Toyota Yaris ကားအမျိုးအစားသည် car complaints.com ၏ အဆိုအရ ၂၀၀၇ မိုဒယ်သည် ကွန်ပလိန်းအများဆုံးဖြစ်ပြီး အဲကွန်းစနစ်မှ ချို့ယွင်းခြင်းများပါသည်။
၁။ အဲကွန်းပြဿနာ
Toyota Yaris ၂၀၀၇ မိုဒယ်ကို မိုင် ၄၀၀၀၀ ကျော် မောင်းနှင်ပြီးသည့်အခါ အဲကွန်းမှ အနံ့ဆိုးများထွက်ခြင်း၊ ရေယိုစိမ့်သည့်ပြဿနာများ အဖြစ်များပါသည်။
အဲကွန်းအတွင်းပိုင်းကို စစ်ဆေးပြီး သန့်စင်ရန် လိုအပ်နေသည့်အပြင် ပိုက်လိုင်းများကို စစ်ဆေးပြီး လိုအပ်လျှင် အသစ်လဲလှယ်ရပါမည်။
၂။ ကိုယ်ထည်ဆေးအရောင်ပြဿနာ
Toyota Yaris ၂၀၀၇ မိုဒယ်ကို မိုင် တစ်သိန်းဝန်းကျင် မောင်းနှင်ပြီးသည့်အခါ ကားအမိုးပေါ်က ဆေးရောင်များ မှေးမှိန်လာခြင်း သို့မဟုတ် ဘေးဘက်ကားကိုယ်ထည်ပေါ်တွင် အစက်အပြောက်မာျး ဖြစ်လာတက်ခြင်းဖြစ်ပါသည်။
၃။ အင်ဂျင်ပြဿနာ
၂၀၀၇ မိုဒယ် Toyota Yaris ကို မိုင် ၅၀၀၀၀ ကျော် မောင်းနှင်ပြီးသည့်အခါ အင်ဂျင်ချက်မီး (check engine light) လင်းလာတက်ပါသည်။
အင်ဂျင်ချက်မီးလင်းခြင်းသည် အင်ဂျင်အစိတ်အပိုင်းတစ်ခု ချို့ယွင်းခြင်းဖြစ်ပြီး ကွန်ပျူတာထိုးစစ်ဆေးရမည်ဖြစ်ပါသည်။
ကုတ်နံပါတ်အရ ချို့ယွင်းချက်ရှိသော အစိတ်အပိုင်းကို သိရှိပြီး ပြုပြင်ခြင်း သို့မဟုတ် အသစ်လဲလှယ်ခြင်း ပြုလုပ်ရပါမည်။
၄။ အင်ဂျင်မှ ဆူညံသံများ ထွက်ခြင်း
၂၀၀၇ မိုဒယ် Toyota Yaris ကို မိုင် ၁၅၀၀၀ ကျော်မောင်းနှင်ပြီးသည့်အခါ အင်ဂျင်မှ ဆူညံသံမာျး ထွက်လာတက်ပါသည်။
ထိုအသံသည် တစ်နာရီ ၂၅ မိုင်နှုန်းအထက် မောင်းနှင်သည့်အခါ အဖြစ်မာျးပါသည်။
၅။ ဘရိတ်စနစ် ချို့ယွင်းခြင်း
၂၀၁၁ မိုဒယ် Toyota Yaris ကို မိုင်တစ်သိန်းကျော် မောင်းနှင်ပြီးသည့်အခါ ယာဉ်ကိုမောင်းနျင်နေရင်းနှင့် ဘရိတ်ကို ဖိနင်းလိုက်သည့်အခါ ရပ်တန့်၍ မရသည့် ဘရိတ်စနစ် ပြဿနာဖြစ်လာပါသည်။
မြန်နှုန်းမြင့်မောင်းနှင်သည့်အခါ အလွန်အန္တရာယ်များသည့် ပြဿနာဖြစ်သဖြင့် အမြန်ဆုံး ဘရိတ်စနစ်ကို စစ်ဆေးပြုပြင်ရပါမည်။
၆။ Cruise Control ချို့ယွင်းလာခြင်း
၂၀၀၇ မိုဒယ် Toyota Yaris ကို မိုင် ၁၅၀၀၀၀ မောင်းနှင်ပြီးသည့်အခါ Cruise Control System ချို့ယွင်းတက်လာပါသည်။
Cruise Control System စနစ်ခလုတ်ကို ဖွင့်လိုက်သော်လည်း ထိုစနစ်က အလုပ်မလုပ်တော့ခြင်းဖြစ်ပါသည်။
ထိုစနစ်ချို့ယွင်းသည့်အတွက် မည်သည့် ထိန်းချုပ်မှုမှ ရှိမနေဘဲ ပုံမှန်မောင်းနှင်နိုင်ပါသည်။
၇။ Air bag မပွင့်ခြင်း
၂၀၀၇ မိုဒယ် Toyota Yaris သည် မိုင် ၈၀၀၀၀ ကျော် မောင်းနှင်ပြီးသည့်အခါ အုတ်နံရံတစ်ခုကို ဝင်တိုက်မိသည့်အခါ Air bag မပွင့်သည့် ပြဿနာရှိခဲ့ဖူးပါသည်။
ထိုကြောင့် Air bag စနစ်က ပုံမှန်အလုပ်လုပ်နိုင်ရဲ့လားဆိုသည်ကို မကြာခဏ စစ်ဆေးသင့်ပါသည်။
၈။ Speed Control ပြဿနာ
NHTSA အဖွဲ့က ၂၀၀၇ မိုဒယ် Toyota Yaris ကို Vehicle Speed Control နှင့်ပတ်သတ်ပြီး လုံခြုံစိတ်ချမှုအားနည်းသည်ဟု ကွန်ပလိန်းတက်ထားပါသည်။
NHTSA သည် အမေရိကန်၏ အစိုးရမဟုတ်သောအဖွဲအစည်းဖြစ်ပြီး ယာဉ်များ၏ လုံခြုံစိတ်ချရမှုကို အမြဲစစ်ဆေးတိုင်းတာပေးသည့် အဖွဲ့ဖြစ်ပါသည်။