Automatic နဲ့ CVT transmission တို့မှာ SENSOR တွေကြောင့် transmission စနစ်အပေါ်အကျိုးသက်ရောက်မှု


Automatic transmission နဲ့ CVT transmission တို့မှာ အချို့သော SENSOR တွေကြောင့် transmission စနစ်အပေါ်အကျိုးသက်ရောက်မှုလေ အချို့ကို အခြေခံအနေနဲ့တင်ပေးပါမယ်။ 

အခြားသော transmission fluid , troque converter , cluth plate , solenoid valve တွေနဲ့ main valve body တွေအကြောင်းတော့ အခါခွင့်သင့်မှ တင်ပါပေးမှာ ဖြစ်ပါတယ်။  ဦးစွာအနေနဲ့ transmission control module (TCM) ဆီကို ECM,BCM,ABS MODULE / ABS ACTUATOR နဲ့ Combination meter တို့မှ CAN (controller area network) စနစ်ကိုသုံးပြီး ဘယ်လို အချက်လက်ပေးပို့တယ်ဆိုတာ လေ့လာကြည့်ရအောင်ဗျာ ပြီးမှ SENSOR တွေအကြောင်းဆက်သွားကြတာပေါ့။

 

(1) ECM ၎င်းမှ အင်္ဂျင်လည်ပါတ်နှုံး RPM signal, engine coolant tempterature signal, accelerator pedal position signal, throttle position signal တွေကို TCM( transmission control module ) သို့ပေးပို့ပါတယ်။

 

(2) BCM ၎င်းမှ stop lamp signal (ဘရိတ်signal) ကို TCM သို့ပေးပို့ပါတယ်။

 

(3) ABS MODULE and ABS actuator ၎င်းမှ ABS လုပ်ဆောင်မှု့ signal, TCS လုပ်ဆောင်မှု့signal, vehicle speed signal(wheel speed signal ) ABS စနစ်လုပ်ဆောင်မှု့ချို့ယွင်းချက် signal တို့ကို TCM သို့ပေးပို့ပါတယ်။

 

(4) Combination meter ၎င်းမှ over drive control signal, sport mode signal တို့အား TCM သို့ ပေးပို့ပြီး TCM မှ combination meter သို့ O/D indicator signal နဲ့ Shift position signal တွေ ကို ပြန်လည် ပေးပို့ပါတယ်။

 

(5) sport mode switch,over drive control switch, transmission range switch, input speed sensor, output speed sensor, fluid temperature sensor တို့ မှလည်း ၎င်းတို့စုံစမ်းရှိသောအချက်လက်များကို TCM သို့ signal ပေးပိုကြပါတယ် ။

 

(6) TCM ၎င်း မှ အထက်ပါ signal အမျိုးမျိုးတို့ရဲ့ သတင်းအချက်လက်ကိုရယူပြီး line pressure solenoid valve/primary solenoid valve / secondary solenoid valve / torque converter solenoid valve / selector solenoid valve အစရှိသည်တို့ကို ပြန်လည်control ပေးပါတယ်။

ဒီအခြေခံလုပ်ဆောင်မှု့ကိုလေ့လာခြင်းအားဖြင့် (A) Transmission လုပ်ဆောင်မှု့ မှန်ကန်ကောင်းမွန်ဘို့အတွက် TCM ရဲ့လုပ်ဆောင်ချက်မှန်ကန်ရမယ် (B) TCM လုပ်ဆောင်မှု့မှန်ကန်ဘို့အတွက် အထက်ပါ နံပါတ်စဉ် 1 / 2 / 3 /4 / 5 တို့မှ သူ့ဆီကိုပေးပို့သောသတင်းအချက်လက်များမှန်ကန်ရပါမယ်။ မှတ်ချက်အနေနဲ့ ယခု အကြောင်းရာ သည် NISSAN တွေရဲ့ CVT စနစ်ကိုအခြေခံထားပါတယ် အခု SENSOR တွေအကြောင်းဆက်သွားရအောင်

 

Image result for automatic transmission and CVT transmission

 

(1) Transmission fluid temperature sensor ၎င်း၏ signal အား over drive အသုံးပြုမှု့အတွက် TCM မှ အသုံးပြုပါတယ် ၎င်း sensor မကောင်းပါက over drive mode အသုံးပြု၍မရခြင်း နှင့် တခါတရံ transmission code လည်းပြတတ်ပါတယ်။

 

(2) Transmission range sensor ၎င်း sensor၏ ပေးပို့သောအချက်လက်မမှန်ကန်/ ပျက်စီးနေပါက ဂီယာချိမ်းပြောင်းမှု့မမှန်ကန်ခြင်း / ဂီယာ နိမ့်/ မြင့် မမှန်ကန်ခြင်း နှင့် ဂီယာမချိန်းခြင်းတို့အားဖြစ်ပါတယ် ။

 

(3) brake switch signal ဘရိတ်အုပ်လိုက်ပါက ၎င်း ၏ signal သည် TCM သို့ ရောက်ရှိပြီး TCM မှ torque converter သို့ သက်ရောက်စေပြီး အင်္ဂျင်နှင့်ဂီယာ ချိတ်ဆက်မှု့အား လွတ်လပ်(free) စေသည် ၎င်း ဘရိတ် switch ပျက်စီးနေပါက ဂီယာ မချိတ်ဆက်တော့ခြင်း / အင်္ဂျင်ရပ်တန့်သွားခြင်း နှင် ဂီယာဘောက်မှ အသံထွက်ခြင်းတို့ ကိုဖြစ်ပေါ်စေပါတယ်။

 

