တာယာသုံးစွဲမှုနှင့်ပတ်သက်၍ သိသင့်သည့်အချက်များ


တာယာသည် ကားကြီး၊ ကား ငယ်အရွယ်အစားမျိုးစုံအတွက် မရှိ မဖြစ် အရေးကြီးသောအရာဖြစ်သည်။ ကုန်တင်ကားကြီးများ၊ ဘတ်စ်ကား ကြီးများ၊ စက်ယန္တရားကြီးများအပြင် လယ်ယာလုပ်ငန်းခွင်သုံး ထွန်စက်၊ ထော်လာဂျီများအထိ အသုံးကျယ်ပြန့် သည်။

တာယာကို ယာဉ်မောင်းသူတိုင်း အသုံးပြုနေကြသော်လည်း တာယာအကြောင်း သိရှိနားလည်မှု အားနည်း၍ တာယာသုံးစွဲမှုအလွဲများရှိနေသည်။

တာယာသုံးစွဲမှုအလွဲများသည် တစ်ခါတစ်ရံတွင် အန္တရာယ်ကို ဖိတ်ခေါ်  လျက်ရှိသည်။

ကားစီးရေ တိုးတက်များပြား လာခြင်းနှင့်အတူ မျိုးဆက်သစ်ယာဉ် မောင်းများ (အမျိုးသမီးများအပါ အဝင်)လည်း အစဉ်တိုးတက်လျက်ရှိ ပါသည်။

***သင်စိတ်ဝင်စားနိုင်သောမြန်မာပြည်ရောက် Ford 2017 Ranger Double Cab***

အရွယ်ရောက်သော ကျန်းမာသန်စွမ်းသူတိုင်း ယာဉ်မောင်း တတ်ရမည်။

ယာဉ်မောင်းတတ်ခြင်း သည် လူ့စွမ်းအားအရင်းအမြစ်တစ်ခု ဖြစ်ပြီး လူငယ်တိုင်း တတ်ထားသင့် သော အတတ်ပညာလည်းဖြစ်သည်။

တာယာများသည် ကားတစ်စီး ၏ ရွေ့လျားနေသော ခြေထောက်များ ဖြစ်သည်။

ကားတာယာဘီးများသည် ယာဉ်တစ်စီးလုံး၏ အလေးချိန်ကို ထမ်းဆောင်ထားပြီး Speed အမျိုး မျိုးဖြင့် လမ်းပေါ်တွင် အန္တရာယ်ကင်း စွာ ရွေ့လျားနိုင်ရန် ဆောင်ရွက်ပေး သည်။

လမ်းမျက်နှာပြင်နှင့် ကား ကိုယ်ထည် တစ်စီးလုံးကြားတွင် ဆက် သွယ်ပေးသော တစ်ခုတည်းသောအရာ မှာလည်း တာယာဘီးများသာ ဖြစ်သည်။

တာယာဘီးများ ကြ့ံခိုင်ရေးနှင့် အန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေး အတွက် သုံးစွဲမှုအလွဲများကို သိရှိ ရှောင်ရှားနိုင်ရမည်။

တာယာသုံးစွဲသူ တိုင်း တာယာဗဟုသုတ ရှိရမည်။

တာယာတည်ဆောက်ထားပုံ၊ အမျိုး အစား ခွဲခြားထားပုံတို့ကို ယခင် ဆောင်းပါးများတွင် ရေးသားတင်ပြ ခဲ့ပြီးဖြစ်ပါသည်။

တာယာသုံးစွဲမှုအလွဲများ

(၁) တာယာရွေးချယ်ခြင်း

မိမိကားနှင့် လိုက်ဖက်ညီသောတာယာ အမျိုးအစားကို ရွေးချယ်ရမည်။

ရေဒီ ယယ်တာယာ (Radial Tire)နှင့် ဘိုင်ယာ့စ် (Bias Tire)တာယာဟူ၍ (၂) မျိုးရှိသည်။

ထို့ပြင် ရာသီဥတုအခြေအနေ၊လမ်းအခြေအနေ၊ ကားအမျိုးအစား (ဆလွန်းကားလား၊ ဗင်ကားလား၊ ပစ်ကပ်လား၊ လိုက်ထရပ်လား၊ မီနီ ဘတ်စ်လား) ပေါ်မူတည်၍ တာယာ ကိုရွေးချယ်ရသည်။

နွေ၊ မိုး၊ ဆောင်း ရာသီမရွေးသုံးနိုင်သော တာယာများ ကို All-Season Tireဟုခေါ်သည်။

အမြန်လမ်းတွင် Highspeed တင် မောင်းနိုင်သော ပြိုင်ကားတာယာများ ကို (Performance Tire)ဟုခေါ် သည်။

