ထိုင်းတပတ်ရစ်ကားစျေးကွက် ၁၅% စံချိန်တင်ကြီးထွား
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
နှစ်ရှည်လများ ချစ်ပ် ပြတ်လပ်မှုကြောင့် ထိုင်း တစ်ပတ်ရစ်ကားစျေးကွက်သည် ဆက်လက်ကြီးထွားလာေနသည်။
ထိုင်းနိုင်ငံ၏ ကားဟောင်းဈေးကွက်သည် ၁၅ ရာခိုင်နှုန်း ကြီးထွားခဲ့ကြောင်း တစ်ပတ်ရစ်ကားအသင်း Association of Used Car က ပြောကြားသည်။
ချစ်ပ်ရှားပါးမှုကြောင့် ကားမော်ဒယ်လ်သစ်များ ရောင်းချရမှုကို ထိခိုက်ေနပြီး ကားထုတ်လုပ်သူများသည် ဖောက်သည်များထံ ကားများပေးပို့မှု နှောင့်နှေးေနစေသည်ဟု အသင်းဥက္ကဋ္ဌ Pinyo Tanawatcharaporn က ပြောသည်။
"ကားဝယ်တဲ့ အများအပြားတို့က အမှာစာ စာရင်းသွင်းပြီးတံ့အခါ ကားရဖို့ ၆လ ကနေ ၈ လအထိ စောင့်ကြရတာကို မစောင့်ချင်ကြဘူး။ ဒီတော့ အသစ်ကို အကြာကြီး စောင့်မယ့်အစား အဟောင်းကိုပဲ ဝယ်စီးလိုက်ကြတယ်" ဟု ၎င်းက ပြောကြားသည်။
တပတ်ရစ်ကား ရောင်းအားသည် ၂၀၂၁ တွင် စီးရေ ၉ သိန်း ရောင်းချခဲ့ပြီး ၂၀၂၂ တွင် စီးရေ ၁ သန်း ရောင်းချခဲ့သည်။
ကိုဗစ်ကူးစက်မည့်အရေးကို စိုးရိမ်ကြသဖြင့် အများသုံး ယာဉ်များဖြင့် သွားလာခြင်းအစား ကိုယ်ပိုင်ယာဉ်ဖြင့် သွားလာနိုင်ရန် ကားဝယ်စီးသူ ပိုများလာခဲ့သည်။
ထိုင်းနိုင်ငံတွင် လမ်းများပေါ်မှာ သွားလာနေကြသည့် သက်တမ်း တစ်နှစ်ကျော်သာ ရှိသေးသည့် ကားများနှင့် အသုံးမပြုတော့သည့် ကားများ အပါအဝင် တပတ်ရစ်ကား စုစုပေါင်း အစီးရေ သန်း ၆၀ ရှိသည်။
ထိုင်းနိုင်ငံ၏ တစ်ပတ်ရစ်ကားဈေးကွက် ကြီးထွားမှုသည် တိုင်းပြည်စီးပွားရေး ကြီးထွားမှုနှင့် လားရာ ဆန့်ကျင်ဘက် ဖြစ်သည်ဟု ၎င်းက ဆိုသည်။
အကယ်၍ တိုင်းပြည်စီးပွားရေး ယုတ်လျော့နေပါက တပတ်ရစ်ကားဈေးကွက် ရောင်းအား ပိုကောင်းနေသည်။ တိုင်းပြည်စီးပွားရေး ကောင်းနေပါက လူအများတို့သည် ကားအသစ်ကို ဝယ်စီးဖို့ စိတ်ထက်သန်ကြသည်ဟု ၎င်းက ပြောကြားသည်။
ဘဏ်ချေးငွေ အတိုးနှုန်းများ မြှင့်တင်ထားခြင်းကြောင်း ကားဝယ်လိုအားကို အနည်းနှင့်အများ ထိခိုက်စေသည်ဟု ၎င်းက ပြောကြားသည်။
ဘဏ်ချေးငွေ ရယူပြီး ကားဝယ်မည့်သူများသည် အတိုးနှုန်း များနေသဖြင့် ငွေချေးဖို့ ဝန်လေးပြီး ကားမဝယ်ဖြစ်ကြတော့ချေ။
တစ်ပတ်ရစ်ကားများ၏ ဈေးနှုန်းများသည် ကားအသစ်များထက် ၃၀-၄၀% ခန့် သက်သာသည်။
လက်ရှိတွင် တစ်ပတ်ရစ်ကားများ ရောင်းဝယ်ရန် လုပ်ငန်း မှတ်ပုံတင်ထားသည့် ကုမ္ပဏီပေါင်း ၅,၀၀၀ ရှိသည်။
Source Bangkokpost