင်အာရှနိုင်ငံများသို့ တပတ်ရစ်ကားများ တင်ပို့နိုင်ရန် ကြိုးပမ်းကြရသည်။ 


ရုရှားက ယူကရိန်းကို  ကျူးကျော်ပြီးနောက် တိုယိုတာ အပါအဝင် ကမ္ဘာ့ကားထုတ်လုပ်သူများ ရုရှားမှ ထွက်ခွာခဲ့ကြရာ ကားအသစ်များ မရနိုင်တော့သဖြင့် ဂျပန်မှ တစ်ပတ်ရစ်ကားများအတွက် ရုရှားမှာ ဝယ်လိုအား ခုန်တက်သွားသည်။
၂၀၂၀ ပြည့်နှစ်တွင် ဂျပန်တပတ်ရစ်ကားများ၏ ၁၅% ခန့်ကို ရုရှားဈေးကွက်က ရယူခဲ့သည်။ ပျမ်းမျှဈေးနှုန်းမှာ တစီးလျှင် $4,000 ဝန်းကျင် ဖြစ်ပါသည်။ ၂၀၂၂ ခုနှစ်တွင် ဂျပန်တပတ်ရစ်ကားများ၏ ၂၅% ကျော်ကို ရုရှား တင်သွင်းခဲ့ပြီး ပျမ်ူမျှဈေးနှုန်းမှာ $8,200 နီးပါးအထိ မြင့်တက်နေခဲ့သည်။


၂၀၂၃ ခုနှစ်တွင် ဂျပန်အစိုးရက တစ်ပတ်ရစ် ဂျပန်ကားများ တင်ပို့ခွင့် မပိတ်ပင်ခင်အထိ ကန်ဒေါ်လာ ၉ ဘီလီယံဖိုး တင်ပို့ထားသည်။


ရုရှားသည် ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် တပတ်ရစ်ကား အစီးရေ ၃၀၃,၀၀၀ တင်သွင်းခဲ့ရာ၌ ထက်ဝက်ကျော်သည် ဂျပန်မှ တပတ်ရစ်ကားများ ဖြစ်သည်။
၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် ရုရှားမှာ ရုရှားကားများနှင့် တရုတ်ကားများ ကားအသစ်ကျပ်ချွတ် း ၆၀၆,၉၅၀ စီး ရောင်းချခဲ့သည်။ 
သို့ဖြစ်ရာ ကားအသစ် ရောင်းအား ထက်ဝက်ဝန်းကျင် အရေအတွက်ကို တပတ်ရစ်ကားများ တင်သွင်းပြီး ရောင်းချသည်။ 


ဂျပန်နိုင်ငံသည် ဆယ်စုနှစ်များစွာ ထိပ်တန်းကားဟောင်း တင်ပို့ရောင်းချသည့်နိုင်ငံ ဖြစ်သည်။

ဂျပန်နိုင်ငံတွင် မဖြစ်မနေ ယာဉ်စစ်ဆေးသည့်စနစ်သည် တင်းကျပ်သဖြင့် ကားဟောင်း ထိန်းသိမ်းရသည့် ကုန်ကျစရိတ် ပိုမိုမြင့်မားစေသည်။ ကားအသစ် ဝယ်စီးသည်က စရိတ်သက်သာသဖြင့် ကားအဟောင်း ဆက်စီးမည့်အစား ကားအသစ် ဝယ်စီးလိုက်ကြသည်။ သို့ဖြစ်ရာ အရေအတွက် သောင်းချီသော ကားဟောင်းများကို ပြည်ပသို့ တင်ပို့သည်။ 
Source Reuters 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 369 times