TRC system ( Traction Control System ) ဆိုသည်မှာ လမ်းချော်လျှင် ထိန်းသိမ်းပေးသောစနစ်ဖြစ်ပါသည်။
ထိုခလုတ်ကို မလိုအပ်ဘဲ ပိတ်မထားသင့်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုခလုတ်ပိတ်ထားပါက လမ်းချော်လျှင်ထိန်းသိမ်းပေးသောစနစ်အလုပ်မလုပ်သောကြောင့်ဖြစ်သည်။
ထိုခလုတ်ကိုပိတ်ထားလျှင် စက်နိုးပြီးနောက် အချက်ပြမီးဝါးလေး ဆက်လင်းနေမည်ဖြစ်ပြီး ပုံမှန်ဖွင့်ထားသော အနေအထားတွင် စက်နိုးပြီးသည်နှင့် ငြိမ်းသွားပါသည်။
ထို TRC ခလုတ်ကို ပိတ်မထားဘဲ မီးလင်းလာပါက ကားဘီးများ ချော်နေသည့်အကြောင်း အသိပေးခြင်း ဖြစ်ပါသည်။
ကားမောင်းနေစဉ်အကွေ့များတွင် တချက်ချက် လင်းလာခြင်းသည် TRC ကောင်းမွန်စွာ အလုပ်လုပ်နေကြောင်းနှင့် လမ်းချော်နေကြောင်း အသိပေးခြင်းဖြစ်ပါသည်။
ထိုမီးလင်းလာသည့်အခါ လမ်းချော်နေခြင်းဖြစ်သောကြောင့် ကားမောင်းသူမှ သတိထားပြီး မောင်းနှင်ရန်လိုအပ်ပါသည်။
TRC ခလုတ်ကို ဖွင့်ထား၍ စက်နှိုးပြိးနောက် သို့မဟုတ် မောင်းနေချိန်တွင် အချိန်အကြာကြီး TRC မီးလင်းနေပါက စစ်ဆေးပြုပြင်သင့်ပါသည်။
CTBA သည် မော်တော်ယာဉ်အား မြန်နှုန်းနိမ့်မောင်းနှင်နေစဉ်တွင် ယာဉ်မတော်တဆမှုကို ရှောင်ရှာရန် (သို့မဟုတ်) လျော့ပါးနိုင်စေရန် ကူညီဖို့ အထူးပြုလုပ်ထားခြင်း ဖြစ်ပါသည်။
CTBA ကို ON (အသုံးပြုထားလျှင်) သော့ဖွင့်ချိန် ဒိုင်ခွက်မီးများနှင့်အတူ CTBA မီးဝါလေး လင်းလာပါမည်ဖြစ်ပြီး Off (အသုံးမပြုလျှင်) ဒိုင်ခွက်၌ CTBA မီးမလင်းပေ။
CTBA ကို ON ထားပြီး စတပ်ဆွဲ စက်နို်းပြီးလျှင် CTBA မီးဝါလေး ငြိမ်းသွားရပါမည်ဖြစ်ပြီး မငြိမ်းဘဲ ဆက်လင်းနေပါက CTBA တွင် ပြဿနာရှိနေနိုင်ပါသည်။
CTBA ၏ လေဆာထောက်လှမ်းရေးဆင်ဆာသည် ရှေ့မှန်ကြီးတွင် တပ်ဆင်ထားသော နောက်ကြည့်မှန် အနောက်တွင် လုံခြုံစွာ တပ်ဆင်ထားပါသည်။
အကယ်၍ ရှေ့မှန်ကြီးတွင် ဖုန်မှုန့်များ၊ ရေခဲများ၊ နှင်းမှုန်များ ကပ်နေလျှင် ဝိုက်ဘာနှင့် ဆေးကြောပါ။
CTBA ဆင်ဆာသည် ရှေ့မြင်ကွင်းကို ထောက်လှမ်းရသောကြောင့် ရှေ့မှန်ကြီးတွင် ညစ်ပေလျှင် ဆင်ဆာကောင်းစွာအလုပ်လုပ်နိုင်မည် မဟုတ်ပေ။
ထိုသို့သန့်ရှင်းမှုမရှိပါက CTBA မီးဝါလေးလင်း၍ ယာဉ်မောင်းသူအား အသိပေးပါသည်။
CTBA သည် ယာဉ်တိုက်မှုဖြစ်နိုင်ချေကို အမြန်နှုန်း ၅ ကီလိုမီတာ မှ ၃၀ ကီလိုမီတာ အတွင်းတွင် အာရုံခံထောက်လှမ်း ထိန်းချုပ်နို်င်စွမ်းရှိပါသည်။
CTBA သည် ယာဉ်တိုက်မှုဖြစ်နိုင်ခြေ ရှိလျှင် အသံဖြင့် အချက်ပေးခြင်း၊ CTBA မီးမှိတ်တုတ်မှိတ်တုတ် လင်း၍ အချက်ပေးခြင်း၊ နောက်ဆုံး ဘရိ်အုတ်ပေးခြင်းများကို ပြုလုပ်ပေးပါသည်။
ယာဉ်မောင်းသင်ခါစ လီဘာနှင့် ဘရိတ်မှားနင်းခြင်း၊ မရည်ရွယ်ဘဲ လီဘာဆောင့်နင်းမိခြင်း၊ ယာဉ်မောင်းသူမှ ယာဉ်တိုက်မှုဖြစ်နိုင်ချေကို သတိမထားမိခြင်း၊ ဘရိတ်နင်းရန် နှေးကွေးနေခြင်းများ ဖြစ်လာလျှင် CTBA က အလိုအလျောက် ဘရိတ်အုပ်ပေးပြီး ယာဉ်တိုက်မှုမှ ရှောင်ရှားပေးပါသည်။
အထူးသတိပြုရန်မှာ CTBA သည် ယာဉ်မောင်းသူ၏ ဘရိတ်နင်းခြင်းကို မပြုလုပ်ဘဲ နေနို်င်ရန် အစားထိုးခြင်းမဟုတ်ဘဲ ဆင်ဆာထည့်ထားခြင်းဖြစ်ပါသည်။