တာဘိုအင်ဂျင်အကြောင်း


တာဘိုအင်ဂျင်တွေဟာ ရိုးရိုးအင်ဂျင် တွေထက် မြင်းကောင်ရေစွမ်းအား ပိုကြီးပါတယ်။

အင်ဂျင်ထုထည် စီစီ ချင်းအတူတူ “တာဘို” ပါတာနဲ့ “တာဘို” မပါတာ၊ စွမ်းအားချင်းမတူကြပါဘူး။ တာဘိုကြောင့် အင်ဂျင်ထဲကို လေများများဝင်ပြီး စွမ်းအင် ပိုထွက်လာတာပါ။ လေများများဝင်တယ်ဆိုတာ အောက်ဆီဂျင်များများ ဝင်တာပါပဲ။ အင်ဂျင်ထဲမှာ လေနဲ့ လောင်စာဆီရောစပ်ပြီး မီးလောင် ပေါက်ကွဲပါတယ်။ လေများများရမှ ပေါက်ကွဲမှုစွမ်းအား ပိုကြီးပါတယ်။

ပြိုင်ကားတွေ၊ ပြိုင်ပွဲဝင်မော် တော်ဆိုင်ကယ်တွေမှာ တာဘိုတပ်ဆင်ထားတဲ့အတွက် အင်ဂျင်ပါဝါစွမ်းအား မြင့်မားပါတယ်။ Heavy Truck ကားကြီးတွေမှာလည်း တာဘိုချာဂျင် တပ်ဆင်ထားတာကြောင့် ကြီးမားတဲ့ မြင်းကောင်ရေစွမ်းအားတွေ၊ ထုတ်ပေးနိုင်တာဖြစ်ပါတယ်။ တာဘိုတပ် ထားတဲ့အင်ဂျင်မှာ၊ သာမန်အင်ဂျင် တွေထက် လေဝင်ရောက်နိုင်တဲ့ ပမာ ဏ ၅၀ ရာခိုင်နှုန်းတိုးလာပါတယ်။ လေဝင်များလာတဲ့အတွက် အင်ဂျင် ကထုတ်ပေးနိုင်တဲ့ ပါဝါစွမ်းအင်က လည်း ၃၀ ရာခိုင်နှုန်းကနေ ၅၀ ရာ ခိုင်နှုန်းအထိ မြင့်တက်လာပါတယ်။ လေထုဖိအားပမာဏဟာ ပုံမှန်ဆိုရင် တော့ ၁၄.၇ ဈင ပဲ ရှိပါတယ်။ သာမန်အင်ဂျင်တွေမှာ အင်ဂျင်ထဲကိုလေ ဝင်တာ လေထုဖိအားတစ်ခုတည်း တွန်းအားပဲရှိတယ်။ ဒီဖိအားဟာ ပမာဏနည်းတာကြောင့် အင်ဂျင် Speed မြန်လွန်းတဲ့ အခြေအနေမှာ လေအလုံအလောက်မရတော့ပါဘူး။ အင်ဂျင်အသက်ရှုကျပ်သွားပါတယ်။ ဒီအခြေအနေမျိုးမှာ အင်ဂျင်ထဲကို လေများများဝင်နိုင်အောင် Blower နဲ့ မှုတ်ထည့်ပေးနိုင်ရင် အကောင်းဆုံး ပါပဲ။

ဒီတာဝန်ကို တာဘိုချာဂျင်က ယူလိုက်ပါတယ်။ အင်ဂျင်အိတ်ဇော တွန်းကန်အားနဲ့ တာဘိုင်ကိုလည်စေတယ်။ တာဘိုင်နဲ့ ဝင်ရိုးတဆက် တည်းဖြစ်နေတဲ့ Blower က ပြင်ပ လေတွေကို ဖိသိပ်ပြီး အင်ဂျင်ထဲကို တွန်းပို့ပေးတာဖြစ်တယ်။ တာဘိုချာ ဂျာဆိုတာ ငါးကြင်းဆီနဲ့ ငါးကြင်းကို ပြန်ကြော်ပေးတာပါပဲ။ အရင်တုန်းက တရုတ်ခေါက်ဆွဲ ကြော်ဆိုင်တွေမှာ မီးသွေးမီးဖိုသုံး တယ်။ မီးဖိုမီးပြင်းလာအောင်Blower နဲ့မှုတ်ပေးတယ်။ ပန်းဘဲလုပ်ငန်းမှာလည်း ဖားဖိုကြီးကိုဆွဲပြီး မီးပြင်း အောင် လေသွင်းပေးတယ်။ လေများ များဝင်မှ မီးသွေးမီးဖို မီးအားကောင်းမယ်။

