ကားတာယာများကို မှန်ကန်အောင် ဘယ်လို ရွေးချယ်မလဲ


ကားအတွက် မှန်ကန်တဲ့ တာယာအရွယ်အစားကို ရွေးချယ်တပ်ဆင်နိုင်မှသာ ယာဉ်ရဲ့စွမ်းဆောင်ရည် အပြည့်အဝရရှိနိုင်ပြီး လုံခြုံစိတ်ချစေနိုင် မှာ ဖြစ်တယ်။

ဒါကြောင့် မိမိကားရဲ့ တာယာအရွယ်အစားကို ရွေးချယ်နိုင်အောင် ဘာတွေမှတ်သားထားရမယ်ဆိုတာ နားလည်ထားဖို့ လိုအပ်ပါတယ်။

အဲကွန်းက မအေးတော့ဘူးဆိုရင်
ကားအဲကွန်းမအေးတော့ဘူးဆိုရင် ပြဿနာတစ်ခုခုရှိနေတာပါ။ အသုံးပြုတဲ့သက်တမ်းကြာ ရှည်တာနဲ့အမျှအအေးဓာတ်က လျော့ကျလာတတ်ပါတယ်။ သက်တမ်းတစ်နှစ်ပြည့်တိုင်း အအေးဓာတ် ၁၅ ရာခိုင်နှုန်း လျော့နည်းလာ တတ်ပါတယ်။

ကွန်ဒင်ဆာ(condenser)က ပျက်စီးတာ
ကွန်ပရက်ဆာ (co-mpressor) အက်ကွဲတာ၊ လည်ပတ်စေတဲ့ကြိုး (belt) ပျက်စီးတာ၊ ကလပ် (clutch) ချို့ယွင်းတာ၊ ဖိအားပေးစနစ်ချို့ယွင်းတာ၊ ဗားက အလုပ်မလုပ်တာစတဲ့ပြဿနာ တွရှိနိုင်တာဖြစ်တယ်။

အနံ့ဆိုးတဲ့လေတွေ ထွက်လာတာ
အဲကွန်းကိုကြာရှည်ပိတ်ထားပြီး စတင်အသုံးပြုမိတဲ့အခါ အဲကွန်းထဲက ဆိုးရွားတဲ့အနံ့အသက်တွေထွက်လာတတ်ပါတယ်။ အဲကွန်းကိုကြာရှည်ပိတ်ထားတဲ့အတွက် အထဲမှာဘက်တီးရီးယားနဲ့မှိုတွေအများအပြားပေါက်ဖွားနေခဲ့ တာဖြစ်လို့ အနံ့ဆိုးတွေ ထွက်နေတာဖြစ်တယ်။ အဲကွန်းကို သန့်စင်ဖို့လိုအပ်နေတာဖြစ်တယ်။

ပုံမှန်မဟုတ်တဲ့အသံတွေမြည်လာတာ
ပျက်စီးတော့မယ့်ဆဲဆဲကွန်ပရက်ဆာက အသံတွေထွက်တတ်ပါတယ်။ ဒါပေမဲ့ အဲကွန်းစနစ်ရဲ့အခြားအစိတ်အပိုင်းတွေက ချို့ယွင်းရင်လည်း အသံမြည်နိုင်ပါတယ်။ အထူးသဖြင့် သတ်မှတ်ထားတဲ့ ချောဆီမဟုတ်တာကို မှားယွင်း အသုံးပြုမိရင်လည်း  အဲသည်စနစ်က အသံမြည်နိုင်ပါတယ်။

ကားအတွင်းခန်း စိုထိုင်းထိုင်းဖြစ်နေရင်

အဲကွန်းဖွင့်လိုက်တာနဲ့ကားရဲ့အတွင်းခန်းက စိုထိုင်းထိုင်းဖြစ်နေတဲ့လေတွေလိုခံစားရရင်တော့ အဲကွန်းစနစ်အတွင်းမှာ စိုထိုင်းဆများနေတာပါ။ ဒါမှမဟုတ် အကျိုးအပဲ့ပစ္စည်းအစအနတွေနဲ့ အမှိုက်သရိုက်တွေ အဲကွန်းထဲမှာ ရှိနေတာပါ။

ကားအဲကွန်းက ယိုစိမ့်တာမျိုးတစ်ခုခုဖြစ်နေလားစစ်ဆေးသင့်ပါတယ်။ ယိုစိမ့်တာက အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေပျော်ဝင်ပါ ရှိလာနိုင်တာက သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေနိုင်သလို ကားအင်ဂျင်ကိုလည်း ထိခိုက်ပျက်စီးစေနိုင်ပါတယ်။

ပြဿနာတွေကိုရှာဖွေပြီး အချိန်မီပြုပြင်တာက တန်ဖိုးရှိတဲ့အချိန်တွေနဲ့ဝင်ငွေတွေကုန်ဆုံးတာကို သက်သာစေပါတယ်။ ကားအဲကွန်းစနစ်မှာပါဝင်တဲ့ ကွန်ပရက်ဆာ၊ ကွန်ဒင်ဆာအီဗာပိုရိတ်တာ (evaporator) နဲ့ အီလက်ထရစ် ကွန်ထရိုးစနစ်အား လုံးကို အမြဲပြုပြင်နေကျအဲကွန်းပြုပြင်ရေးစင်တာမှာ မပျက်ခင်ကတည်းက ကြိုတင်စစ်ဆေးထားတာက အပူချိန်မြင့်တဲ့အချိန် တွေမှာစိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်။
Source: အောင်ထွန်းဦး

Read 2764 times