ကျောက်ကပ်အတွက် လန်ဘိုဂီနီ ရဲကား


ကျောက်ကပ်အတွက် လန်ဘိုဂီနီ ရဲကား

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 


အီတလီရဲတပ်ဖွဲ့သည်  အင်္ဂါနေ့ (ဒီဇင်ဘာ ၂၀ ရက်) တွင် ကီလိုမီတာ ရာနှင့်ချီကွာဝေးသော အလှူရှင်များထံမှ ကျောက်ကပ်နှစ်လုံး ပို့ဆောင်ရန်အတွက် အထူးပြုပြင်ထားသော Lamborghini စူပါကားကို အသုံးပြုခဲ့ကြောင်း  ကြေညာခဲ့သည်။

"အလှပဆုံး ခရစ္စမတ်လက်ဆောင်  "အသက်" ကို ပေးအပ်ရန် အဝေးပြေးကားလမ်းပေါ်တွင် ခရီးနှင်ခြင်း"ဟု လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။ ဆေးဘက်ဆိုင်ရာ အအေးဘူးတစ်ဘူး၊ အအေးဘူးထားရန် ရည်ရွယ်ချက်ဖြင့် Lamborghini Huracan မော်ဒယ် ကားရှေ့ပိုင်းတို့ကို ရိုက်ထားသည့် ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည်။
လူနှစ်ဦးတို့သည် ခရစ်စမတ်လက်ဆောက်အဖြစ် ကျောက်ကပ်တစ်လုံးစီ ရရှိခဲ့ကြသည်။

 

ကျောက်ကပ်များကို အီတလီ အရှေ့မြောက်ပိုင်းရှိ Padua မှ Modena ရှိဆေးရုံသို့ ကျောက်ကပ်တစ်လုံး ပို့ဆောင်ပေးပြီး ကျန်တစ်လုံးကို Rome သို့ ပို့ဆောင်ပေးခဲ့သည်။ 

Lamborghini Huracan သည် အမြန်ဆုံး အမြန်နှုန်း တစ်နာရီ ကီလိုမီတာ ၃၀၀ အထိ ပြေးသည်။ 
0kmh မှ 100kmh သို့ ၃.၂ စက္ကန့်ဖြင့် အရှိန်တင်ပေးနိုင်သည်။ Lamborghini ကုမ္ပဏီက ရဲတပ်ဖွဲ့သို့ လက်ဆောင်အဖြစ် ၂၀၁၇ ခုနှစ်တွင် ပေးအပ်ခဲ့သည်။

 

အီတလီမြောက်ပိုင်း Bologna တွင် အဝေးပြေးလမ်း ကင်းလှည့်ရန် အသုံးပြုသည်။ ပုံမှန် ရဲတာဝန်များအတွက် အသုံးပြုသည့်အပြင် အင်္ဂါအစိတ်အပိုင်းများနှင့် သွေး ပို့ဆောင်ပေးရန် အရေးပေါ်အတွက် အသုံးပြုသည်။

နောက်ထပ် Huracan တစ်စီးကို ရောမမြို့ရှိ အဝေးပြေးလမ်း ကင်းလှည့်ရန် အသုံးပြုသည်။

တစ်ချိန်တုန်းက ရဲတပ်ဖွဲ့မှ အသုံးပြုခဲ့ဖူးသည့် Lamborghini Gallardo မှာ ယခုအခါ ပြတိုက်တစ်ခုတွင် ပြသထားသည်။
Source CNA

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 220 times