ဗြိတိန်ကားထုတ်လုပ်ရေးကဏ္ဍ အဆိုးဝါးဆုံးအ‌ခြေအနေ ရောက်ရှိ


ဗြိတိန်ကားထုတ်လုပ်ရေးကဏ္ဍ အဆိုးဝါးဆုံးအ‌ခြေအနေ ရောက်ရှိ

ဗြိတိန်ကားထုတ်လုပ်ရေးကဏ္ဍ အဖြစ်ဆိုးသည့်ရေချိန်သို့ ရောက်ရှိလာပါတယ်။၂၀၀၉ နောက်ပိုင်း အဆိုးဝါးဆုံး ဇန်နဝါရီလ ဖြစ်ခဲ့ပါတယ်။
ဇန်နဝါရီလမှာ ကားထုတ်လုပ်မှု ၂၀.၁% ကျဆင်းခဲ့ရာ ၁၃ နှစ်တာကာလအတွင်း အဆိုးဝါးဆုံး ဖြစ်ပါတယ်။ 

 ဗြိတိန်နိုင်ငံက အီးယူမှ ခွဲထွက်ပြီးတဲ့နောက်ပိုင်း ကားစက်ရုံများ ပိတ်သိမ်းခြင်း၊ ကီုဗစ်စည်းကမ်းများ‌ေကြာင့် ထုတ်လုပ်မှု ယာယီရပ်ဆိုင်းထားရခြင်းများနှင့် ရောင်းဝယ်သည့်အခြေအနေ မလှသည်များကို တွေ့ရပါတယ်။ ကမ္ဘာတစ်လွှား ချစ်ပ် ပြတ်လပ်မှု ပြဿနာကလည်း ရိုက်ခတ်ပါတယ်။
 ၂၀၂၂ ဇန်နဝါရီလတွင် ယူကေမှာ ကားစီးရေ ၆၈,၇၉၀ ထုတ်လုပ်ခဲ့ပါတယ်။ ၂၀၂၁ ဇန်နဝါရီလထက် စီးရေ ၁၇,၂၆၂ လျော့နည်းပါတယ်။

Society of Motor Manufacturers and Traders (SMMT) ဥက္ကဋ္ဌ Mike Hawes က "တစ်နှစ်တာအတွက် အခက်အခဲတွေ ပြည့်နှက်တဲ့ နှစ်အစကို ထပ်ကြုံရတယ်။ ကမ္ဘာတစ်လွှားဖြည့်သွင်း ကွင်းဆက်တွေမှာ ပြဿနာ‌ေတွ တက်နေတယ်။ ဖွဲ့တည်ပုံ အပြောင်းအလဲက ထုတ်လုပ်ပေးတဲ့ပမာဏကို ညှစ်ထားတယ်။ မော်ဒယ်အပြောက်ူအလဲက ထုတ်လုပ်မှု အစီအစဉ်အချိန်ဇယားအပေါ် သက်ရောက်မှု ပေးတယ်" လို့ ပြောပြပါတယ်။
ဒါပေမဲ့ ယူကေ မော်တော်ယာဉ် ထုတ်လုပ်ရေးကဏ္ဋက အခြေခံအားဖြင့် တောင့်တောင့်တင်းတင်း ဖြစ်နေပြီး လတ်တလောမှာ ရင်းနှီးမြှုပ်နှံမှုများ ရှိနေလို့ ကဏ္ဋကြီးထွားဖို့အတွက် အလားအလာ ရှိနေစေတယ်။ လျှပ်စစ်ကား ထုတ်လုပ်မှု မြင့်တက်လာနေတယ်" လို့ သူက ပြောကြားပါတယ်။ 

SMMT မှ ထုတ်ပြန်တဲ့ အချက်အလက်များအရ ပြည်ပဈေးကွက်များမှာ ထုတ်လုပ်မှု ၁၇.၅% ကျဆင်းခဲ့ပြီး ပြည်တွင်း ထုတ်လုပ်မှု ၃၀.၈% ကျဆင်းခဲ့ပါတယ်။

Mr Hawes က ဆက်လက်ပြောကြားသည်မှာ "ရေရှည် နာလန်ပြန်ထနိုင်ဖို့ဆိုတာ ကမ္ဘာ့ယှဉ်ပြိုင်နိုင်စွမ်း ရှိတာ သေချာဖို့ လိုတယ်။ ကျွန်တော်တို့ ငွေဖောင်းပွမှုနဲ့ ပုံသေကုန်ကျစရိတ်များကို မလွဲမသွေ ကိုင်တွယ်ပေးဖို့ လိုတယ်။ အသိသာဆုံးက စက်သုံးဆီ ဈေးနှုန်းတွေ ဈေးတက်တာ မြန်ဆန်နေတယ်။ ပြီးတွေ ကုန်သွယ်မှု စရိတ်စကတွေလည်း မြင့်တက်တယ်။ ဘဏ္ဍာရေး ြပဿနာကိုလည်း ကိုင်တွယ်ပေးရမယ်" လို့ ပြောကြားပါတယ်။

