UK မှာရှိတဲ့ Honda ကားထုတ်လုပ်ရေး စက်ရုံ ရပ်ဆိုင်းမည်


ဂျပန်နိုင်ငံ၏ ကားထုတ်လုပ်မှုကုမ္ပဏီ တစ်ခုဖြစ်တဲ့ Honda ကားကုမ္ပဏီသည် သူတို့၏ UK မှာရှိတဲ့ ကားထုတ်လုပ်ရေးစက်ရုံကို လာမယ့် ရက်သတ္တပါတ်အတွင်း ရပ်ဆိုင်းသွားမယ်လို့ ကြေညာခဲ့ပါတယ်။

Honda ကားကုမ္ပဏီကတော့ စက်ရုံရပ်ဆိုင်းရခြင်းမှာ semiconductor ပြတ်လပ်မှုကြောင့်လို့ ကြေညာခဲ့ပါတယ်၊။ နောက်ထပ်ပြသနာများကတော့ ဗြိတိန်မှာ လက်ရှိဖြစ်ပေါ်လျှက်ရှိတဲ့ ကိုရိုနာဗိုင်းရပ်ကြောင့် ထောက်ပံ့ရေးပစ္စည်းများ နှောင့်နှေးနေရခြင်းကြောင့်လည်း ဖြစ်ပါတယ်လို့ ကြေညာခဲ့ပါတယ်။

semiconductor ပြတ်လပ်မှု ပြသနာက ကမ္ဘာ့ကားကုမ္ပဏီ တော်တော်များများကို ထိခိုက်စေပြီး Honda ရဲ့ အမေရိကန်နိုင်ငံ နှင့် ဂျပန်နိုင်ငံရှိ စက်ရုံများမှ ကားထုတ်လုပ်များကိုပါ နှောင့်နှေးစေပါတယ်။ အဆိုပါပြသနာကြောင့် Toyota ကလည်း အမေရိကန်မှကားထုတ်လုပ်မှုများကို လျှော့ချမည်ဟု ကြေညာခဲ့ပြီး Nissan ကလည်း ဂျပန်နိုင်ငံတွင် ကားထုတ်လုပ်မှုများကို ရပ်နားသွားမယ်လို့ ကြေညာခဲ့ပါတယ်။

ယခုအချိန်မှာ ကိုရိုနာဗိုင်းရပ်ကြောင့် စက်ရုံ၊အလုပ်ရုံများ ပိတ်ထားရတဲ့အတွက် semiconductor အပြင်အခြားသော Chipset များပြတ်လပ်မှုကို ကမ္ဘာတဝှမ်းမှကား ကုမ္ပဏီများကြုံတွေ့နေရကြောင်းသိရှိရပါတယ်။

Ref - NHK

Willtec Myanmar Co., Ltd.

Read 367 times