ကမ္ဘာ့အကြီးဆုံး Ride-sharing Platform ဖြစ်တဲ့ Uber ဟာ ဓာတ်ဆီသုံးကားတွေအစား Electric Vehicle (EV) အသုံးပြုဖို့ စတင်ပြောင်းလဲသွားမယ့် မောင်းသူတွေအတွက် အထူးဆုကြေး $4,000 ထုတ်ပေးမည်ဖြစ်ကြောင်း သိရပါတယ်။
အဆိုပါအစီအစဉ်ကို Uber က EV Champions Bonus Program လို့အမည်ပေးထားပြီး မောင်းသူတစ်ဦးစီအနေနဲ့ EV နဲ့ မောင်းသော Trip တစ်ခါစီအတွက် $1 ဆုကြေး ရရှိမည်ဖြစ်ပြီး တစ်နှစ်အတွင်း အများဆုံး $4,000 အထိ ရရှိနိုင်မည်ဖြစ်ပါတယ်။
Uber ရဲ့အဆိုအရ ဒီအစီအစဉ်ဟာ မော်တော်ယာဉ်ကဏ္ဍအတွင်း clean energy စွမ်းအင်သုံးခြင်း (Zero-Emission Goal) ကို မြန်ဆန်စွာတိုးတက်စေဖို့ ရည်ရွယ်ထားတာဖြစ်ပြီး 2030 အထိ အမေရိကန်နဲ့ ကနေဒါ ဧရိယာများမှာ Uber Platform တစ်ခုလုံးကို EV သုံးစနစ်အဖြစ် ပြောင်းလဲသွားမည်ဟု ကြေညာထားပါတယ်။
ထို့အပြင် Uber က Tesla, Polestar, Hertz တို့နဲ့ပူးပေါင်းကာ မောင်းသူများအတွက် EV Lease / Rent ပိုင်းဆိုင်ရာ ဈေးနှုန်းသက်သာမှုအခွင့်အရေးများ ဖန်တီးပေးထားပါတယ်။ Uber ၏အကြီးအကဲများကလည်း ဒီအစီအစဉ်ဟာ မီးဆီကုန်ကျစရိတ်လျော့ချခြင်း၊ မြို့ပြလေထုညစ်ညမ်းမှု လျော့နည်းစေခြင်းနဲ့ တစ်ချို့မောင်းသူတွေအတွက် အမြတ်အစွန်းတိုးလာစေမည့် လှုပ်ရှားမှုတစ်ခုဖြစ်မယ်လို့ ပြောကြားခဲ့ပါတယ်။
၂၀၂၅ ခုနှစ်အထိ ကမ္ဘာအနှံ့ Uber မောင်းသူ (၁၂၅,၀၀၀) ကျော် သည် ရှိပြီးသား EV များ အသုံးပြုနေကြောင်း သိရပြီး၊ ၂၀၂၇ အထိ ဒီအရေအတွက်ကို နှစ်ဆတိုးလာမည်ဟု သုံးသပ်သူများက ခန့်မှန်းထားကြပါတယ်။
Article-Reference:https://www.autoweek.com/news/a69123487/uber-offers-4000-to-drivers-switching-to-evs/