ထိုင်း ထရပ်ကား ဒီဇယ်ဈေးကျသဖြင့် ကုန်စည်ပို့ဆောင်ခ လျှော့ချမည်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ထိုင်း ထရပ်ကား ပြေးဆွဲသူများသည် ဒီဇယ်ဈေးနှုန်း လျော့ကျသဖြင့် ကုန်စည်ပို့ဆောင်ခကို ၃% လျှော့ချမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ကုန်းလမ်းပို့ဆောင်ရေး အဖွဲ့ချုပ် ဥက္ကဋ္ဌ Apichart Prairungruang က ကြေညာသည်။
.
လမ်းများပေါ်တွင် အဖွဲ့ချုပ်အဖွဲ့ဝင်များ၏ ထရပ်ကားအစီးရေ ၄ သိန်း ခန့်ရှိသည်။
.
အစိုးရက ပုံမှန်ဒီဇယ် တစ်လီတာကို ၃၃.၅ ဘတ်မှ ၃၃ ဘတ်သို့ လျှော့ချ သတ်မှတ်ခဲ့သည်။
.
ထိုင်းပြည်တွင်း ဒီဇယ် တစ်လီတာဈေးနှုန်း ၁ ဘတ် ဈေးကျလျှင် ထရပ်ကားသမားများက ပို့ဆောင်ခကို ၃% ၊ ၂ ဘတ် ဈေးကျလျှင် ၆% ၊ ၃ ဘတ်ဆိုလျှင် ၉% ကုန်စည်ပို့ဆောင်ခ လျှော့ချပေးဖို့ အသင့်ရှိကြောင်း ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
Source bangkok post
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U