တူရကီ မော်တော်ယာဥ် တင်ပို့မှုမှာ အားကောင်းနေဆဲ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
တူရကီ မော်တော်ယာဥ်ကဏ္ဍ တင်ပို့မှုသည် အောက်တိုဘာလတွင် ကန်ဒေါ်လာ ၂.၆၅ ဘီလီယံအထိ ခုန်တက်သွားခဲ့ပါသည်။ ယမန်နှစ် အောက်တိုဘာလထက် ၁.၈% ပိုများကြောင်း Uludağ Automotive Industry Exporters’ Association (OIB) က အချက်အလက်များ ထုတ်ပြန်ပါသည်။
.
တူရကီနိုင်ငံ ပို့ကုန်စုစုပေါင်း တန်ဖိုး၏ ၁၂.၄% သည် မော်တော်ယာဉ်ကဏ္ဍ ပို့ကုန် ဖြစ်ပါသည်။
ပြည်ပရောင်းအား ၂၀၂၂ ဇန်နဝါရီလမှ အောက်တိုဘာလအထိ ၁၀ လတာတွင် ကန်ဒေါ်လာ ၂၅ ဘီလီယံ ရရှိခဲ့ပါသည်။
အဓိက အကြီးမားဆုံးဈေးကွက်မှာ ဥရောပဈေးကွက် ဖြစ်ပါသည်။
.
“ကျွန်တော်တို့ရဲ့ မော်တော်ယာဥ်ကဏ္ဍ တင်ပို့မှုဟာ ဆက်လက် တိုးလာနေပါတယ်”ဟု OIB ဥက္ကဋ္ဌ Baran Çelik က ပြောကြားပါသည်။
.
လယ်ထွန်စက်များ၊ ဘတ်စ်ကားများ၊ ဘတ်စ်အသေး minibus များနှင့် အလယ်အလတ်ဘတ်စ် midibus များကို အောက်တိုဘာလတွင် ကန်ဒေါ်လာ ၁ ဘီလီယံဖိုး ပြည်ပသို့ တင်ပို့ ရောင်းချခဲ့ပါသည်။ ယမန်နှစ် အောက်တိုဘာလထက် ၁၃% များပါသည်။ ဂျာမနီ၊ ဘယ်လ်ဂျီယံနှင့် ရုရှားတို့တွင် ရောင်းအားမြင့်တက်ခဲ့ကြောင်း Çelik က ပြောကြားပါသည်။
.
မော်တော်ယာဉ် အမျိုးမျိုးတို့ကို ဂျာမနီသို့ ကန်ဒေါ်လာ ၄၀၄ သန်းဖိုး တင်ပို့ခဲ့သည်။ ယူကေသို့ ကန်ဒေါ်လာ ၂၈၅ သန်းဖိုး တင်ပို့ခဲ့သည်။ ပြင်သစ်သို့ ကန်ဒေါ်လာ ၂၅၂ သန်းဖိုး တင်ပို့ခဲ့ပါသည်။
ဘယ်လ်ဂျီယံ (၃၂%)၊ ရုရှား (၂၃%)၊ ရိုမေးနီးယား (၂၁%)နှင့် ပေါ်တူဂီ (၇၉%) တို့တွင် ယမန်နှစ် အောက်တိုဘာလထက် ရောင်းအား တိုးခဲ့ကြောင်း ၎င်းက ပြောကြားပါသည်။
Source dailysabah
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U