တရုတ်နိုင်ငံတွင် လုပ်ငန်းများလုပ်ကိုင်နေသော အမေရိကန်မော်တော်ကားကုမ္ပဏီများသည် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးတင်းမာမှုများ ကိုတုံ့ပြန်သည့်အနေဖြင့် ယခုနှစ်တွင် ပြည်ပမှထုတ်လုပ်မှုအချို့ကိုလျှော့ချရန်နှင့် ၀န်ထမ်းအရေအတွက်ကိုလည်းလျှော့ချရန်စီစဉ်နေ ကြောင်းအမေရိကန်စီးပွားရေးအဖွဲ့၏ စစ်တမ်းတစ်ခုကနေမှ ဗုဒ္ဓဟူးနေ့တွင်ထုတ်ပြန်ခဲ့ပါတယ်။
တရုတ်နိုင်ငံတွင် လုပ်ငန်းများလုပ်ကိုင်နေသော အမေရိကန်မော်တော်ကားကုမ္ပဏီများသည် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးတင်းမာမှုများ ကိုတုံ့ပြန်သည့်အနေဖြင့် ယခုနှစ်တွင် ပြည်ပမှထုတ်လုပ်မှုအချို့ကိုလျှော့ချရန်နှင့် ၀န်ထမ်းအရေအတွက်ကိုလည်းလျှော့ချရန်စီစဉ်နေ
ကြောင်းအမေရိကန်စီးပွားရေးအဖွဲ့၏ စစ်တမ်းတစ်ခုကနေမှ ဗုဒ္ဓဟူးနေ့တွင်ထုတ်ပြန်ခဲ့ပါတယ်။
တရုတ်ပြည်တွင်း ဈေးကွက်တွင် ကားရောင်းအား ပြန်ကောင်းလာနေပြီး အစိုးရမှ ဘဏ္ဍာရေး အထောက်အပံ့များ ပေးနေတဲ့အပြင် ကိုဗစ်ကို ထိန်းချုပ်တာ အောင်မြင်မှုများ ရရှိနေတာကြောင့် ဝယ်လိုအားလည်း မြင့်တက်နေချိန်မှာ အခုလို အင်အားလျှော့ချဖို့ စီစဉ်နေတာ
ဖြစ်ပါတယ်။ ကုမ္ပဏီများ၏ အစီအစဉ်များသည် တရုတ်အစိုးရနှင့် ကမ္ဘာ့အဓိက စီးပွားရေးနိုင်ငံများအကြား ပွတ်တိုက်မှု များ ပြားလာခြင်းနှင့်တရုတ်၏ စီးပွားရေးပြန်လည်နာလန်ထူမှု ရေရှည်တည်တံ့အောင် ဆက်ထိန်းထားနိုင်မယ်ဆိုတာ မသေချာ မရေရာမှုများ
ကြောင့် စီစဉ်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
တရုတ်-အမေရိကန် တင်းမာမှုသည် ၀န်ထမ်းများဆက်လက်အလုပ်ခန့်ထားရေးကို အခက်အခဲဖြစ်စေတယ်လို့ အစီရင်ခံစာထုတ်ပြန်သည့် ရှန်ဟိုင်းရှိ အမေရိကန် ကုန်သည်ကြီးများအသင်း ဥက္ကဠ Ker Gibbs က သတင်းစာရှင်းလင်းပွဲ တွင်ပြောကြားခဲ့ပါတယ်။
စီးပွားရေးအပေါ်မှာ အကျိုးသက်ရောက်မှု ရှိသောကြောင့် တရုတ်အစိုးရနှင့် အမေရိကန် အစိုးရတို့သည် ဆွေးနွေးဖြေရှင်းသင့်တယ်လို့ ဆိုကြပါတယ်။
