ဘယ်ကားကို ဘယ်လိုတာယာမျိုး သုံးသင့်သလဲ


ကားတာယာ ဝယ်တာဟာ အခြားပစ္စည်းတွေ ရှော့ပင်းထွက်ရသလို ခဏခဏ ဝယ်နေဖို့၊ အသစ်လဲနေဖို့မလိုအပ်ပေမယ့် တစ်ခါဆိုရင် ဆိုသလောက် ငွေကြေးပမာဏများများ သုံးစွဲရတာမို့ ဝယ်ယူရာမှာ တာဝန်ကြီးပါတယ်။

ယာဉ်မောင်းအချို့သာ ကားတာယာဈေးထက် အရည်အသွေးပိုင်းကို စဉ်းစားကြပြီး ကားတာယာတွေကအန္တရာယ်ကင်းဖို့အတွက်ရော စတိုင်မိုက်ဖို့အတွက်ပါ အရေးကြီးတဲ့အတွက်အကောင်းဆုံး ရွေး ချယ်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

သင်ဟာ အိမ်နဲ့လုပ်ငန်းခွင် (ဒါမှမဟုတ်) အပြင်ကို မကြာ ခဏဆိုသလို ပုံမှန်အသွားအလာ လုပ်တတ်သူဆိုရင်တော့ ကြာ ရှည်ခံမယ့်တာယာမျိုး ရွေးချယ်ဖို့ လိုပါတယ်။ အိမ်သွား၊ ကျောင်း သွား ကားအသေးလေးတွေအ တွက် သီးသန့်ထုတ်ထားတဲ့ တာ ယာ အမှတ်တံဆိပ်များစွာ ရှိပါ တယ်။ သင်ဟာ ထရပ်ကားအကြီးကြီးတွေ (ဒါမှမဟုတ်) SUV မောင်းရင်တော့ အဲဒီကားအတွက် တာယာတွေက အရွယ်အစား လည်းကြီးသလို ဈေးလည်းကြီးပါ တယ်။ ကုန်ကျစရိတ်ချွေတာချင် လို့ တာယာအသေးမျိုး သုံးမယ်ဆိုရင် အကြမ်းမခံနိုင်ဘူးဆိုတာ သတိပြုသင့်ပါတယ်။

သင်ဟာ ခရီးဝေး၊ ခရီးကြမ်း ကို သွားလာတတ်သူဆိုရင်တော့ ပုံမှန်လမ်းတွေပေါ်ကိုရော၊ ခရီး ကြမ်းမှာရော နှစ်မျိုးစလုံးသုံးလို့ အဆင်ပြေမယ့် တာယာမျိုး ရွေး ချယ်ဖို့ လိုပါတယ်။ တာယာအ ရွယ်အစားကြီးလို့မို့ အန္တရာယ်အ တွက် စိတ်ချရသလို ရွှံ့ထဲ၊ လမ်း စောက်နက်နက်ထဲ၊ ကျောက်စရစ်လမ်းတွေထဲ မောင်းတဲ့အခါ လမ်းချော်မှာ စိတ်မပူရတော့ပါ ဘူး။

သင့်ကားဟာ ပြတင်းပေါက်၊တံခါး စတာတွေအပါအဝင် ကိုယ်ထည် တစ်ခုလုံးကို ဆေးရောင် ခြယ်အလှဆင်ထားရင်တော့ ဆွဲ ဆောင်မှုရှိတဲ့ တာယာမျိုး ရွေး ချယ်ဖို့ လိုပါတယ်။ အချို့က လည်း သိပ်ပြီး ထင်ထင်ပေါ်ပေါ် မဖြစ်လောက်တဲ့ တာယာမျိုး ရွေး ချယ်ကြပြီး အကယ်၍များ ရှေး ဟောင်းကားပုံစံမျိုးဆိုရင်တော့ သူနဲ့ လိုက်ဖက်ညီမယ့် ခေတ် ဟောင်းဒီဇိုင်းဆန်ဆန် တာယာ သုံးဖို့တော့ စိတ်ကူးထားလိုက်ပါ။

သင့်ကားက နှင်းဖုံးလမ်း တွေပေါ်မှာ မောင်းရမယ်ဆိုရင် တော့ နှင်း၊ ရေခဲ၊ နှင်းပျော်ဝင်နေတဲ့ ရွှံ့ခင်းလမ်းနဲ့ အဆင်ပြေမယ့်တာယာကို အမှန်အကန်ရွေးချယ် ရမှာပါ။

Read 3102 times