လိုင်စင်မဲ့ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်များ ဇန်နဝါရီလကုန် ပိတ်သိမ်းကြရန် ထုတ်ပြန်


မြန်မာတစ်နိုင်ငံလုံးတွင် တရားမဝင် ဖွင့်လှစ်လုပ်ကိုင်နေသည့် လိုင်စင်မဲ့ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များအား ဇန်နဝါရီလကုန် နောက်ဆုံးထားပြီး ပိတ်သိမ်းကြရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနက အသိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။

ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနရဲ့ စစ်ဆေးချက်အရ တစ်နိုင်ငံလုံးတွင် တရားမဝင် လိုင်စင်မဲ့ရောင်းချနေသည့် ပုဂ္ဂလိက စက်သုံးဆီဆိုင်ပေါင်း (၅၀၀၀)နီးပါးရှိနေပြီး စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် တရားဝင်လိုင်စင် ပြုလုပ်လိုပါက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အလိုက် ဝန်ကြီးဌာန၏ ဝတ်ဆိုဒ်နှင့် တိုင်းဒေသကြီးနဲ့ ပြည်နယ်များရှိ ကြီးကြပ်စစ်ဆေးရေး အရာရှိရုံးများတွင် ကြေညာထားကြောင်း လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ လိုင်စင်ထုတ်ပေးရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးအောင်နိုင်မြင့်ရဲ့ ပြောပြချက်အရ သိရသည်။

Read 338 times