စိတ်တိုင်းကျ စိတ်ကြိုက် စည်းစိမ်ကားများ ရောင်းအား ခိုင်မာ


စိတ်တိုင်းကျ စိတ်ကြိုက် စည်းစိမ်ကားများ ရောင်းအား ခိုင်မာ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ကမ္ဘာ့စီးပွားရေး အကျဘက် ရောက်နေသော်လည်း အင်မတန် ဈေးမြင့်သည့် စည်းစိမ်ကားများကို တစီးချင်း ဝယ်ယူသူ စိတ်ကြိုက် ထုတ်လုပ်ပေးသည့်  Lamborghini, Ferrari, Bentley, Rolls-Royce အစရှိသည့် ကားလုပ်ငန်းတို့သည် ရောင်းအား ကောင်းနေဆဲ ဖြစ်သည်။ 

 

Lamborghini သည် ၂၀၂၃ ခုနှစ်တွင် အစီးရေ တသောင်းကျော် ရောင်းခဲ့ပြီး ရောင်းအား စံချိန် အသစ်တင်ခဲ့သည်။ ကုမ္ပဏီ သက်တမ်းတလျှောက် ပထမဆုံးအကြိမ် တနှစ်တာရောင်းအား အစီးရေ တသောင်းကျော်ခဲ့ခြင်း ဖြစ်သည်။

.

Ferrari သည် ဝင်ငွေ ၁၇% ကျော် မြင့်တက်ခဲ့သည်။ Ferrari သည် ၂၀၂၃ ခုနှစ်တွင် ဝင်ငွေ ကန်ဒေါ်လာ ၆.၄၆ ဘီလီယံနှင့် အမြတ်ငွေ ဒေါ်လာ ၁.၃၆ ဘီလီယံ ရရှိကြောင်း ကြေညာသည်။

ဖာရာရီသည် အချမ်းသာဆုံးသူဌေး ကားဝါသနာရှင်များကို ဖြည့်ဆည်းပေးလျက်ရှိပြီး Purosangue SUV နှင့်အတူ ၂၀၂၄ ခုနှစ်တွင် ဝင်ငွေနှင့်အမြတ် ပိုမိုရရှိဖို့ မျှော်လင့်ထားသည်။

.

လူနည်းစုကို ကားရောင်းပြီး မြိုးမြိးမြက်မြက် ပမြတ်ရဖို့အတွက် တမူထူးခြားနေအောင် ဆန်းသစ်တီထွင်မှုများ လိုအပ်သည်။ ဝယ်ယူသူတဦးချင်းအရ စိတ်တိုင်းကျဖြစ်အောင် စိတ်ကြိုက်လုပ်ပေးပြီး အများနှင့်မတူ တမူထူးနေစေကြရသည်။ 

.

အခြေခံရောင်းဈေး ကန်ဒေါ်လာ ၃ သန်းရှိသည့်  Bentley ကို ဝယ်စီးသူများတွင် ၇၅% နီးပါးသည် ၎င်းတို့၏ကားများကို စိတ်ကြိုက် လုပ်‌ေပးဖို့ အလိုရှိကြသည်။ ထို့အတွက် ကန်ဒေါ်လာ သိန်းချီ အကုန်ခံဖို့ ဝန်မလေးကြချေ။

.

သို့ဖြစ်ရာ ဝယ်ယူသူတဦးချင်းအရ စိတ်ကြိုက်ပြုလုပ်ပေးကြသည်မှာ လွန်လွန်ကဲကဲအဆင့်အထ်နေခြင်းသည် အင်မတန် ဈေးမြင့်သည့် စည်းစိမ်ကားများနယ်ပယ်တွင် ထုံးစံတခု ဖြစ်နေပြီ ဖြစ်သည်။

.

ကားကုမ္ပဏီမှ စီစဉ်ပေးထားသော ရွေးချယ်စရာများ စာရင်းတွင် ကားကိုယ်ထည် အပြင်နှင့် အတွင်းတို့အတွက် ထူးထူးခြားခြား ရွေးစရာများ ပါဝင်နေသည်ထက် ကျော်လွန်ပြီး စိတ်ကြိုက်မွမ်းမံ ခိုင်းကြသည်။ ကမ္ဘာပေါ်တွင် အခြားဆင်တူကားတစီး မရှိရလေအောင် ထူးထူးကဲကဲ ပြုပြင်မွမ်းမံခိုင်းကြသည်။ 

အချို့သော ကျိကျိတက်ချမ်းသာသူတို့က ကားအစီးရေ တဆယ်ထက်မကျော်သော အရေအတွက်ဖြင့် အထူးသီးသန့် ထုတ်လုပ်သည့်ကားများကို ဝယ်ယူကြသည်။ 

ထိုသို့ တမူထူးထူးကဲကဲ ဖြစ်အောင် လုပ်ရသည့်အတွက် ကားဈေးနှုန်းသည် မူရင်းအခြေခံဈေးနှုန်းအထက် နှစ်ဆမက ဈေးပိုကြီးသွားသည့်အလျောက် ကားကုမ္ပဏီသည် အမြတ်အစွန်းများ ပိုများများ ရရှိကြသည်။ 

.

