တာယာအမှုန် ညစ်ညမ်းမှုကြောင့် တာယာထုတ်လုပ်သူများ ဝေဖန်ပြစ်တင်ခံနေရ


တာယာအမှုန် ညစ်ညမ်းမှုကြောင့် တာယာထုတ်လုပ်သူများ ဝေဖန်ပြစ်တင်ခံနေရ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 


လမ်းများပေါ်တွင် တာယာအမှုန်များ ကျရောက်ခြင်းသည် အီးဗီများ ပိုအဖြစ်များသဖြင့် တာယာအမှုန်ညစ်ညမ်းမှုကို ကာကွယ်ရန် တာယာထုတ်လုပ်သူများ ဖိအားပေးခြင်း ခံနေရသည်။

မော်တော်ယာဉ် မောင်းနှင်နေစဉ် တာယာသည် လမ်းသားနှင့် ပွတ်တိုက်သည့်အခါ တာယာအသားမှ အမှုန်အမွှားများ ပွန်းပဲ့ပြီး လမ်းပေါ်သို့ ကျရောက်သဖြင့် ပတ်ဝန်းကျင် ညစ်ညမ်းစေသည်။ အီးဗီများသည် ဘက်ထရီထုပ် အလေးချိန်ကို အပုိထမ်းထားရသဖြင့် တာယာအမှုန်အမွှား ပိုထွက်စေသည်။
ကမ္ဘာပေါ်တွင် တစ်နှစ်လျှင် တာယာ ခုရေ ၂ ဘီလီယံ ထုတ်လုပ်သည်ဟု ခန့်မှန်းထားကြသည်။ ၎င်းတာယာများမှ အမှုန်အမွှားများ ထွက်ပေါ်နေသည်မှာ အီးဗီများကြောင့် ကြီးမားသော ပြဿနာ ဖြစ်လာသည်။

အစဉ်အလာရှိသည့် တာယာထုတ်လုပ်ရေး လုပ်ငန်းများ ဖြစ်သည့်  Goodyear, Bridgestone , Michelin, Continental တို့သည် ဈေးချိုသည့် တရုတ်ပြိုက်ဘက်များ ဈေးကွက်ဝေစု မသိမ်းပိုက်နိုင်အောင် ကာကွယ်နေကြရသည်။ ထို့ပြင် လမ်းသစ်ဖောက်သည့် လုပ်ငန်းသစ်များကိုလည်း ယှဉ်ပြိုင်နေရသည်။

ယူကေ အခြေစိုက် တာယာထုတ်လုပ်ရေး လုပ်ငန်းသစ် Enso သည် တာရှည်ပိုခံသည့် တာယာများကို အလေးချိန် စီးသည့် အီးဗီအတွက် ထုတ်လုပ်သည်။ တာယာကို အငှားစနစ်ဖြင့် ရောင်းသည်။ တာယာသက်တမ်းကုန်လျှင် ကုမ္ပဏီထံ တာယာအဟောင်း ပြန်အပ်နှံရသည်။

ရေနံမှ ထုတ်လုပ်သော ရေနံဓာတုပစ္စည်း အမျိုးအမည် ၂၀၀ ခန့် တာယာတွင် ပါဝင်ပြီး ၎င်းတို့သည် ကျန်းမာရေးထိခိုက်စေသော အဆိပ်အာနိသင် ရှိသည်။ ကင်ဆာ ဖြစ်စေတတ်သော ကာစီနိုဂျင် ဓာတုပစ္စည်းများလည်း ပါဝင်သည်။ သို့သော် အဓိက လက်ညှိုးထိုးခံရသည်မှာ ရာဘာပစ္စည်းများတွင် မပါမဖြစ် ထည့်သွင်းသုံးစွဲသည့် 6PPD ဖြစ်သည်။
[6PPD သည် 6PPD-quinone ကို အတိုခေါ်ဝေါ်ခြင်းဖြစ်သည်။ N-(1,3-dimethylbutyl)-N′-phenyl-p-phenylenediamine ဓာတုဓာတ်ပေါင်းတစ်မျိုး ဖြစ်ပါသည်] 


တာယာတွင် ရာဘာသားတွင် အက်ကြောင်း မပေါ်စေရန် ထည့်သွင်း သုံးစွဲကြသည်။ စွန့်ပစ်တာယာ ရေထဲ ရောက်သွားသောအခါ  6PPD သည် အချို့သော ငါးများကို နေ့မကူးခင် သေစေနိုင်သည်။
ယခုအခါ 6PPD အစား အခြားဓာတ်ပေါင်း သုံးစွဲရန် တာယာထုတ်လုပ်သူများကို တောင်းဆိုနေကြသည်။ 
ထို့ပြင် ယာဉ်အလေးချိန်များသော အီးဗီများအတွက် ဆီလျော်သည့် တာယာများ ထုတ်လုပ်ရန်လည်း လိုအပ်နေသည်။ Michelin နှင့် Goodyear တို့၏ တာယာများသည် အီးဗီတွင် သုံးစွဲသည့်အခါ ပန်းကုန်သည်မှာ ၅၀% အထိ ပိုမြန်နေသည်ကို တွေ့ကြရသည်။

တာယာပွန်းစား အမှုန်ကျခြင်းသည် ပတ်ဝန်းကျင် ထိန်းသိမ်‌းရေးတွင် "ထုတ်လွှတ်မှု" "emission" ခေါင်းစဉ်အောက်တွင် ပါဝင်ပါသည်။
Source Reuters 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 141 times