တူရကီ မော်တော်ယာဉ်ကဏ္ဍက ၂၀၂၁ မှာ ဒေါ်လာ ၂၉.၃ ဘီလျံဖိုး တင်ပိုခဲ့
တူရကီနိုင်ငံ မော်တော်ယာဉ်ကဏ္ဍက ၂၀၂၁ မှာ ပြည်ပသို့ အမေရိကန်ဒေါ်လာ ၂၉.၃ ဘီလျံဖိုး တင်ပို့နိုင်ခဲ့ပါတယ်။
မော်တော်ယာဉ်ကဏ္ဍက တူရကီနိုင်ငံရဲ့ ပြည်ပတင်ပိုမှုမှာ တန်ဖိုးပမာဏအရ အများဆုံး ဖြစ်ခဲ့တာ ၁၆ နှစ် ရှိပါပြီ။
မော်တော်ယာဉ်ကဏ္ဍရဲ့ ကဏ္ဍခွဲဖြစ်တဲ့ ယာဉ်သုံး စက်ပစ္စည်း အစိတ်အပိုင်း ထုတ်လုပ်ရေးကဏ္ဍ အနေဖြင့် ပြည်ပပို့ကုန် အဓိကထား လုပ်ကိုင်ပါတယ်။ အဆိုပါ ထုတ်ကုန်ကဏ္ဍခွဲက နိုင်ငံပေါင်း ၂၀၀ ကျော်သို့ တင်ပို့ပါတယ်။ ၂၀၂၀ ထက် ၂၀၂၁ မှာ တန်ဖိုးအားဖြင့် ၂၆% ပိုမိုတင်ပို့နိုင်ခဲ့ပြီး စုစုပေါင်းပမာဏ အမေရိကန်ဒေါ်လာ ၉.၃ ဘီလျံ ရှိပါတယ်။ မော်တော်ယာဉ်ကဏ္ဍ တစ်ခုလုံး တင်ပို့မှု စုစုပေါင်းရဲ့ ၄၀.၂၂% ရှိပါတယ်။
မော်တော်ယာဉ်သုံး စက်ပစ္စည်းနှင့် အစိတ်အပိုင်း ထုတ်လုပ်ရေးကဏ္ဍခွဲမှ ပို့ကုန်များကို အများဆုံး တင်သွင်းနေတာ ဂျာမနီနိုင်ငံဖြစ်ပြီး ၂၃.၂၃% ကို ရယူပါတယ်။
ဒုတိယအများဆုံးနိုင်ငံက အီတလီဖြစ်ပါတယ်။ ၂၀၂၁ မှာ အမေရိကန်ဒေါ်လာ ၇၇၈.၄ သန်းဖိုး တင်ပို့ခဲ့ပါတယ်။
အမေရိကန်က တတိယအများဆုံး ဖြစ်ပြီး ၂၀၂၁ မှာ အမေရိကန်ဒေါ်လာ ၇၂၈.၃ သန်းဖိုး တင်ပို့ခဲ့ပါတယ်။
အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်ဖိုး တင်ပို့ခဲ့တဲ့ နိုင်ငံတွေက ပြင်သစ်၊ ဗြိတိန်၊ ရုရှား၊ စပိန်၊ ပိုလန်၊ ဘယ်လ်ဂျီယံ၊ ရိုမေးနီးယား၊ မော်ရိုကို၊ စလိုဗေးနီးယား၊ နယ်သာလန်၊ အီဂျစ်၊ ဟန်ဂေရီ၊ အစ္စရေး၊ အီရတ်၊ အီရန်၊ ဘရာဇီး၊ ချက်သမ္မတနိုင်ငံနှင့် ယူကရိန်း တို့ ဖြစ်ပါတယ်။
မော်တော်ယာဉ်ကဏ္ဍရဲ့ ကဏ္ဍခွဲဖြစ်တဲ့ မော်တော်ယာဉ် ထုတ်လုပ်ရေးကဏ္ဍခွဲက အိမ်စီးကားများနှင့် အပေါ့စား လုပ်ငန်းသုံးမော်တော်ယာဉ်များ တင်ပို့ပါတယ်။ ၂၀၂၀ မှာ စီးရေ ၇၇၃.၀၀၀ နီးပါးတင်ပို့ နိုင်ခဲ့ပြီး ၂၀၂၁ မှာ စီးရေ ၇၃၇,၃၅၀ တင်ပို့ခဲ့ပါတယ်လို့ တူရကီမှ Automotive Distributors Association (ODD) ရဲ့ အချက်အလက်များအရ သိရပါတယ်။
အများဆုံးတင်ပို့ခဲ့တာ အီးယူဈေးကွက်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၉ ဘီလျံဖိုး တင်ပို့ခဲ့ပါတယ်။
အီးယူဈေးကွက်မှာ ဂျာမနီသို့ အများဆုံး တင်ပို့ခဲ့ပါတယ်။ ၂၀၂၁ မှာ အမေရိကန်ဒေါ်လာ ၄.၁ ဘီလျံဖိုး တင်ပို့ခဲ့ပါတယ်။