အင်ဂျင်မှ စွန့်ပစ်သော အခိုးအငွေ့များကို အိတ်ဇောမှ အပြင်ကို ထွက်စေခြင်းတွင် တာဘိုခံပြီး အသုံးချထားသည့် အင်ဂျင်ရှိပါသည်။
၁၉၂၅ ခုနှစ်တွင် ဆွစ်အင်ဂျင်နီယာ အဲဖရက်ဘူချီက တီထွင်ပေးခဲ့ခြင်းဖြစ်ပါသည်။ အခိုးအငွေထွက်သည့်ဘက်တွင် စီးဆင်းသောနှုန်းမြန်လေလေ တာဘိုလည်ခြင်းမှာလည်း မြန်လေလေဖြစ်ပါသည်။
ထိုကဲ့သို့ အထွက်ဘက်တွင် လည်နေသော တာဘိုဒလက်ပြားဝိုင်းကို အင်ဂျင်၏ လေအဝင်ဘက်တွင် နေရချပေးထားသည့် တာဘိုဒလက်ပြားနှင့် ချိတ်ဆက်ပေးထားပါသည်။
ထိုအခါ အတွင်းဘက်တွင် လည်ပတ်မှု မြန်လေလေ၊ အဝင်တွင်ရှိသော ဒလက်ပြားဝိုင်းကလည်း လည်ပတ်မှုနှုန်း မြန်လေလေဖြစ်ပါသည်။ အဝင်ဘက်တွင်ရှိသော ဒလက်ပြားဝိုင်းလည်သည့်အခါ လေကို အင်ဂျင်ထဲ ဆွဲသွင်းပေးပါသည်။ ထိုအခါ အထွက်ဘက်တွင် မြန်လေလေ အဝင်ဘက်တွင် လေများဝင်ရောက်ခြင်း မြန်လေလေဖြစ်စေပါသည်။ ထိုကဲ့သို့ သွင်းပေးသည့်အတွက် အင်ဂျင်တွင် ပါဝါတက်လာစေပါသည်။
တာဘိုလည်သည့်နှုန်းက တစ်မိနစ်ကို ပတ်ရေ ၁၅၀၀၀၀ အထိရှိပြီး အပူချိန်က ၆၀၀ ဒီဂရီ ဆဲလ်စီးယပ်အထိ မြင့်တက်နေတတ်ပါသည်။ တစ်ခါတစ်ရံ ၈၀၀ ဒီဂရီအထိ မြင့်တက်နေခြင်းမျိုးလည်း ရှိတတ်ပါသည်။
လီဗာကို နင်းပြီး အရှိန်တင်လိုက်သည့်အခါ အခိုးအငွေ့များထွက်ခြင်း ပိုမြန်သွားစေခြင်းကြောင့် အတွင်းဘက်မှ တာဘိုဒလက်ပြားဝိုင်းလည်ခြင်း ပိုမြန်သွားစေပါသည်။ အဝင်ဘက်တွင်လည်း အလားတူ ပိုမြန်သွားပြီး အင်ဂျင်အရှိန်တင်ရန် လေများကို သွင်းပေးပါသည်။ ထိုဖြစ်စဉ်တွင် လီဗာနင်းနင်းချင်း အကျိုးသက်ရောက်မှု မရှိသေးပေ။
လီဗာနင်းထားခြင်းကြောင့် အင်ဂျင်လည်ပတ်မှုတက်သွားပြီး အခိုးအငွေ့များ အပြင်ထွက်ခြင်း မြန်သွားမှသာ အထွက်ဘက်မှ တာဘိုကပို၍ မြန်မြန် စလည်စေပါသည်။ ထိုအချိန်တွင် အဝင်ဘက်လည်း ပိုမြန်သွားပြီး လေများ ပိုသွင်းခြင်း စတင်ပါသည်။ ထိုအခါတွင် အင်ဂျင်ပါဝါစတက်ခြင်းဖြစ်၍ ကြားကာလတစ်ရပ် ကြန့်ကြာမှု ရှိနေပါသည်။
ထိုကဲ့သို့ ကြန့်ကြာချိန်ကို လျှော့ချရန်အတွက် တာဘိုကို အခိုးအငွေ့ထွက်ပေါက် မဖွင့်ခင်ကတည်းက ကြိုလှည့်ပေးထားကြသည်။ ရပ်နေရာမှ စလည်ရန် ကြာသည့်အချိန် မလိုအပ်တော့ပေ။ ထိုလည်နေစေရန်အတွက် အဝင်လေ တစ်ချို့ကို သူ့ဆီသို့စီးဆင်းအောင် လုပ်ပေးထားသည်။ ထိုအခါ အခိုးငွေ့များ ထွက်သောဘားများကို ဖွင့်ပေးလိုက်သည့်အခါ အရှိန်ချက်ချင်းတက်သွားစေပါသည်။ ထိုစနစ်ကို သုံးသည့်အတွက် အိပ်ဇောအပူဒဏ်ကို ပိုခံရ၍ နောက်ထပ် ၂၀၀ ဒီဂရီ ဆဲလ်စီးယပ်တိုးစေခြင်းကြောင့် ၁၀၀၀ ဒီဂရီ အထိ ပူခြင်းမျိုးအထိ ရှိပါသည်။