(4) over drive switch ၎င်း switch မှ signal မရရှိခြင်း/ ပျက်စီးနေခြင်းတို့ဖြစ်ပါက over drive mode အားအသုံးပြု၍ မရခြင်းတိုကိုဖြစ်စေပါတယ်။

 

(5) Differential speed sensor ၎င်း sensor ပျက်စီးနေပါက ဂီယာမချိနးခြင်း/ ဂီယာအချိန်းကြမ်းတမ်းခြင်း / နောက်ကျခြင်း တို့အားဖြစ်စေပြီး အများဖြင့် ၎င်း ထံမှ signal မရရှိပါက TCM မှာ fail safe mode ကိုအသုံးပြု၍ ယာဉ်ကိုဆက်လက်ထိန်းသိမ်းသည်။

 

(6) Throttle position sensor and acclelerator position sensor ၎င်း သည် အင်္ဂျင်၏ထမ်းဆောင်ရသောဝန်အားကိုဖေါ်ပြသည် ၎င်း sensor ပျက်စီးနေခြင်း/ ပေးပို့သော signal မမှန်ကန်ခြင်းတို့ ဖြစ်ပါက low မှ hight ဂီယာမချိန်းပြောင်းခြင်း/ ဂီယာအချိန်းနောက်ကျခြင်း / ဂီယာတစ်ခုထဲဖြင့်သာ မောင်းနှင်နိုင်ခြင်းတို့ကိုဖြစ်ပေါ်စေပါတယ်။

 

(7) coolant tempterature sensor ၎င်း sensor ၏ signal အား over drive mode အတွက်အသုံးပြသည် ( ကိုယ်တွေ့အနေနဲ့ ဂီယာချန်းအလွန်နောက်ကျခြင်း) ၎င်း sensor ပျကိစီးနေပါက over drive အသုံးပြု၍မရခြင်း နှင့် တခါရံ transmisssion code ပေါ်ခြင်းတို့ဖြစ်စေပါတယ်။

 

(8) MAP / MAF sensor ၎င်း sensor တွေမကောင်းပါက ဂီယာအဝင်ကြမ်းတမ်းခြင်း/ဂီယာအချိန်းပြောင်း စောခြင်း / ဂီယာမချိန်းတော့ခြင်း/့် ဂီယာထည့်စဉ်တုန်ခါခြင်း နှင့် မောင်းနှင်စဉ်တုန်ခါခြင်းတို့ကိုဖြစ်ပေါ်စေပါတယ်။

 

(9) IAT sensor ၎င်း sensor ပျက်စီးနေပါက ဂီယာအဝင်ခက်ခဲကြမ်းတမ်းခြင်း/ အဆွဲအရှုံးကျဆင်းခြင်းတို့ကိုဖြစ်ပေါ်စေပါသည် တခါတရံ transmission code ကိုလည်းပြတတ်ပါသည်။

 

(10) Turbine speed shaft sensor ၎င်း sensor ၏ signal အား အသုံးပြု၍ TCM မှ Torque converter ၏ pressure အား လျှော့ချပေးခြင်း/ နောက်ကျစေခြင်းကိုပြုလုပ်ပေးသည် ၎င်း sensor ပျက်စီးနေပါက ဂီယာ ဂီယာအချိန်းနောက်ကျခြင်း/ ဂီယာslip ဖြစ်ခြင်းနှင် ဆွဲအားကျခြင်းကိုဖြစ်ပေါ်စေပါသည်။

 

(11) Transmission out put speed sensor TCM ၎င်း sensor ၏ signal နှင့် input shafy speed signal တို့အားနှိုင်းယှဉ်၍ ၎င်း sensor ပျက်စီးနေခြင်း signal ပေးို့မှု့မမှန်ကန်ခြင်းတို့ဖြစ်ပေါ်က TCM မှ fail safe mode ဖြင့် ဆက်လက်ထိန်ကြောင်းပါသည်။

 

(12) input speed sensor ၎င်းsensor သည် input shaft အား လည်နေသည် / မလည်ဘဲရမ်နေသည်စသဖြင့်သတင်းအချက်လက်အားတိုင်းတာ၍ TCM သိုသတင်းပို့သည်။ ၎င်း sensor ပျက်စီးနေပါက ဂီယာချိန်းပြောင်းမှု့မရှိခြင်း နှင့် ဂီယာ မဝင်ခြင်းတို့ကိုဖြစ်စေသည် ။

 

(13) vehicle speed sensor ၎င်း sensor မကောင်းပါက ဂီယာချိန်းပြောင်းမှု့စနစါ်မှာ မှန်ကန်မှု့ မရှိခြင်း / low / hight ဂီယာ မမှန်ခြင်း တို့နှင့် TCM fail safe mode ဆက်လက်ထိမ်းကြောင်းခြင်းတို့ကိုဖြစ်ပေါ်စေပါသည် ဤ post သည် transmission စနစ်အတွက်ပြည့်စုံသော ပိုစ့်မဟုတ်ပါ အခြေခံစနစ်သာဖြစ်ပြီး transmission စနစ်မှာချို့ယွင်းချက်ဖြစ်ပေါ်လာပါက အလွယ်တကူ နှင့် စစ်ဆေးနိုင်မည့် အခြေခံ troubleshooting guide line သာဖြစ်ပြီး အထက်ဖေါ်ပြပါစနစ်များ အားလုံးမှန်ကန်နေပါက

 

(1) transmission fluid and level

(2) torque converter

(3) clutch plate

(4) pressure solenoide valves

(5) main valve body

(6) ECM/ BCM/ TCM and CONBINATION METER နှင့် transmission အုံအတွင်းရှိ စက်မှု့ အစိတ်ပိုင်းများ ကြောင့်သာဖြစ်ပါတယ်။

 

Source: Zaya (Facebook)

 

 

 

Read 570 times