အမေရိကန်စစ်တပ် အီးဗီများ စတင်ဝယ်ယူ
အမေရိကန်စစ်တပ်မှာ အီးဗီများ သုံးစွဲရန် ရည်မှန်းချက်အတွက် အမေရိကန်စစ်တပ်က အမေရိကန်နိုင်ငံမှာ ထုတ်လုပ်တဲ့ အီးဗီများကို စတင်ဝယ်ယူနေပါတယ်။ General Motors ကို Hummer-EV စစ်သုံးယာဉ် ထုတ်လုပ်ပြီး နမူနာအဖြစ် ပေးပို့ရန် အမှာစာ ပေးပို့ခဲ့ပါတယ်။ နမူနာကို လေ့လာဆန်းစစ်မှာ ဖြစ်ပါတယ်။
အမေရိကန်စစ်တပ်က GM ရဲ့ စစ်သုံးယာဉ် မော်ဒယ် Light Reconnaissance Vehicle ကိုလည်း စိတ်ဝင်တစား ရှိနေပါတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းသစ် Canoo ထံမှလည်း လေ့လာဆန်းစစ်ရန် စစ်သုံးယာဉ် နမူနာ တောင်းခံထားပါတယ်။ စစ်ရေးမှာ သုံးစွဲရန် သင့်မသင့်၊ တပ်စခန်းပတ်ဝန်းကျင်နှင့် ဆီလျော်မှု ရှိမရှိတို့ကို လေ့လာဆန်းစစ်မယ်လို့ ဆိုပါတယ်။
Canoo မှ ထုတ်လုပ်မယ့် Canoo Lifestyle Delivery မော်တော်ယာဉ်တွေကို မြို့တွင်း နေရာအနှံ့ ပစ္စည်းများ လိုက်လံ ပေးပို့ဖို့ လက်လီအရောင်းလုပ်ငန်းကြီး Walmart က စီးရေ ၄,၅၀၀ မှာကြားလိုက်တဲ့အတွက် Canoo ရဲ့ စတော့ရှယ်ယာဈေးနှုန်းများ နေ့ချင်းညချင်း ထိုးတက်ခဲ့ရာ ၅၃% မြင့်တက်သွားခဲ့ပါတယ်။
ယခု အမေရိကန်စစ်တပ်က စိတ်ဝင်တစား ရှိတဲ့အတွက်ကြောင့်လည်း Canoo ရဲ့ စတော့ရှယ်ယာဈေးနှုန်းများ ထပ်တက်နေပါတယ်။
Canoo ရဲ့ စွယ်စုံသုံး မော်တော်ယာဉ် ပလက်ဖောင်းကို အမေရိကန် အမျိုးသားလေကြောင်းနှင့် အာကာသ ညွှန်ကြားမှုဦးစီးဌာန National Aeronautics and Space Administration NASA ကလည်း လပေါ်မှာ သွားလာရေးအတွက် သုံးစွဲဖို့ စိတ်ဝင်တစား ဖြစ်နေပါတယ်။
တကယ်လို့ အမေရိကန်စစ်တပ်က Canoo စစ်သုံးယာဉ်များ ဝယ်ယူဖြစ်တယ်ဆိုရင် တစ်စီးကို $67,500 ဖြင့် ဝယ်ယူရန် ဈေးနှုန်းသတ်မှတ်ထားပါတယ်။
#MyanmarAutomobileGuide
Telegram Channel