အင်ဂျင်တစ်လုံး၏ ဆောင်ရွက်မှုများကို ပိုမိုကောင်းမွန်သော သာရည်ရှိလာစေရန် (ဝါ) တာဘိုချာဂျာ မပါလာသော ကားတစ်စီးမှ အင်ဂျင်ကို တာဘိုချာဂျာတပ်ဆင်ရန် ဖြစ်နိုင်သလားဆိုသည့် မေးခွန်းကို အဦးဆုံး အဖြေထုတ်ထား/မထားမီ စက်မှုပိုင်း အတော်အသင့်အတွေ့အကြုံရှိသူများပင်လျှင် တပ်ဆင်ပြီးချိန်၌ အဆင်မပြေမှုများဖြင့် ရလဒ်မျိုးစုံ ကြုံတွေ့ကြရပါသည်။
အလွယ်ကူဆုံးနည်းမှာ တာဘိုတစ်လုံး၊ သို့မဟုတ် နှစ်လုံးအထိုင်ပါသော အိပ်ဇောမင်နီဖိုး(များ)ကို ပြောင်းလဲတပ်ဆင်လိုက်ရသည်။ (ဥပမာ – ဗွီ အင်ဂျင် တစ်လုံးကို ကိုင်နေသည်ဟုယူဆပါ)
ထို့နောက် ပိုက်သွယ်တန်းချိတ်ဆက်မှုများမှာ အင်းတိတ်နှင့် အိပ်ဇော နှစ်ခုစလုံးအတွက် အင်ဂျင်အလုပ်လုပ်သာရုံ အနည်းဆုံး အကျဉ်းချုံး ပြုလုပ်ဆက်သွယ်လိုက်ပါ။
ဘေးထွက်ဆိုးကျိုးအနေဖြင့် အင်ဂျင်ပုံအကြီးအကျယ် ပြောင်းလဲသွားစေလောက်အောင် ပါဝါများအသုံးပြုလိုက်ရခြင်း မဟုတ်ပေ။
အထူးသီးသန့်မှာထားသည့် အင်ဂျင်မဟုတ်သည့်အတွက် ပိုမိုကောင်းမွန်မှုများရနိုင်ရန် လုပ်ဆောင်စရာများလည်း အသေအချာရှိမည်။
လေနှင့်လောင်စာဆီ အချိုးနှင့် မီးတိုင်မင်(Ignition Timing)နေရာသစ်သို့ ပြန်လည်ချိန်ညှိရန်အတွက် Engine Control Unit (ECU)ကို ပြုလုပ်ရန် လိုအပ်ပေလိမ့်မည်။
တာဘိုချာဂျာမှ မြှင့်တင်ပေးသော အစွမ်းအစများကို သင် ထိန်းချုပ်နိုင်မည့်နည်းမှာ အသေအချာ လိုအပ်ပေလိမ့်မည်။
တာဘိုချာဂျာမှ သတ်မှတ်ချက် စံအားဖြင့် လေဖိအား ခြောက်ပေါင်မှ ၁ဝပေါင် (၆ – ၁ဝ ဈင)အထိ မြှင့်တင်ပေးလိုက်သည်ကို ဖိအားမြင့်အထိန်း (Boost Controller)ကိုအသုံးပြု၍ ဖိအားကို သိသိသာသာ ပိုမြင့်အောင် (ဆီကျွေးနေရာတွင် Throttle Position Sensor ပါသော ဖိအားမြင့်အထိန်းဖြစ်သည့် Boost Controller ဖြစ်ခဲ့မှသာ)ပြုလုပ်၍ရသဖြင့် ယင်း ပစ္စည်းအစုံပါသည်များကိုသာ ဦးစားပေးရွေးချယ်ရမည်ဖြစ်သည်။
ထိုပြင် တာဘိုချာဂျာမှ ဖိလိုက်သောလေသည် ပူလာသည့်အလျောက် မီးခေါက်သံများ ထွက်ပေါ်လာရန် လွန်စွာသေချာလှသည်။
လေသည် ပူလာသဖြင့် သိပ်သည်းမှုလည်း လျော့ကျလာသည်။ ထို့ကြောင့် လေကို အအေးခံသောပစ္စည်း(စနစ်)တစ်ခု၊ အင်တာကူလာ (Intercooler) လိုအပ်လာပြန်သည်။
အအေးခံပြီး လေအများအပြား မီးလောင်ပေါက်ကွဲခန်းအတွင်း ရောက်ရှိလာသောအခါမှသာ တိုင်မင်ကိုက် မီးလောင်ပေါက်ကွဲမှုများ ဖြစ်ပေါ်နိုင်သည်။
အအေးခံပြီး လေအများအပြားရရှိနိုင်ရန်အတွက် အင်တာကူလာထိုင်ရန် နေရာပေးရမှု၊ နေရာချထားမှုက ကားပုံသဏ္ဌာန်ကို ပြောင်းလဲနိုင်သဖြင့် ထည့်သွင်းစဉ်းစားရမည့်အချက် ဖြစ်သည်။