AmCham Shanghai ရဲ့ အစီရင်ခံစာအရ မော်တော်ယာဉ် စက်မှုလုပ်ငန်းမှ အလုပ်သမား ၄၃.၄ ရာခိုင်နှုန်းလျှော့ချတယ်လို့ ပြောခဲ့ပါတယ်။ ဇွန်လ ၁၆ ရက် မှဇူလိုင်လ ၁၆ ရက် အထိ ပြုလုပ်ခဲ့သော စစ်တမ်းအရ အမေရိကန်ကုမ္ပဏီပေါင်း ၃၄၆ ခုတွင် ၂၃ ခုသည်
မော်တော်ယာဉ်စက်မှုလုပ်ငန်းမှာ တစ်စိတ်တစ်ဒေသ ပါဝင်ကြောင်း သိရပါတယ်။ ကုန်သွယ်ရေးတင်းမာမှုများနှင့် အခွန်တိုးမြှင့်မှုများကို တုံ့ပြန်သောအားဖြင့် သုံးပုံတစ်ပုံနီးပါးသည် ရင်းနှီးမြှုပ်နှံမှုများကိုလျှော့ချနေတဲ့အတွက်ကြောင့် ၁၇ ရာခိုင်နှုန်းခန့်ရှိသော တစ်ချို့သော
ကုမ္ပဏီများသည် သူတို့၏ ထုတ်ကုန်အချို့ကို တရုတ်နိုင်ငံမှ ပြောင်းရွေ့ရန် စီစဉ်နေကြတယ်လို့ သိရပါတယ်။
အိမ်စီကားးများ ရောင်းအားကျဆင်းလာသော်လည်း ဇူလိုင်လတွင် စုစုပေါင်းရောင်းအားသည် ယခင်နှစ် ဇူလိုင်လနှင့်နှိုင်းယှဉ်လျှင် ၁၆.၄% မြင့်တက်ခဲ့ကြောင်းဖော်ပြထားပါတယ်။ မည်သို့ပင်ဆိုစေကာမူ နည်းပညာကုမ္ပဏီများအား တားမြစ်ခြင်းနှင့် နှစ်နိုင်ငံလုံးမှ
သတင်းစာဆရာများ နှင်ထုတ်ခြင်း တို့ကြောင့် တင်းမာမှုများ မြင့်တက်လာသည့်အတွက် အမေရိကန်ကုမ္ပဏီများမှ တရုတ်တွင် ရင်းနှီးမြှုပ်နှံမှု ဆုံးဖြတ်ချက်များကို ပြန်စဉ်းစားစရာ ဖြစ်စေခဲ့ပါတယ်။
၂၈.၆ ရာခိုင်နှုန်း သာလျှင် တရုတ်နိုင်ငံတွင် ပိုမိုတိုးချဲ့ရင်းနှီးမြှုပ်နှံရန် ရည်ရွယ်ထားပြီး ယခင်နှစ်က ၄၇.၂ ရာခိုင်နှုန်းနှင့်နှိုင်းယှဉ်ပါက များစွာကျဆင်းခဲ့တာ ဖြစ်ပါတယ်။ ယခုအချိန်တွင် တင်းမာမှုများသည်အကန့်အသတ်မရှိဆက်လက်တည်ရှိနေလိမ့်မည်ဟု ပြန်လည်
ဖြေကြားသူများက မျှော်လင့်ထားကြပါတယ်။
အဆိုးမြင်ဝါဒအများဆုံးဖြစ်သော စက်မှုလုပ်ငန်းများထဲတွင် နည်းပညာ၊ ဟာ့ဒ်ဝဲ၊ ဆော့ဖ်ဝဲနှင့် ၀န်ဆောင်မှုများနှင့်ဆေးဝါးများပါ၀င်ပြီး နည်းပညာနှစ်မျိုးသုံးဂေဟစနစ်၏ အလားအလာသည်ပိုမိုကျယ်ပြန့်သောသတင်းအချက်အလက် နည်းပညာနယ်ပယ်၌ရှိသူများ အတွက်
အထူးအဆန်း မဟုတ်ကြောင်း သတင်းဌာနကဖော်ပြခဲ့ပါတယ်။
By Myanmar Automobile Guide
Ref;asia.nikkei