တာယာ ရွေးချယ်ရာတွင် တာယာဘေးသား၌ ထုတ်လုပ်နေ့စွဲ၊ တာယာထမ်းဆောင်နိုင်သောဝန်အား (Load Index)အညွှန်းကိန်းနှင့် အများဆုံးအမြန်သွားနိုင်သော အမြန် နှုန်းအညွှန်းကိန်း (Speed Index) တို့ကိုဖော်ပြထားသည်။

ထိုအညွှန်း ကိန်းများသည် တာယာရွေးချယ်ရာ တွင် ထည့်သွင်းစဉ်းစားရသောအချက်များဖြစ်သည်။

Sample Load Index Rating

71 = 761 lbs

75 = 853 lbs

80 = 992 lbs

85 = 1135 lbs

90 = 1323 lbs

100 = 1764 lbs

 ဥပမာ တာယာဘေးသား၌"P 205/65R15 85H" ဟုရေးထား လျှင် နောက်ဆုံးစာလုံး

85H သည် ၀န်ချိန်နှင့် အမြန်နှုန်းကို ရည်ညွှန်း သည်။

85 သည် Load Index ဇယားတွင် 1135 lbsအလေးချိန် ခံနိုင်သည်ဟု အဓိပ္ပာယ်ရသည်။

H သင်္ကေတသည် အမြန်နှုန်း (Speed Rating)ဇယား၌ တစ်နာရီမိုင် (၁၃၀) နှုန်း မောင်းနှင်နိုင်သည်ဟု ဆိုလိုသည်။

Tire Speed Rating

R = 106 mph

S = 112 mph

T = 118 mph

U = 124 mph

H = 130 mph

V = 145 mph

အပြစ်အနာအဆာရှိသော ဒဏ်ရာရရှိသော၊ ပန်းသားစားနေသော တာယာအဟောင်းများ သက်တမ်း လွန်တာယာများသည် အထက်ပါ အမြန်နှုန်းဇယားအတိုင်း အကျုံးမဝင် ပါ။

(၂) မှန်ကန်သော လေပေါင်ဖိအား

တာယာတစ်လုံး၏ အကောင်းဆုံး Performance ရရန် တာယာ လေပေါင်ဖိအား မှန်ကန်နေရမည်။

လေပေါင်များခြင်း၊ နည်းခြင်းသည် တာယာ၏သက်တမ်းကိုတိုစေပြီး အန္တရာယ်လည်းဖြစ်စေသည်။

လေ ပေါင်များပါက တာယာအလယ်ပန်း သားများစားသွားပြီး လေပေါင်လျော့ နည်းနေပါက တာယာဘေးနှုတ်ခမ်း သားများ ပို၍အစားများသည်။

တာယာလေပေါင်ဖိအား မှန် ကန်ရေးသည် တာယာသက်တမ်း ရှည်ရေးအတွက်သာမက ဘေး အန္တရာယ်လုံခြုံရေး (Safety)အ တွက်ပါ အရေးကြီးသောအချက်ဖြစ် သည်။

မြန်နှုန်းမြင့် မောင်းနှင်နေ သော ကားတစ်စီးသည် ဘီးပေါက်ပြီး လေပေါင် လျော့နည်းသွားပါက Accident ဖြစ်သွားနိုင်သည်။

ထို့ ကြောင့် မော်ဒယ်လ်မြင့်ကားများတွင် တာယာလေဖိအား စောင့်ကြည့်စနစ် (Tire Pressure Monitoring Sys-tem) တပ်ဆင်ပါရှိသည်။

တာယာများကို လေပေါင်မှန် မှန်ချိန်ပါ။စစ်ဆေးပါ။

လေပေါင် ဖိအား မည်မျှထိုးရမည်ကို ပိုင်ရှင် လက်စွဲစာအုပ်တွင်ပါရှိသည်။

ခေတ် ပေါ်ကားများတွင် တံခါးပေါက်ဘောင် ၌ စတေကာကပ်၍ဖော်ပြထားသည်။

(၃) တာယာသက်တမ်း

သက်တမ်းလွန် တာယာများ သည် Date လွန်နေသော ဆေးဝါးကဲ့ သို့ အန္တရာယ်ရှိသည်။

တာယာတစ် လုံးသည် ထုတ်လုပ်သောနေ့မှစ၍ (၆) နှစ်သာ သက်တမ်းရှိသည်။

တာ ယာဆိုင်များတွင် စျေးပေါပေါနှင့် ရောင်းချသော Usedတာယာအ ဟောင်းများ၊ ကွန်တိန်နာကျတာယာ များ၊ ကွန်ပေါင်းတင်ထားသောတာ ယာများကို မသုံးသင့်ပါ။

(၄) အလိုင်းမင့်နှင့် ကားအောက်ပိုင်း စနစ်

တာယာပွန်းစားမှုသက်သာစေ ရန်နှင့် တာရှည်ခံရန် တာယာဘီးများ အလိုင်းမင့် မှန်ကန်နေဖို့လိုပါသည်။ ကားအောက်ပိုင်းစနစ်များ၊ ရာဘာ ဘွတ်များ၊ ဘောဂျွိုင်းများ၊ တိုက်ရော့ များ တင်းကျပ်မှန်ကန်နေရမည်။