အင်ဂျင်မှာလည်း ဒီအတိုင်းပဲ။ သဘာဝလေဖိအားနဲ့ သူ့အတိုင်းသာ လေဝင်နေရင် လေများများမရဘူး။ Blower နဲ့ အတင်းမှုတ်သွင်းရင် များများဝင်မယ်။ ဒါကို တာဘိုချာဂျင် ကလုပ်ပေးတယ်။ အင်ဂျင်တစ်လုံးမှာ အောက်ဆီဂျင်နဲ့ လောင်စာဆီလောင် ကျွမ်းပေါက်ကွဲမှုဖြစ်မှ အပူစွမ်းအင် ရပြီ။ ဒါကို စက်မှုစွမ်းအင်အဖြစ် ပြောင်းလဲပေးခြင်းဖြစ်တယ်။ လေများ များရမှ အောက်ဆီဂျင်များများရမယ်။ မီးလောင်ပေါက်ကွဲမှုစွမ်းအား ပို ကောင်းလာမယ်။

တာဘိုချာဂျင်ကို စတင်စိတ်ကူး ပြီး တီထွင်ခဲ့သူကတော့ ဆွစ်ဇာလန် နိုင်ငံသား အင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ Alfred Buchi ဆိုသူ ပုဂ္ဂိုလ်ပဲ။ ၁၉၀၅ ခုနှစ်ကတည်းက အင်ဂျင်အိတ်ဇော တွန်းကန်အားကိုအသုံးချပြီး တာဘို ချာဂျာကို စိတ်ကူးအကောင်အထည် ဖော်ခဲ့တာဖြစ်ပါတယ်။ လေယာဉ်အင် ဂျင်တွေမှာလည်း တာဘိုချာဂျင်ကို တပ်ဆင်အသုံးပြုခဲ့ကြတယ်။ ဒုတိယ ကမ္ဘာစစ်မှာ U.S Air Force လေယာဉ် တွေက Turbocharger ကို သုံးနေကြ ပါပြီ။

တာဘိုချာဂျာကို ကုန်တင်ထရပ် ကားကြီးတွေ၊ ရထားစက်ခေါင်းတွေ၊ ဆောက်လုပ်ရေး၊ ဆည်မြောင်းတည် ဆောက်ရေး စက်ယန္တရားကြီးတွေ၊ Marine Engine တွေမှာ ကျယ်ကျယ် ပြန့်ပြန့် တပ်ဆင်အသုံးပြုပါတယ်။ ဓာတ်အားပေးမီးစက်ကြီးတွေမှာလည်း တာဘိုအင်ဂျင်တွေပါဘဲ။ ပြိုင်ကား တွေ၊ မော်တော်ဆိုင်ကယ်တွေ၊ လူစီး ကားတွေမှာလည်း တာဘိုချာဂျင်ကို သုံးပါတယ်။ Intercooler ပါတဲ့ကား ဆိုရင် တာဘိုအင်ဂျင်ပါဘဲ။ SUV ကားတွေမှာ အများဆုံးတွေ့ရပါတယ်။ Intercooler ဆိုတာ လေကိုအအေးခံပေးတဲ့ အရာပါ။ တာဘိုချာဂျာက ဖိသိပ်ပြီး တွန်းပို့လိုက်တဲ့ လေတွေရဲ့ အပူချိန်က မြင့်တက်နေပါတယ်။ ဒီ လေပူတွေကိုအေးသွားအောင် Intercooler ကိုဖြတ်စေပါတယ်။ Intercooler မှာ အအေးခံပြီးမှ အင်ဂျင်ထဲကို ဝင်ရောက်ပါတယ်။