မော်တော်ယာဉ် ထုတ်လုပ်မှုကဏ္ဍတွင် လျှပ်စစ်မော်တော်ယာဉ်များ အခြေအနေ ကောင်းပါတယ်။ 

ယူကေမှာ ဘက်ထရီလျှပ်စစ်ကားမော်ဒယ် စီးရေ ၆,၃၂၆ ကို ဇန်နဝါရီလမှာ ထုတ်လုပ်ခဲ့ပါတယ်။ ထုတ်လုပ်သမျှကားအမျိုးမျိုး ၁၁ စီးမှာ ၁ စီးက ဘက်ထရီလျှပ်စစ်ကားမော်ဒယ် ဖြစ်ပါတယ်။

ပလပ်ထိုးမော်ဒယ်များနှင့် ဘက်ထရီ ဓာတ်ဆီ ၂ မျိုးစပ် ဟိုင်ဘရစ်မော်ဒယ်များကိုပါ ထည့်တွက်ရင် ယူကေ မော်တော်ယာဉ် ထုတ်လုပ်မှု စုစုပေါင်းရဲ့ ၂၅% ကို ဝေစု ရရှိထားပါတယ်။

SMMT က ၂၀၂၂ အတွက် လျာထားချက်ကို ပြန်ချိန်ညှိကြဖို့ သတိပေးထားပါတယ်။

SMMT က ယူကေ မော်တော်ယာဉ် ထုတ်လုပ်မှုညပမာဏ စုစုပေါင်းကို ကြိုတင်ခန့်မှန်းချက်ကို ၂.၄% လျော့ချပြီး ပြင်ဆင်ခန့်မှန်းပါတယ်။ စီးရေ စုစုပေါင်း ၉၇၉,၀၀၀ ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။
 
ယူကေမှာ ထုတ်လုပ်တဲ့ ကား ၁၀ စီးမှာ ၈ စီးကိုညပြည်ပသို့ တင်ပို့ပါတယ်။ တင်ပို့တဲ့ကားတွေမှာ ထက်ဝက်ကျော် ၅၅% ကို ဥရောပယူနီယံ အီးယူသို့ တင်ပို့ပါတယ်။

ပြီးခဲ့တဲ့ ၅ နှစ်တာာကာလအတွင်း ယူကေ မော်တော်ယာဉ် ထုတ်လုပ်မှု ဆိုးဆိုးဝါးဝါး လျော့ကျခဲ့ပါတယ်။

ယူကေမှာ ၂၀၁၇ မှာ ကားစီးရေ ၁.၇၅ သန်း ထုတ်လုပ်ခဲ့ပြီး ၂၀၂၁ မှာ ကားစီးရေ ၈၅၀,၅၇၅ ထုတ်လုပ်ပါတယ်။  ထက်ဝက်နီးပါး ယုတ်လျော့ခဲ့ပါတယ်။ဗြိတိန်မှာ ကားစက်ရုံတွေ ပိတ်သိမ်းကြတဲ့အတွက် ထုတ်လုပ်စီးရေ ထိုးကျပါတယ်။
 ပြီးခဲ့တဲ့ ရက်ပိုင်းက BMW က Oxford မှာတည်ရှိတဲ့ ၎င်းရဲ့ Mini ကားစက်ရုံကို ပိတ်သိမ်းခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် ဇူလိုင်လမှာ Honda က ၎င်းရဲ့ ကားစက်ရုံ ပိတ်သိမ်းခဲ့ပါတယ်။ အလုပ်အကိုင် ၃,၀၀၀ ဆုံးရှုံးသွားပါတယ်။

ကားအသစ် ထုတ်လုပ်မှုလျော့ကျနေတာကြောင့် တစ်ပတ်ရစ်ကားတွေ ဈေးကောင်း ရကြပါတယ်။
တစ်ပတ်ရစ်ကား မော်ဒယ်အများစု ရောင်းဈေး ၂၀၂၁ မှာ ၂၀၂၀ ထက်  ၃၀% မြင့်တက်ခဲ့ပါတယ်။ အထူးသဖြင့် ဘက်စုံသုံး မော်တော်ယာဉ် MPV (multi-purpose vehicle) များ ဈေးနှစ်ဆ တက်ပါတယ်။

အချို့တစ်ပတ်ရစ်ကားမော်ဒယ်တွေရဲ့ ရောင်းဈေးက ကားအသစ်ကျပ်ချွတ်နီးပါး ဖြစ်လာပါတယ်။ မော်ဒယ်အသစ် တစ်ပတ်ရစ်ကားအချို့ ရောင်းဈေးက ၎င်းမော်ဒယ် ကားအသစ်ရောင်းဈေးထက် မြင့်နေပါတယ်။ ကားအသစ်ကျပ်ချွတ်ကို လတ်တလောမှာ မရနိုင်လို့ ဖြစ်ပါတယ်။

Read 4877 times