သင်ဟာ အိပ်ငိုက်တတ်တဲ့အကျင့်၊ တစ်ခုခုဆို နှေးကွေးလေးလံစွာ လုပ်ဆောင်တတ်တဲ့သူ၊ လေအောင့်တတ် ဒါမှမဟုတ် အစားအသောက် တစ်ခုခုစားရင် ကမန်းကတန်းမျိုချတတ်သူ ဖြစ်မယ်ဆိုရင်တော့ သင့်အတွက် အချိန် ကြာကြာကားစီးရတာ စွန့်စားမှုတစ်ခုဆိုတာထက် ပိုဒုက္ခပေးတဲ့အရာ ဖြစ်တတ်ပါတယ်။
ခရီးတလျှောက် အဆင်ပြေစေဖို့အတွက် ဒီလိုအန္တရာယ်များတဲ့ အစားအစာတွေကို ရှောင်သင့်ပါတယ်။
၁။ ခရမ်းချဉ်သီး
============
အက်ဆစ်ဓာတ်ကြောင့် ခရမ်းချဉ်သီးအဓိကသုံး စားသောက်ကုန်တွေက ဆီးအိတ်ကို ဒုက္ခပေးတတ်ပါတယ်။ အထူးသဖြင့် ဆီးအိတ်အလုပ်လုပ်မှုကောင်းမွန်သူတွေ ယာဉ်ကားရပ်နားဖို့အတွက် အမြဲပူဆာနေတတ်ပါတယ်။ ဒါကြောင့် ခရီးသွားမယ်ဆိုရင် pizza၊ pasta sauce၊ salsa နဲ့ ketchup စတဲ့ အရာတွေ ရှောင်ပါ။
၂။ Milkshake
============
ခရီးသွားရင် နို့၊ အလွန်အေးတဲ့ ဖျော်ရည်စားချင်စိတ်ကို ထိန်းပါ။ Milkshake ဖျော်ရည်တွေက စားချင်စဖွယ်ကောင်းပေမယ့် နို့၊ ရေခဲမုန့်နဲ့ အခြား နို့နဲ့ ထုတ်လုပ်တဲ့ပစ္စည်း (ဒိန်ချဉ်၊ ဒိန်ခဲ) တွေက အလွယ်တကူ ဗိုက်အောင့်မှုဖြစ်စေနိုင်ပါတယ်။
၃။ အငံဓာတ်လေးတဲ့ အဆာပြေအစားအစာတွေ
================
အာလူးကြော်၊ ကြွပ်ရွတဲ့မုန့်မျိုးနဲ့ အခြားငံတဲ့အစားအစာတွေက ခန္ဓာကိုယ်ကို electrolyte တွေ ဟန်ချက်ညီအောင် ထိန်းသိမ်းဖို့ကြိုးစားရင်း ရေဓာတ် ပိုထိန်းသိမ်းစေပါလိမ့်မယ်။
၄။ သကြားလုံး
============
ကားစီးနေရင်း အချို၊ သကြားလုံးတွေကို အဆာပြေစားတာက အားအင်တွေ ခေတ္တမျှ ဟုန်းခနဲ ရရှိစေနိုင်ပေမယ့် နောက်ပိုင်း ကသိကအောက် ဖြစ်ပေါ်စေနိုင်ပါတယ်။
၅။ ဆီများတဲ့အစားအစာတွေ
===========
ဘာကာ၊ အသားညှပ်ပေါင်မုန့်နဲ့ အာလူးချောင်းကြော်တွေက ဆီတွေဟာ ခန္ဓာကိုယ်အတွက် အစာခြေဖျက်ရ ခက်ခဲစေပါတယ်။ သူတို့ကို ခြေဖျက်ရတာဟာ အရေးပါတဲ့ အားအင်သုံးပစ်လိုက်သလိုဖြစ်ပြီး လူကိုနှေးကွေးလေးလံစေပါတယ်။
၆။ အချိုရည်
=========
ဆိုဒါ၊ စပက်ကလင်တို့လို အမြုပ်တစီစီထတဲ့ အချိုရည်တွေ ကျွနု်ပ်တို့ သောက်လို့မဝနိုင်ကြပေမယ့် လှုပ်ရှားမှုသိပ်နည်းတဲ့ ခရီးစဉ်အတွင်း ဒုက္ခပေးတတ်ပါတယ်။ အမြုပ်တွေကြောင့် လေထိုးလေအောင့်ခြင်း၊ အစာမကြေခြင်း၊ မအီမသာဖြစ်ခြင်းနဲ့ ဗိုက်နာကျင်မှုအန္တရာယ် ဖြစ်စေပါတယ်။
၇။ အချည်ဓာတ်များတဲ့အသီးတွေ
==========
လိမ္မော်သီး၊ ရှောက်သီး၊ သံပုရာသီးစတဲ့ ရှောက်၊ သံပုရာမျိုးဝင်အသီးတွေ စားသုံးမှု ဂရုစိုက်ပါ။ အက်ဆစ်ဓာတ်တွေက ဆီးအိတ်မှာ အကျိုးသက်ရောက်မှုဖြစ်စေပြီး မကြာခဏဆီးသွားချင်စိတ် ဖြစ်စေပါလိမ့်မယ်။
၈။ ကော်ဖီနဲ့ လက်ဖက်ရည်
============
ခရီးထွက်တဲ့အခါ ကော်ဖီနဲ့ လက်ဖက်ရည်တွေ အရမ်းမသောက်မိဖို့ သတိပြုပါ။ ကဖိန်းဓာတ်တအားများခြင်းက ဆီးအိမ်ရဲ့ လှုပ်ရှားမှုတိုးမြင့်ကာ မကြာခဏ အပေါ့သွားချင်စိတ် လှုံ့ဆော်ပေးပါတယ်။
TrendMyanmar