ယူဂန်ဒါတွင် မော်တော်ဆိုင်ကယ် လက်ဝယ်ရှိသူတိုင်းကို လျှပ်စစ်မော်တော်ဆိုင်ကယ် အခမဲ့ ပေးမည်


ယူဂန်ဒါတွင် မော်တော်ဆိုင်ကယ် လက်ဝယ်ရှိသူတိုင်းကို လျှပ်စစ်မော်တော်ဆိုင်ကယ် အခမဲ့ ပေးမည်

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


လက်ရှိ မော်တော်ဆိုင်ကယ် ပိုင်ဆိုင်ထားသူတိုင်းကို လျှပ်စစ်ဆိုင်ကယ် အခမဲ့ ပေးရန် ယူဂန်ဒါနိုင်ငံတွင်  စီစဉ်နေသည်။

ဓာတ်ဆီအင်ဂျင် မော်တော်ဆိုင်ကယ်အစား လျှပ်စစ်မော်တော်ဆိုင်ကယ် ပြောင်းစီးကြစေရန် ယူဂန်ဒါအစိုးရက လျှပ်စစ်‌မော်တော်ဆိုင်ကယ် အခမဲ့ ပေးရန် စီစဉ်နေပါသည်။
၎င်းအစီအစဉ်ကို ယူဂန်ဒါသမ္မတ Yoweri Kaguta Museveni က မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားပြီး အသိပေးခဲ့ပါသည်။
လက်ရှိ လက်ထဲရှိသည့် ဓာတ်ဆီအင်ဂျင် မော်တော်ဆိုင်ကယ်ကို အစိုးရထံ အပ်နှံပြီး လျှပ်စစ်‌မော်တော်ဆိုင်ကယ် အသစ်ကျပ်ချွတ်ကို အခမဲ့ ရယူနိုင်မည်ဖြစ်သည်။
အစီအစဉ်သည် ကုန်ကျစရိတ်ကြီးမားသဖြင့် အစိုးရမှ ရန်ပုံငွေအတွက် အကုန်အကျခံမည် မဟုတ်ဘဲ ယခုအစီအစဉ်တွင် ရင်းနှီးမြှုပ်နှံသည့် ပုဂ္ဂလိကလုပ်ငန်းများ၏ အရင်းအနှီး ရန်ပုံငွေဖြင့် အကောင်အထည်ဖော်မည်ဖြစ်သည်။

၎င်းရင်းနှီးမြှုပ်နှံသူတို့က ဓာတ်ဆီအင်ဂျင် မော်တော်ဆိုင်ကယ်ကို ရယူပြီး ပိုင်ရှင်အား လျှပ်စစ်မော်တော်ဆိုင်ကယ် အခမဲ့ ထုတ်ပေးမည် ဖြစ်သည်။ ဓာတ်ဆီအင်ဂျင်မော်တော်ဆိုင်ကယ် ရရှိသဖြင့် လျှပ်စစ်မော်တော်ဆိုင်ကယ်အတွက် ကုန်ကျစရိတ် ၅၀% ဝန်းကျင် ပြန်ရမည် ဖြစ်သည်။
၎င်းရင်းနှီးမြှုပ်နှံသူတို့ကို ဘက်ထရီအားသွင်းရုံ ဝန်ဆောင်မှု လိုင်စင်နှင့် အားကုန်ဘက်ထရီကို အားပြည့်ဘက်ထရီဖြင့် အလုံးလိုက် လဲပေးသည့် ဝန်ဆောင်မှုအတွက် လိုင်စင် ထုတ်ပေးမည်ဖြစ်သည်။ ၎င်းဝန်ဆောင်မှု ၂ ရပ်မှ ရရှိမည့် အကျိုးအမြတ်ဖြင့် လျှပ်စစ်မော်တော်ဆိုင်ကယ်အတွက် ကုန်ကျစရိတ် အရင်းကြေပြီး အမြတ်ထွက်မည် ဖြစ်သည်။ 

 