တာဘိုချာဂျာနဲ့ လုပ်ဆောင်ပုံတူတာ၊ စူပါချာဂျာဆိုပြီး တစ်မျိုးရှိသေးတယ်။ စူပါချာဂျာကလည်း အင်ဂျင်ထဲကို လေများများဝင်နိုင်အောင် လုပ်ပေးတယ်။ တာဘိုချာဂျာနဲ့ စူပါ ချာဂျာ ဘာကွာခြားသလဲဆိုတော့ တာဘိုချာဂျာက အိတ်ဇောပေါက်ကွဲ တွန်းအားကို အသုံးချပြီး တာဘိုင် Blower ကို လည်ပတ်စေတာ။ စူပါချာဂျာလည်ပတ်ဖို့ အင်ဂျင်ရဲ့အားကို အသုံးချတယ်။ ချိန်းကြိုး၊ ပန်ကာကြိုး တွေကနေတဆင့် စက်မှုနည်းနဲ့ စူပါချာဂျာကို လည်ပတ်စေတယ်။

တာဘိုချာဂျာက အိတ်ဇောဓာတ် ငွေ့တွန်းကန်အားတွေနဲ့ တာဘိုင်ဒလတ်ကို လည်ပတ်စေတယ်။ တာဘိုင်နဲ့ Blower က ဝင်ရိုးတစ်ချောင်း တည်းပေါ်မှာ တပ်ဆင်ထားတာ။ တာ ဘိုင်လည်ရင် Blower လိုက်လည် မယ်။ Blower ဆိုတာ Air Compressor ဘဲ။ အိတ်ဇော်အငွေ့တွေရဲ့ တွန်းကန်အားကြောင့် Tarbine Tsheel ရဲ့ လည်ပတ်နှုန်းက တစ်မိနစ်ကို ပတ်ရေ (၁၅၀ဝ၀ မစာ) ရှိတယ်။ အင်ဂျင်လည်ပတ်တဲ့နှုန်းထက် အဆ ၃၀ လောက်များတာ။ ဒါကြောင့်မို့ တာဘို ချာဂျာက တွန်းပို့လိုက်တဲ့လေတွေက ဖိအားမြင့်ပြီး ပမာဏများတယ်။ လေကိုဖိသိပ်လိုက်ရင် နိယာမသဘောအရ အပူချိန်တက်သွားတယ်။ လေပူကို အေးသွားအောင် Inter-cooler က လုပ်ပေးတယ်။ အေးသွားမှ လေထု ထည် ကျုံ့သွားမယ်။

ဒါမှ လေရဲ့ သိပ်သည်းဆ (Density) တတ်လာမယ်။တာဘိုချာဂျာရဲ့ အားနည်းချက်က အိတ်ဇော်အငွေ့တွေ့ရဲ့ အပူတွေ ကြောင့် အပူချိန်မြင့်မားနေခြင်းဘဲ။ လည်ပတ်နှုန်းကလည်း မြင့်လွန်းတယ်။ အပူချိန်ကလည်းမြင့်တယ်။ ဒါကြောင့် တာဘိုချာဂျာတွေကို အထူးခိုင်ခန့်အောင် တည်ဆောက်တပ် ဆင်ထားရတယ်။ သုံးစွဲတဲ့ ဘယ်ရင်က လည်း မြင့်မားတဲ့ High Temperature ကို ခံနိုင်ရည်ရှိရတယ်။ ဘယ်ရင်အေးနေအောင် အင်ဂျင်ဝိုင်က ပုံ မှန်စီးဝင်ပေးနေတယ်။ အင်ဂျင်ဝိုင်က တာဘိုချာဂျာ ချောမွေ့စွာလည်နိုင်အောင်နဲ့ အပူချိန်ကျဆင်းသွားအောင် လုပ်ပေးတယ်။ တစ်ချို့ကားကြီးအင်ဂျင်တွေမှာ တာဘိုဘယ်ရင်အေး အောင် Cooling System က အအေးခံရည်တွေကို ဖြတ်စီးစေနိုင်အောင် ဒီဇိုင်းလုပ်ထားတယ်။


