လူကြိုက်များလာတဲ့ အိန္ဒိယနိုင်ငံထုတ် TVS Dazz ဆိုင်ကယ်


ယခုတစ်ခါဖော်ပြပေးလိုတာကတော့ မန္တလေးဈေးကွက်မှာ စီးနင်းသူများပြားလာတဲ့ အိန္ဒိယနိုင်ငံထုတ် TVS Dazz ဆိုင်ကယ်၏ တည်ဆောက်ထားပုံနှင့် ဘာကြောင့်လူကြိုက်များလာတယ်ဆိုတဲ့ အကြောင်းပဲဖြစ်ပါတယ်။

အိန္ဒိယ TVS Dazz ဆိုင်ကယ်ရဲ့ ကာဗာတွေဟာ ကာဗွန်ဖိုက်ဘာ အမျိုးအစားဖြစ်ပြီး စီးနင်းတဲ့အခါမှာ ပေါ့ပါးအောင်ထုတ်လုပ်ထားတဲ့အတွက် အမျိုးသမီး၊ လူငယ်တွေနဲ့ အရပ်နိမ့်တဲ့သူတွေအတွက်ပါ အဆင်ပြေစေမှာ ဖြစ်ပါတယ်။

ဂါပနာ Type ဖြစ်တဲ့အတွက် လီဗာအဆုံးထိတင်ရင်တောင် အရှိန်မလျော့ဘဲ တုန်ခါတာမျိုး၊ တွန့်ဆုတ်တွန့်ဆုတ်ဖြစ်တာမျိုးတွေ မရှိဘူးလို့ TVS ကုမ္ပဏီက ပြောထားပါတယ်။

ဆိုင်ကယ်ရဲ့ထူးခြားချက်က အင်ဂျင်ကို 110 CC နဲ့ ထုတ်လုပ်ထားတဲ့အပြင် ဆီစားနှုန်းသက်သာအောင် ထုတ်လုပ်ထားတာကြောင့် ဆီ တစ်လီတာကို ၄၈ ကီလိုမီတာခရီး မောင်းနှင်နိုင်မှာလည်းဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့ ကာဗာတွေရဲ့ ဆေးသားကောင်းမွန်မှုကြောင့် ဥတုသုံးပါးလုံး အကြိုက်စီးရင်တောင် သုံး၊ လေးနှစ်တိုင်အောင် ဆေးမပြန့်လွင့်တာ၊ ကာဗာအက်ကွဲတာမျိုးတွေမဖြစ်စေတဲ့အပြင် Tool Box နဲ့ ဦးထုတ်ချိတ်နှစ်ခုစီ ထည့်သွင်းထားတာကလည်း တခြားဆိုင်ကယ်အမျိုးအစားတွေအကြား လူအများကို သတိထားစေတဲ့အချက်ပဲ ဖြစ်ပါတယ်။

Tool Box တစ်ခုက ဆိုင်ကယ်ထိုင်ခုံအောက်မှာ ပါရှိ၍ နောက်တစ်ခုကတော့ ဆိုင်ကယ်လက်ကိုင်တန်းအောက်နားမှာ ထည့်သွင်းပေးထားပါတယ်။ ဦးထုတ်ချိတ်ကိုလည်း ဖင်ထိုင်ခုံရှေ့နားမှာတစ်ခု၊ လက်ကိုင်တန်း Tool Boxနားမှာ တစ်ခု တပ်ဆင်ပေးထားတာကြောင့် ဆိုင်ကယ်ဦးထုပ်အပြင် အခြားတိုလီမိုလီပစ္စည်းများလည်း ချိတ်ဆွဲထားနိုင်မှာဖြစ်ပါတယ်။

TVS Dazz က ယခု ၂၀၁၈ model တွင် စတစ်ကာနဲ့ အရောင်တွေပြောင်းလဲသွားသလို ဆိုင်ကယ်နောက်မြှီးဟာလည်း Rock Z ဘီးပုံစံမျိုး ဖင်ချွန်း ဖြစ်သွားပါတယ်။ နောက်တစ်ချက်ကတော့ ကာဗာမှာ Dazz ဆိုတဲ့ စာလုံးက အသားတံဆိပ်နဲ့ စာလုံးကြီးဖြစ်သွားသလို တာယာကိုလည်း Tubeless တာယာအမျိးအစား၊ ဘရိတ်ကို ရှေ့ Disc ၊ နောက် Hub ပုံစံနဲ့ ထုတ်လုပ်ထားပါတယ်။

၂၀၁၈ model TVS Dazz ဆိုင်ကယ်ကို အရောင်တွေအနေဖြင့် အနီ၊ လိမ္မော်ဖြူ၊ ဖြူပြာရောင်၊ အနက်ရောင် စတဲ့ အရောင်လေးရောင် ထွက်ရှိပြီး အင်ဂျင် ၂ နှစ် အာမခံ ပေးထားပြီး မန္တလေးမြို့က TVS Showroom မှာ အခမဲ့ လာရောက်ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။ ဈေးနှုန်းအနေဖြင့် ကျပ် ၁,၂၉၀,၀၀၀ နဲ့ ရောင်းချပေးလျက် ရှိပါတယ်။

တရုတ် Auto ဆိုင်ကယ်တစ်စီးကို ကျပ် ၁၀ သိန်းနီးပါးရှိနေချိန်တွင် အိန္ဒိယနိုင်ငံထုတ် Auto ဆိုင်ကယ်တစ်စီးဟာ ၁၃ သိန်းနီးပါးသာရှိသည့်အပြင် အင်ဂျင်အာမခံ ၂ နှစ် ပါရှိတာကြောင့် မန္တလေးမှာ လူကြိုက်များလာခြင်း ဖြစ်ပါတယ်။

Read 3157 times