ထိုသို့သော တမူထူးြခားသည့် ကားတစီး ဝယ်စီးရန်အတွက် စိန်အားထက်သန်သူဖြစ်ပြီး အနည်းဆုံး ကန်ဒေါ်လာ သန်း ၃၀ သုံးနိုင်သည့် လူဦးရေသည် ကမ္ဘာပေါ်တွင် ၄ သိန်း ဝန်းကျင် ရှိမည်ဟု ခန့်မှန်းထားသည်။ 

ကြွယ်ဝချမ်းသာသူတို့ကို အထူးပြုလေ့လာသည့် ကုမ္ပဏီ Altrata က အဆိုပါ လူဦးရေသည် ၂၀၂၈ ခုနှစ်တွင် ၅၂၈,၀၀၀ ဝန်းကျင် ရှိလာမည်ဟု ခန့်မှန်းထားသည်။ ကမ္ဘာ့ လူဦးရေ ၈ ဘီလီယံတွင် ၅ သိန်းကျော်တို့က ၎င်းကားမျိုးတို့ကို ဝယ်ကြမည် ဖြစ်သည်။ 

.

ဝယ်ယူမည့် လူဦးရေ သိန်းဂဏန်း ရှိသော်လည်း စိတ်တိုင်းကျ စိတ်ကြိုက် စည်းစိမ်ကားများ ထုတ်လုပ်သည့် အရေအတွက်သည် အကန့်အသတ် ဆက်ရှိနေမည်ဖြစ်သဖြင့် အစီးရေ သောင်းဂဏန်း ဝန်းကျင်သာ လွန်ရောကျွံရော ရှိလိမ့်မည်။

များများစားစား ထုတ်လုပ်လျှင် ပေါပေါများများ ဖြစ်သွားပြီး တန်ဖိုးထားခြင်း လျော့ကျသွားလိမ့်မည်။ သို့ဖြစ်ရာ ရောင်းချ အစီးရေ တိုးခြင်းဖြင့် ဝင်ငွေနှင့်အမြတ် ပိုရဖို့ ဦးတည်ချက် မထားရှိကြချေ။  

တဦးချင်းအရ စိတ်ကြိုက်ပြင်ဆင်မွမ်းမံမှုများဖြင့်သာ ဝင်ငွေနှင့်အမြတ် ပိုမိုရရှိအောင် လုပ်ကိုင်ကြမည် ဖြစ်သည်။ 

.

"ရိုးလ်ရိုက်စ် စိတ်ကြိုက်" “Rolls-Royce Bespoke” အစီအစဉ်ဖြင့် Phantom ဆီဒင် အစီးရေ အချို့ကို ဝယ်သူစိတ်ကြိုက် စိတ်တိုင်းကျ ပြုလုပ်ပေးပြီး တစီးလျှင် ကန်ဒေါ်လာ ၅ သန်း ဝန်းကျင်ဖြင့် ရောင်းချသည်။ 

 

Rolls-Royce Cullinan SUV တွင် ယာဉ်အတွင်းမှ ပရိဘောဂ ခေါက်ဗန်းစားပွဲ အပေါ်မျက်နှာပြင်တွင် ကနုကမာအစစ်ဖြင့် အလှဆင်ပေးထားပုံ 

 

 

ဘူဂါတီ Bugatti ကားများ၏ အခြေခံ ဈေးနှုန်းသည် ကန်ဒေါ်လာ ၃ သန်း ဖြစ်သည်။ ဝယ်ယူသူတို့က အကုန်အကျခံပြီး စိတ်ကြိုက် မွမ်းမံခိုင်းကြသည်။

 

ရွှေရောင်ဆေးမှုတ်ပြီး ဂန္ထဝင်ဘူဂါတီ တကြောင်းဆွဲပုံများကို လက်ဖြင့် ရေးဆွဲပြီး ကားကိုယ်ထည်ကို တက်တူးထိုးပေးရသည်။ aption

 

ပလပ်ထိုး အားသွင်း လျှပ်စစ်ကား စူပါအိမ်စီးပြိုင်ကား Lamborghini Revuelto Opera Unica ကိုယ်ထည်ပေါ်တွင် ဝယ်ယူသူ စိတ်ကြိုက်ဒီဇိုင်းကို  လက်ဖြင့် ဆေးမှုတ်ပေးရသည်မှာ အလုပ်ချိန်  ၄၃၅ နာရီ ကြာသည်။ 

 

 

 

Source cnn


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Read 193 times