တာဘိုချာဂျာကတွန်းပို့လိုက်တဲ့ လေတွေဟာ အင်ဂျင် High Speed ရောက်သွားရင် ဖိအားတွေအရမ်း များလာတတ်တယ်။ အင်ဂျင်အဝင် လေဖိအားတွေ သိပ်များလွန်းနေရင် အင်ဂျင် မီးခေါက်သံ (Knocking) ထွက်လာတတ်တယ်။ ဒီလိုဖြစ်တာကို ကာကွယ်ဖို့ တာဘိုချာဂျာမှာ (Waste Gate) လေပိုထွက်ပေါက်တစ်ခု တပ်ဆင်ထားပေးတယ်။ သတ်မှတ်ထားတဲ့ လေဖိအားထက်များလာရင် လေပို ထွက်ပေါက်ဗားပွင့်သွားပြီး အပြင်ကို ကွန်ပျူတာထိန်းချုပ်ပေးတယ်။ Inlet Manifold ဝင်ပေါက်မှာ Pressure Sensor (ဖိအားအာရုံခံ) တစ်ခု တပ်ဆင်ထားတယ်။ တာဘိုချာဂျာမှာ ဖိအားများလာရင် ဆင်ဆာက ကွန်ပျူ တာ (ECM) ကြို သတင်းပို့မယ်။ ကွန်ပျူတာ (ECM) ကြဆိုလိုနွိုက်ဗားကို ထိန်းချုပ်ပြီး လေပိုထွက်ပေါက်ကို အဖွင့်အပိတ်လုပ်ပေးတယ်။ တစ်ချို့ အင်ဂျင်စွမ်းအားကြီးတဲ့ ပြိုင်ကားတွေ ဆိုရင် တာဘို ၂ လုံးတောင် တပ် ထားတယ်။

တာဘိုချာဂျာတပ်ထားတဲ့ အင် ဂျင်ဆိုရင် ပါဝါစွမ်းအားပိုကောင်းတာကြောင့် Engine Efficiency မြင့် တယ်။ Fuel Economy ဖြစ်တယ်။ ဆီစားသက်သာတယ်။ ဆီကုန်တာ ချင်းအတူတူ ခရီးမိုင်ပိုပြီးမောင်းနိုင်တယ်။ဒီနေ့မျက်မှောက်ခေတ်မှာတော့ အင်ဂျင်တွေရဲ့ စွမ်းရည်တွေ ပိုမိုမြင့်တက်လာဖို့ ဆီစားသက်သာဖို့ (Fuel Economy) နည်းပညာအမျိုးမျိုးကို စမ်းသပ်သုတေသနတွေလုပ်ပြီး တီထွင်နေကြတယ်။ တာဘိုချာဂျာနည်းပညာဟာ အင်ဂျင်စွမ်းရည်မြင့်မားစေ တဲ့အပြင် Fuel Economy ဖြစ်ဖို့ အ ထောက်အကူပြုနေတဲ့ အရာဖြစ်တယ်။ အမေရိကန်နိုင်ငံနဲ့ ဥရောပနိုင် တွေမှာ တာဘိုချာဂျာသုံးကားတွေ တိုးတက်များပြားလာဖို့ မူဝါဒချပြီး တောင် တွန်အားပေးကူညီနေတယ်။ အဓိကရည်ရွယ်ချက်ကတော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး မဟာဗျူဟာဘဲ။

စီးပွားရေးလုပ်ငန်းကြီးတိုင်းရဲ့ လောင်စာဆီသုံးစွဲမှု လျော့ကျသွားစေဖို့ Fuel Economy မြင့်တက်လာဖို့လိုပါတယ်။ ဒါကိုထောက်ပံ့ပေးနိုင်တဲ့ နည်းလမ်း တစ်ခုကတော့ တာဘိုအင်ဂျင်ပါဘဲ။ ကားကြီးပိုင်ရှင်တွေဆိုရင် တာဘိုပါ တဲ့ကားမှကြိုက်တယ်။

Read 2017 times