ကားကြီးလေအိတ်အကြောင်း


ထရပ်ကားတွေမှာ သုံးတဲ့ suspension တွေမှာ လေးတွေ အစား လေအိတ်တွေကို အသုံးပြုလာတာဟာ ဆယ်စုနှစ် တစ်ခုလောက်ပင် ရှိပေလိမ့်မည် အရင် မော်ဒယ်အဟောင်းတွေမှာတော့ ရိုးရိုး လေးတွေ ရှေ့ဘားတွေ လောက်ပဲ သုံးကြတာပါ။

ဒါပေမဲ့ ၂၀၀၀ ခုနှစ်နောက်ပိုင်းမှာတော့ ပိုပြီး အားသာချက်တွေ များတဲ့ air suspension (လေအိတ်) ကို အသုံးပြုလာခဲ့ပါတယ် အမေရိကန် စတဲ့ အနောက်နိုင်ငံတွေမှာတော့ လေအိတ်တွေကို သူံးလာတာ တော်တော်လေးကြာနေပါပြီ။

လေးအစား လေအိတ်သုံးတာ ဘယ်လို အားသာချက်တွေ ရှိနိုင်မလဲ ဆိုရင် အားသာချက်ကတော့ အင်ဂျင်ရဲ့ efficiency ပိုပြီးတိုးတာရယ် ငြိမ့်ညောင်းမှု ပိုရှိလာတာရယ် ယာဉ်မောင်းသူရဲ့ စွမ်းရည် ပိုကောင်းလာတာတွေကတော့ အဓိက အားသာချက်တွေပဲ ဖြစ်ပါတယ် ဒါပေမဲ့ အားနည်းချက်ကတော့ over weight မရပါဘူး။ လေအိတ်တစ်လုံးဟာ သူသက်မှတ်ထားတဲ့ ကာလ မရောက်ခင်မှာ preventive maintenance လုပ်ပေးရတယ် ဒါလေးကတော့ သူအားသာချက်ပေါ့ သူနဲ့ဆန့်ကျင်ဘက် လေးစနစ်ကတော့ Maintenance free ပါ။

လေအိတ်စနစ်တစ်ခုမှာ အရေးကြီးဆုံးက လေအိတ်ပါ။ လေအိတ်ကောင်းဖို့လိုပါတယ် ကျန်တာတွေကတော့ လေပိုက်တွေရယ် လေအိုးတွေ လေစနစ်ကို ကောင်းစွာ စီမံခန့်ခွဲပေးမည့် ယူနစ်တွေ ပြီးရင် ကွန်ပရက်ဆာ စတာတွေကလည်း အရေးကြီးတဲ့ အစိတ်ပိုင်းတွေပဲ ဖြစ်ပါတယ်။ လေအိတ်တလုံးဟာ ကားရဲ့ ဝန်အားပေါ်မှုတည်ပြီး ခံနိုင်ရည် ရှိပါတယ် အထူးသဖြင့် လေရဲ့ pressure ဒဏ်ကို ကောင်းစွာ ခံနိုင်ရပါမယ် သူံးပါများလာရင် လေအိတ်ရဲ့ ခံနိုင်ရည်လဲ ကျလာမယ် ဘာလို့လဲဆိုရင် လေအိတ်ဆိုတာ တသတ်မတ်ထဲ မဟုတ်ပဲ လေပူပေါင်းလို အပေါ်တက်အောက်ဆင်း ကစားနေတာပဲ ဖြစ်ပါတယ်။

Engine ကနေ Air compressor ကို မောင်းနှင်ပြီး အဲ့ကနေမှ တဆင့် Air Tank တွေဆီကို သွားတာ ဖြစ်ပြီး လေအိတ်တလုံးချင်းစီကို လေဘယ်လောက်အားနဲ့ ဖြည့်မလဲဆိုတာကိုတော့ APS လို့ခေါ်တဲ့ Air processing unit ကနေ အလုပ်လုပ်ပေးတာပဲ ဖြစ်တယ် သူက Air Unit တစ်ခုလုံး ထိန်းချုပ်တဲ့ စနစ်တစ်ခုပါပဲ။ APS ကတော့ ECU လိုပဲ ပျက်သွားရင်လဲတာ အကောင်းဆုံးပါပဲ။

လေအိတ်တွေမှာ အထင်ကြီးစရာ အကောင်းဆုံးအချက်က APS unit ပါတာရယ် sensor တွေရဲ့ ထောက်ပံ့မှု သတင်းအချက်လတ်ကို ယူတာတွေပါ အဲ့အတွက်ကြောင့် လေအိတ်တလုံးချင်းစီမှာ pressure sensor တစ်လုံးစီ တပ်ပေးထားပါတယ် ဘာကြောင့်လဲ ဆိုရင် လေအိတ်ထဲမှာ ရှိတဲ့ Air pressure ကို Control Unit က သိဖို့လိုပါတယ် သို့မှသာ ကားရဲ့ ဝန်နဲ့အားကို လိုက်ပြီး သင့်တော်တဲ့ လေအားကို လေအိုးတွေကနေတဆင့်ဖြည့်ပေးမှာပဲ ဖြစ်ပါတယ်။

လေအိတ်တွေရဲ့ အလွန်အန္တာရယ်များတဲ့ အချက်က ရုတ်တရက် ထကွဲတက်တာပဲ ဒါကတော့ လေအိတ်ရဲ့ ကြံခိုင်မှုအားနဲ့ ဆိုင်သလို ကားရဲ့ တင်ထားတဲ့ ဝန်အားနဲ့လဲ ဆိုင်ပါတယ် ဒီအခြေနေဟာ လေအိတ်ကားတွေအတွက် အလွန်ကြောက်ဖို့ကောင်းတဲ့ အခြေနေပါပဲ အဲ့ဒါလေးကတော့ လေအိတ်သုံးတဲ့ ကားတွေအတွက် အားနည်းချက် ကြီးကြီးမားမားပါပဲဖြစ်ပါတယ် ဒီလို အခြေနေကို အတန်အသင့်ကာကွယ်ဖို့ အတွက် အနောက်နိုင်ငံတွေမှာ လေအိတ် နဲ့ လေး တွဲသူံးတဲ့ combine suspension တွေလဲ တွေ့ရပါတယ် ဒီစနစ်တွေကလဲ safe ဖြစ်တယ်လို့ ပြောလို့မရပါဘူး ဒါပေမဲ့ ယာဉ်မတာ်တဆမှုကိုတော့ အတန်သင့်ကာကွယ်ပေးပါတယ်။

Read 3837 times