လေစစ်ကိုဖြတ်လျက် လေရှူသွင်းမှုအတွက် အင်တာကူလာသို့ ပို့သော ကျူပင် (ပိုက်လိုင်းများ)လိုင်းများ၊ ထိုမှတစ်ဆင့် အင်တာကူလာ မှ အဝင်မင်နီဖိုး (Intake Manifold)သို့ သွယ်တန်းထားသော ပိုက်လိုင်းကြီးများဖြစ်သည်။
ပို၍နည်းသော ဖိအားအချိုးအစား(Lower Compression Ratio)ကို လိုအပ်သဖြင့်၊ ယင်းအချက်နှင့် ကိုက်ညီမည့် ပစ္စတင်များကိုလည်း အသုံးပြုရပေလိမ့်ဦးမည်။
သမားရိုးကျ လေရှူသွင်းသောကားမှအင်ဂျင်များသည် လေဖိအားအချိုးမှာ ၉ း ၁ ၊ သို့မဟုတ် ပို၍ မြင့်သည်လည်း ဖြစ်နိုင်သည့်အတွက် တာဘိုချာဂျာပါ အင်ဂျင်အတွက် ၅း၁ ဆိုလျှင် သို့မဟုတ် ထို့အောက် နည်းလျှင်လည်း ကျေနပ်စရာပင်ဖြစ်သည်။
အသစ်ထွက်ရှိလာသော (ပါဝါ)မြင်းကောင်ရေ နှင့်အညီ အပူဒဏ်နှင့်ဖိအားများကိုခံနိုင်သည့် ပစ္စတင်လည်း သင်လိုအပ်ပေလိမ့်မည်။
အမြောက်အမြား ထုတ်လုပ်သော တာဘိုချာဂျာပါသည့် ကားများ၏ အင်ဂျင်များလည်း သွန်းလောင်းပစ္စတင်များကို အသုံးပြုနေသည်သာမက သွန်းလောင်းပစ္စတင်များ အသုံးပြုနေကြခြင်းသည် ထုံးစံ၊ လုပ်ရိုးလုပ်စဉ်များ အနေဖြင့် လက်ခံနေကြရသည်။
အပူပေးမှု၊ ဖိသိပ်မှု၊ ရိုက်နှက် ပုံစံသွင်းသည့်နည်း (Forged) ဖြင့် ထုတ်လုပ်ထားသောပစ္စတင်များက ပိုမိုခိုင်ခံ့သည်မှာလည်း အထင်အရှား ရှိသည်။
ပိုမိုများပြားစွာ ထွက်ပေါ်လာသော ပါဝါနှင့် သင့်တော်မည့် ကော်လိုက်တင်းချောင်း(Connecting Rod)များလည်း လိုအပ်ပေလိမ့်မည်။
သင့်ကားသည် မင်နျူရယ်ဂီယာရိုးရိုး(Manual Gear)ဖြစ်ခဲ့လျှင် ပါဝါဖြင့်လိုက်ဖက်သော ကလပ်ပြား၊ ကလပ်အုံများ သေချာပေါက် လိုအပ်ပေမည်။
ရိုးရိုး လေရှူသွင်းသော (တာဘိုချာ့၍မဟုတ်)စနစ်ဖြင့် ချောမွေ့စွာ အလုပ်လုပ်ခဲ့သော မိုတာ(အင်ဂျင်)၏ ကလပ်များသည် တာဘိုတပ်ဆင်လိုက်ဆက်သည့်နှင့် လိမ်လှည့်အား(Torque) ပိုမိုထွက်ရှိလာပြီဖြစ်လေရာ (ဝါ) အားများပိုမို(ဖြည့်စွက်)ထွက်ရှိလာလေရာ ကလပ်ချော်သည့်ကိစ္စများ ပေါ်ထွက်လာတတ်သည်။
နောက်ဆုံးလိုအပ်ချက်အနေဖြင့်ယခင်တပ်ဆင်အသုံးပြုနေသည်ထက် ဆိုက်ကြီးသောဂီယာ(ဘောက် လည်း လိုအပ်လာမည်ဖြစ်သလို ပိုမိုကြီးသော ကရောင်း မြုံ(Differential) အကြီးစားလည်း လိုအပ်တောင်းဆိုလာမည်ဖြစ်သည်။
ပိုမိုတောင့်တင်းသည့်၊ ပါဝါပိုများသော အမျိုးအစားတူကား သို့မဟုတ် တာဘိုချာဂျာပါသော ကား ရနိုင်၊ မနိုင်၊ ရှိ၊ မရှိကို ကားထုတ်လုပ်သူ သို့မဟုတ် ကားရောင်းသူများ၊ သို့မဟုတ် ကားပွဲစားများထံ အသေအချာ မေးမြန်းစုံစမ်းထားသင့်သည် မှာ သင့်ကားကို တာဘိုချာဂျာ မတပ်ဆင်မီ၊ ကားတစ်စီးကို မဝယ်မီ စဉ်းစားထားရမည့် အချက် ဖြစ်သည်။
အထက်ပါ အချက်များ သင်သိထားလျှင် တာဘိုချာဂျာသည် နောက်မှ ဖြည့်စွက် တပ် သင့်၊ မသင့် သင်ဆုံးဖြတ်နိုင်ပြီ ဖြစ်သည်။