အမေရိကန် ကားဈေးကွက် ၂၀၂၃ ခုနှစ် ရောင်းအား ထိပ်ဆုံးနေရာ GM  ဆက်လက်ရယူ


အမေရိကန် ကားဈေးကွက် ၂၀၂၃ ခုနှစ် ရောင်းအား ထိပ်ဆုံးနေရာ GM  ဆက်လက်ရယူ

 

 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

ယခုနှစ် ၂၀၂၄ ခုနှစ်တွင် အမေရိကန်နိုင်ငံမှာ ပြည်တွင်း ထုတ်လုပ်သည့်ကားများနှင့် ပြည်ပမှတင်သွင်းသည့်ကားများ စုစုပေါင်း ကားအစီးရေ ၁၅.၅ သန်း ရောင်းချနိုင်ကြမည်ဟု General Motors  GM က ခန့်မှန်းထားသည်။ 

 • GM ၏ ၂၀၂၃ ခုနှစ် အ‌မေရိကန်ကားဈေးကွက်ရောင်းအားသည် ၂၀၂၂ ခုနှစ်ထက် အစီးရေ ၁၄.၁% ပိုများသည်။
GM ၏ ၂၀၂၃ ခုနှစ် အ‌မေရိကန်ကားဈေးကွက်ရောင်းအားမှာ အစီးရေ ၂.၆ သန်း ဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် အစီးရေ ၂.၃ သန်း ရောင်းချခဲ့သည်ထက် ပိုများသော်လည်း ကိုဗစ်အကြိုကာလ ၂၀၁၉ ခုနှစ်တွင် အစီးရေ ၂.၉ သန်း ရောင်းချခဲ့သည်ထက် နည်းပါသည်။ 
GM ၏ ကားအမှတ်တံဆိပ်များတွင် Buick သည် ၂၀၂၃ တွင် ရောင်းအားပြန်ကောင်းခဲ့သည်။ 


• Ford သည် အကြမ်းဖျင်းအားဖြင့် ၂၀၂၃ ခုနှစ်တွင် ရောင်းအား အစီးရေ ၂ သန်း ရရှိခဲ့သည်။ Ford သည်လည်း GM နည်းတူ ၂၀၂၃ တွင် ၂၀၂၂ ထက် ရောင်းအား ပိုကောင်းလာခဲ့သော်လည်း ကိုဗစ်အကြိုကာလ ရောင်းအားကို မမီသေးပါ။ 
 ကုမ္ပဏီများကို ကားများ လက်ကားရောင်းချသည့် Ford Pro ဌာနခွဲ နှင့် အီးဗီ ထုတ်လုပ်သည့် ဌာနခွဲ Ford E တို့ ရောင်းအားအခြေအနေ ကောင်းမွန်ခဲ့ပါသည်။

• Stellantis သည် ၂၀၂၃ တွင် ရောင်းအား ယခင်နှစ်ထက် ၁% လျော့ကျခဲ့သည်။ ၂၀၂၂ တွင် အစီးရေ ၁.၅၅ သန်း ရောင်းချခဲ့ပြီး ၂၀၂၃ တွင် အစီးရေ ၁.၅၃ သန်း ရောင်းချခဲ့သည်။ သို့ဖြစ်ရာ အစီးရေ ၂ သိန်းဝန်းကျင် လျော့ကျခဲ့သည်။ Jeep, Ram, Fiat,  Alfa Romeo ကားအမှတ်တံဆိပ်များ ရောင်းအား ကျဆင်းခဲ့သည်။ Dodge နှင့် Chrysler တို့ ရောင်းအား မြင့်တက်ခဲ့သည်။
Stellantis ကားရောင်းအားသည် နှစ်ကုန်ပိုင်း စတုတ္ထ ၃ လပတ်တွင် သိသိသာသာ လျော့ကျခဲ့ပါသည်။ 

•  Toyota North America က ၂၀၂၃ ခုနှစ်တွင် အစီးရေ ၂.၂၅ သန်း ရောင်းချခဲ့သည်ဟု ထုတ်ပြန်ကြေညာပါသည်။ 
Toyota နှင့် Lexus အမှတ်တံဆိပ်များဖြင့် မော်ဒယ် ၂၆ ခု ရောင်းချခဲ့သည်။ 
 
 • Honda သည် ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဈေးကွက်တွင် အစီးရေ ၁.၃ သန်း ရောင်းချခဲ့ပါသည်။  Honda နှင့် Acura ကားအမှတ်တံဆိပ် နှစ်ခုဖြင့် ရောင်းချခဲ့ရာ ၂၀၂၃ ခုနှစ်တွင် ၂၀၂၂ ခုနှစ်ထက် Honda က ၃၁.၉% ပိုများခဲ့ပြီး Acura က ၄၂% ပိုများခဲ့ပါသည်။  

Source cbtnews
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 195 times