တိုယိုတာ ရောင်းအားနှင့် ထုတ်လုပ်မှု ဩဂုတ်လတွင် စံချိန်တင် မြင့်မားခဲ့


တိုယိုတာ ရောင်းအားနှင့် ထုတ်လုပ်မှု ဩဂုတ်လတွင် စံချိန်တင် မြင့်မားခဲ့

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

Toyota Motor  ကမ္ဘာ့ရောင်းအားသည် ဩဂုတ်လတွင်  အစီးရေ ၉၂၃,၁၈၀ စီးအထိ စံချိန်တင် မြင့်တက်ခဲ့ပြီး စက်ရုံများသို့ ပစ္စည်းပေးသွင်းမ‌ှု အခြေအနေများ တိုးတက်လာခြင်းနှင့် ဝယ်လိုအား အားကောင်းလာခြင်းတို့ကြောင့် စံချိန်တင်နိုင်ခဲ့သည်။

Daihatsu နှင့် Hino လက်အောက်ခံ ကုမ္ပဏီခွဲများ အပါအဝင် ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်မှုသည် စံချိန်တင် ကားအစီးရေ ၉၂၄,၅၀၉ စီးအထိ ၄% မြင့်တက်ခဲ့ကြောင်း ဂျပန်ကားထုတ်လုပ်သူမှ ကြာသပတေးနေ့ (စက်တင်ဘာ ၂၈)တွင် ပြောကြားခဲ့သည်။
 
Toyota နှင့် Lexus အမှတ်တံဆိပ်ကားများ ရောင်းချမှုသည် ဥရောပတွင် ၃% ကျော် ရောင်းအားမြင့်တက်ခဲ့ပြ္းအများစုမှာ အီတလီ၊ စပိန်နှင့် အင်္ဂလန်တို့တွင် မြင့်တက်ခဲ့ခြင်းဖြစ်သည်။
တရုတ်ပြည်တွင် ရောင်းအား ၆% ကျဆင်းခဲ့သည်။
တရုတ်ကားအသစ်ဈေးကွက်တွင် Volkswagen အပါအဝင် အစဉ်အလာ ရှိသော ကားကုမ္ပဏီများသည် Tesla နှင့် BYD ကဲ့သို့သော တရုတ်လျှပ်စစ်ကားထုတ်လုပ်သူများထံမှ ပြင်းထန်သော ပြိုင်ဆိုင်မှုများနှင့် ရင်ဆိုင်နေရပြီး ရောင်းအား ကျဆင်းနေသည်။

ယမန်နှစ် ဩဂုတ်လနှင့် နှိုင်းယှဉ်ပါက ယခုနှစ် ဩဂုတ်လတွင် တိုယိုတာ ရောင်းအားသည် ဂျပန်တွင် ၄၅% နှင့် တောင်ကိုရီးယားတွင် ၆၃% မြင့်တက်သည်။

ကမ္ဘာ့အရောင်းရဆုံး ကားထုတ်လုပ်သူ တိုယိုတာသည် ယခုနှစ်တွင် အီးဗီ အစီးရေ ၁ သိန်းခွဲ ၊ ၂၀၂၄ ခုနှစ်တွင် ၁၉၀,၀၀၀ နှင့် ၂၀၂၅ ခုနှစ်တွင် ၆ သိန်း ထုတ်လုပ်ရန် စီစဉ်ထားကြောင်း ၎င်းထံ ယာဉ်ပစ္စည်း  ပေးသွင်းသူများကို အကြောင်းကြား အသိပေးထားကြောင်း Automobile Guide တွင် တင်ပြခဲ့ပြီး ဖြစ်ပါသည်။

တိုယိုတာသည် ဩဂုတ်လတွင် ဘက်ထရီသုံး အီးဗီ အစီးရေ ၁၁,၈၈၀ ရောင်းချခဲ့သည်။ ယခုနှစ်အတွင်း ဩဂုတ်လကုန်အထိ အီးဗီ ၆၅,၄၆၇ စီး ရောင်းချခဲ့သည်။ ၂၀၂၂ တွင် အစီးရေ ၂၄,၀၀၀ ထက် ၂ ဆကျော် ရောင်းချနိုင်ခဲ့ခြင်း ဖြစ်သည်။
တိုယိုတာက ဩဂုတ်လအတွက် အီးဗီထုတ်လုပ်စီးရေကို ထုတ်ပြန်ခြင်း မပြုပါ။
တိုယိုတာ စ‌ီအီးအို Koji Sato က ၂၀၂၆ ခုနှစ်တွင် တစ်နှစ်လျှင် အီးဗီ အစီးရေ ၁ သန်းခွဲ ရောင်းချရန် သံန္နိဋ္ဌာန် ချထားပါသည်။


ဟွန်ဒါက  ဩဂုတ်လတွင် တစ်ကမ္ဘာလုံး ထုတ်လုပ်မှုသည် ကားအစီးရေ ၃၃၈,၄၃၄ စီးရှိကာ ယမန်နှစ် အလားတူကာလထက် ၂ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ပြောကြားခဲ့သည်။  မြောက်အမေရိကတွင် ထုတ်လုပ်မှု ၂၂ ရာခိုင်နှုန်း တိုးလာသော်လည်း တရုတ်နိုင်ငံတွင် ၃၀ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

နီဆန်း၏ ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်မှုသည် ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အစီးရေ ၂၇၉၂၃၇ စီးရှိခဲ့သည်။ တရုတ်နိုင်ငံတွင် ၄၃ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ တစ်ကမ္ဘာလုံးရောင်းအား ၁% မြင့်တက်လာပြီး ကားအစီးရေ ၂၅၈,၃၇၁ စီး ရောင်းချခဲ့သည်။

Mitsubishi Motors သည် တရုတ်နိုင်ငံတွင် ကားထုတ်လုပ်မှု ရပ်ဆိုင်းကြောင်း Automobile Guide တွင် တင်ပြခဲ့ပြီး ဖြစ်ပါသည်။
ဩဂုတ်လတွင် တရုတ်ပြည်မှာ ၂၄၉ စီးမျှသာ ရောင်းချနိုင်ခဲ့ပါသည်။ ဂျပန်နိုင်ငံတွင် ရောင်းအား ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အစီးရေ ၇,၄၁၂ စီး ရောင်းချခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်မှုသည် ၁၁% ကျဆင်းသွားခဲ့ပြီး ၇၄,၂၂၅ စီး ထုတ်လုပ်ခဲ့ပါသည်။
Source japantimes 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 1009 times