ဘက်ထရီ အားသွင်းရုံ


.အဆိုပါ လဲလှယ်ရေး အစီအစဉ်အတွက် လိုအပ်သည့် လျှပ်စစ်မော်တော်ဆိုင်ကယ်များကို ယူဂန်ဒါနိုင်ငံတွင် ထုတ်လုပ်ပါသည်။ Zembo ဟု အမည်ပေးထားသော လျှပ်စစ်မော်တော်ဆိုင်ကယ် ဈေးနှုန်းမှာ ယူဂန်ဒါ နိုင်ငံသုံးငွေ ရှီလင် ၅ သန်း (အမေရိကန်ဒေါ်လာ ၁,၃၅၀ ဝန်းကျင်) ဖြစ်ပါသည်။
Zembo လျှပ်စစ်မော်တော်ဆိုင်ကယ်များကို ယူဂန်ဒါတွင် မော်တော်ဆိုင်ကယ်ဖြင့် တက္ကဆီ ဆွဲကြပါသည်။ လူကြိုက်များပါသည်။'boda boda" ဟု ဒေသိယစကားဖြင့် ခေါ်ဝေါ်ပါသည်။
ယူဂန်ဒါနိုင်ငံတွင် မော်တော်ဆိုင်ကယ် သုံးစွဲမှု များပြားသဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ယခုလို ဖလှယ်ရေး အစီအစဉ်ကို အစိုးရက ဆောင်ရွက်ပေးခြင်း ဖြစ်ပါသည်။
Zembo လျှပ်စစ်မော်တော်ဆိုင်ကယ်များကို တက္ကဆီ ဆွဲရန် ဒီဇိုင်းထုတ်ပေးထားပါသည်။ မောင်းသူ ကျောဘက်မှာ ငှားစီးသူတို့ ထိုင်ဖို့ အဆင်ပြေစေရန်အတွက် ဒီဇိုင်း ထုတ်ထားပါသည်။ ဘရိတ်မှာ disc ဘရိတ် ဖြစ်ပါသည်။ ဗို့အား ၇၂ ဗို့ရှိသည့် ဘက်ထရီသုံးထားပါသည်။ ဂီယာမပါသဖြင့် ဂီယာချိန်းရန် မလိုအပ်ပါ။ ဖရိန်တန်းကို အကြမ်းခံအောင် ဒီဇိုင်းထုတ်ထားပါသည်။ သို့ဖြစ်ရာ လမ်းသားမကောင်း၊ ချိုင့်ရှိသည့် နေရာမျိုးမှာ အကြမ်းခံပါသည်။

 

ယူဂန်ဒါနိုင်ငံ ပြည်တွင်းဖြစ် မော်တော်ဆိုင်ကယ် Zembo 


မော်တော်ဆိုင်ကယ်ဖြင့် တက္ကဆီ ဆွဲကြသူများအနေဖြင့် လျှပ်စစ်မော်တော်ဆိုင်ကယ်က စရိတ်ပိုသက်သာသည့် အကျိုးကျေးဇူး ရရှိပါသည်။ ရာခိုင်နှုန်ူအားဖြင့် ၆၀% သက်သာပါသည်။ 

Zembo လျှပ်စစ်မော်တော်ဆိုင်ကယ်များတွင် အဝေးထိန်းစနစ် ထည့်ပေးထားပါသည်။ ဆိုင်ကယ် အခိုးခံရပါက သတင်းပို့လျှင် ကွပ်ကဲကြီးကြပ်ရေးဌာနက ဆိုင်ကယ်ကို ခလုတ်လှမ်းပိတ်ပေးနိုင်ပါသည်။ ဆိုင်ကယ်မှ အစိတ်အပိုင်း ဖြုတ်လျှင်လည်း ကွပ်ကဲကြီးကြပ်ရေးဌာနသို့ ဆိုင်ကယ်က သတင်းပေးပို့ပါသည်။

ဘက်ထရီ အားသွင်း/လဲလှယ်ရုံ


Zembo လျှပ်စစ်မော်တော်ဆိုင်ကယ်ကို မြို့တွင်းစီးရန်အတွက် ဒီဇိုင်းထုတ်ထားပါသည်။ Zembo သွားနိုင်သည့် အများဆုံးခရီးတာမှာ ၇၀ ကီလိုမီတာ(၄၃ မိုင်) ဖြစ်ပါသည်။

Zembo လျှပ်စစ်မော်တော်ဆိုင်ကယ်တွင် ဈေးအကြီးဆုံး အစိတ်အပိုင်းမှာ ဘက်ထရီ ဖြစ်ပါသည်။ ဆိုင်ကယ်ပိုင်ရှင်က ဘက်ထရီမပါ ဆိုင်ကယ်ကိုသာ ပိုင်ဆိုင်ပါသည်။ ဘက်ထရီအားကုန်လျှင် နီးရာအားသွင်းရုံတွင် အားကုန်နေသည့် ဘက်ထရီကို ပေးအပ်ပြီး သတ်မှတ်ထားသည့် အားသွင်းခ ပေးအပ်ကာ အားပြည့်ဘက်ထရီ ရယူနိုင်ပါသည်။ ကိုယ်ပိုင်ဘက်ထရီ မဟုတ်သည့်အတွက် အကယ်၍ Zembo ကို ဝယ်စီးမည် ဆိုပါက ဈေးကြီးသည့် ဘက်ထရီဖိုး မပါသည့်အတွက် ဈေးသက်သာပါသည်။ ဘက်ထရီ ကြာလျှင် ဟောင်းသွားမှာကိုလည်း ပူပင်ရန်မလိုပါ။ ကိုယ်ပိုင်ဘက်ထရီ မဟုတ်သဖြင့် မိမိသုံးနေသည့် ဘက်ထရီနှင့် ဆင်တူဖြစ်နေသည့် အခြားသူတို့၏ ဘက်ထရီများနှင့် မမှားအောင်  အမှတ်အသားပြုပြီး ဂရုစိုက်ပေးရသည့် ကရိကထလည်း ကင်းဝေစေးပါသည်။
Source Electrek 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 229 times