အလိုင်းမင့်ပုံမှန်ချိန်ပါ။

စတီယာရင်စနစ် အဆက်များစားပြီး ချောင်နေပါက တာယာတုန်ခါမှု ဖြစ်နိုင်သည်။

(၅) Wheel Balance ချိန်ပါ။

 အချို့တာယာနှင့် ဒစ်ဝှီးခွေများ သည် Balance အောက်နေတတ်သည်။

Balance မမှန်ကန်ပါက အမြန်နှုန်းတင်မောင်းလျှင် ဘီးများတုန် ခါလာမည်။

(၆) တာယာများ လှည့်သုံးပါ။

တာယာပန်းသား မျက်နှာပြင် ပွန်းစားမှု ညီညာစေရန်တာယာများကို ရှေ့ ^နောက်၊ ဘယ် ^ညာလှည့်၍သုံးရ သည်။

ရှေ့ဘီးမောင်းကားများတွင် ရှေ့တာယာများ အစားမြန်တတ်သည်။

(၇) လမ်းကြမ်း၊ လမ်းဆိုးများ

ကြမ်းတမ်းလွန်းသော လမ်း များတွင် ကုန်ချိန်ဝိတ်များပါက ကား ကိုထိန်းသိမ်း၍ သတိထားမောင်းသင့်သည်။ ကြမ်းတမ်း ချွန်ထက်သော လမ်းခင်းကျောက်များကြောင့် သင့် ကားတာယာ ကွဲထွက်နိုင်သည်။

(၈) ကားမောင်းနှင်မှုစတိုင်လ် လူငယ်များသည် ကားကို ကြမ်းတမ်းစွာ မောင်းတတ်ကြသည်။ ဘရိတ်ကြမ်းတမ်းစွာနင်းခြင်း၊ အရှိန် မလျှော့ဘဲ လမ်းချိုးကွေ့ခြင်း၊ ကလပ် ခြေနင်းကို ဆောင့်လွှတ်ခြင်းတို့သည် တာယာဘီးများကို ပျက်စီးပွန်းစားစေ သည်။ သက်တမ်းတိုစေသည်။

တာယာအန္တရာယ်များ

မြို့တွင်းလမ်းများတွင် ကား ဘီးပေါက်ခြင်း၊ လေလျော့နည်းခြင်း များသည် ကြီးမားသောအန္တရာယ် မဖြစ်နိုင်သော်လည်း Highway အ မြန်လမ်း၌ ကီလို (၁၀၀) ကျော်ပြေး နေသော ကားတစ်စီးအတွက် အသက် ဆုံးရှုံးသည်အထိ အန္တရာယ်ရှိပါသည်။

အဝေးပြေးဘတ်စ်ကားများ အမြန် လမ်းတွင် သွားလာသောကားများ သည် တာယာကို အထူးဂရုစိုက်သင့် သည်။

ကြိုးစပေါ်နေသော တာယာ၊ လိမ်နေသောတာယာများ၊ သက်တမ်း လွန်နေသောတာယာများ၊ ပန်းသား ကုန်နေသော တာယာများကို လုံးဝ မသုံးစွဲသင့်ပါ။

တာယာဒစ်ဝှီးနတ် (Nuts) များ တင်းအားညီညာစွာ ရှိဖို့လိုပါ သည်။

အလေးချိန်များသော ကားကြီး များတွင် ဘီးနတ်များ တင်းကျပ်ရေး သည်ပို၍အရေးကြီးသည်။

Spare Tire ကိုလည်း ပုံမှန် စစ်ဆေးရန်လိုသည်။

မိုးရေတင်နေသော လမ်းများ ပေါ်တွင် အမြန်နှုန်းမြင့်မားစွာ မ မောင်းသင့်ပါ။

ကားတာယာဘီးများ ဘရိတ် အမိ ညီညာဖို့လိုသည်။

ဘရိတ်ဖမ်း အားမညီပါက စလစ်ဖြစ်သွားနိုင် သည်။

တာယာဘီးများအားလုံး လေ ပေါင်ဖိအားမှန်မှန်စစ်ဆေးပါ။

ကားဘီးပေါက်လျှင် လမ်း ဘေးလွတ်ကင်းသော မြေမာတွင် နေ ရာချထားပါ။

ကြမ်းတုံးခုပြီးမှ ဂျိုက် ထောက်၍ မတင်ပါ။

နောက်မှလာ သောကားများ မြင်သာမှုရှိရန် စုံမီး အချက်ပြပါ။

ရောင်ပြန်တြိဂံပြား ထောင်ထားပါ။

 

Read 5558 times